အခုအချိန်ထိ အိပ်မောကျနေသော ကောင်လေး၏ ဆံပင်လေးများအား
သူခပ်ဖွဖွ ပွတ်သပ်နေမိသည်..။
နှာခေါင်းထိပ်မှ မှဲ့ကလေးအားလည်း အကြမ်းပတမ်းထိလိုက်လျှင်
ကောင်လေးနိုးသွားမည်စိုးသဖြင့် မထိတထိလေး တို့ထိနေမိသည်..။ခပ်လှမ်းလှမ်းမှ ပြက္ခဒိန်ကို
လှမ်းကြည့်ရင်း
ခွဲရတော့မည်ဆိုသော အသိဖြင့်
လှိုက်တက်လာသော ဆို့နင့်မှုကြီးကို ဘယ်အရာနှင့် ချေဖျက်လို့
ချေဖျက်ရမယ်မှန်းမသိ..။
စိတ်သက်သာသွားစေရန်
လုပ်နေကြအပြုအမူအတိုင်း
ဆေးလိပ်သောက်မည်ကြံသည့်အခါ ဘူးထဲမှ ဆေးလိပ်ကို
ဆွဲထုတ်သည်ကအစ ကတုန်ကယင်..။''shitt''
အားမလိုအားမရ ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲမိရင်း ဆေးလိပ်နံ့မခံနိုင်သည့် ကောင်လေးအတွက် ဝရံတာဆီသို့သာ ထွက်သောက်မိသည်..။
အဲ့ဒီကောင်လေးက တကယ့်ကိုအရူး..။ဆေးလိပ်နံ့မခံနိုင်ဘဲနဲ့
မသောက်ပါနဲ့လို့ဘယ်တော့မှမတား။အဲ့ဒါအပြင် တစ်ခါတစ်လေ စိတ်ရူးပေါက်ပြီးပြောတတ်သေးသည်..။''jungkookလို ဆေးလိပ်ကို
စတိုင်ကျကျသောက်တတ်တဲ့လူ တစ်ခါမှ မတွေ့ဖူးဘူး..''တဲ့။တကယ့်ကိုအရူးလေး..။
ဟိုရောက်ရင်တော့
ဆေးလိပ်မသောက်မိအောင်
နေရဦးမည်..။ဒီလိုမျိုးတွေ တွေးမိရင် လွမ်းလွန်းလို့ရူးသွားမလားပဲ..။''jungkookkkkk''
အထဲမှ ခပ်စူးစူးအော်သံကြောင့်
အလန့်တကြား ပြေးသွားမိသည်..။''ဘာဖြစ်လို့လည်း ဘေဘီ.. ဟမ်..
ဘာဖြစ်လို့လည်း..''''ဘယ်နှနာရီထိုးပြီလည်း..''
''သုံးနာရီ..''
''ဘာ..''
''ဘာဖြစ်ပြန်ပြီလည်း..''
''ညနေတောင်ရောက်နေပြီကိုး
ငါ့ကိုနိုးပါရောလား jeon jungkookရဲ့''''မနေ့ညက များသွားတယ်လေ
နားရအောင်လို့မနိုးတာ..''''ရား...
မင်းကမနက်ဖြန်ဆို သွားတော့မှာလေ ဒီနေ့တစ်နေ့လောက်
မင်းနဲ့အချိန်ကုန်လို့မရဘူးလား
အခုတော့ကြည့် ညနေတောင်
ရောက်နေပြီ မနက်တစ်ပိုင်းလုံး
နှမြောလိုက်တာကွာ..''

KAMU SEDANG MEMBACA
Shadow Of You ( Completed )
Fiksi Penggemar"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...