အဖေ့ဆီက ခဏခဏလာနေတဲ့ဖုန်းကို လျစ်လျူရှုပြီး ကောင်လေးအတွက်မနက်စာလုပ်ပေးမိနေသည်..။
''jungkook!!!''
''jungkook!!!''
အခန်းထဲမှ ခပ်စူးစူးခေါ်သံလေး..
''ဘာဖြစ်လို့လည်း ဘေဘီ..''
''ငါဒီနေ့ သတင်းစာရှင်းလင်းပွဲ
လုပ်မှာလို့ပြောလိုက်တယ်..''''လမ်းရောလျှောက်နိုင်ရဲ့လား..''
ကိုယ့်အစွမ်းအစကိုယ်သိတာမို့ မသိမသာမေးကြည့်မိသည်..။
''အဲ့ဒါကြောင့် ငါ့ကိုချီပြီး
ရေချိုးခန်းထဲပို့ပေးလို့!!!''နီရဲလာသောမျက်နှာလေးနှင့်
နားနှစ်ဖက်ကိုပိတ်ပြီးအော်သည်..။ရေချိုးခန်းထဲကနေ
လာသယ်ပေးသည်ကလည်း jungkookပဲ..။
suitအသစ်တို့ကို ထုတ်ပေးပြီး ဘောင်းဘီပါမကျန်
ကလေးတစ်ယောက်လိုမျိုး သေသေချာချာဝတ်ပေးသည်..။ပြီးလျှင် မီးဖိုချောင်ခန်းထဲသို့
တစ်ခါပွေ့ပြီးခေါ်သွားပြန်သည်..။''ဘာလို့အရမ်းလောနေရတာလည်း''
''ဟမ်..''
''သတင်းစာရှင်းလင်းပွဲကို
ဘာလို့အရမ်းလောနေရတာလည်း..''''ဒီတိုင်း ကုမ္ပဏီရှေ့လူတစ်ရုံးရုံးနဲ့ မျက်စိနောက်လွန်းလို့ပါ..''
ဘာမှဆက်မပြောတော့ပဲ
ကျွန်တော့်ကို
စူးစိုက်ကြည့်နေသည့်jungkook...။''ဘယ်မှမသွားနဲ့ဦး
ကိုယ်အဝတ်သွားလဲလိုက်ဦးမယ်..''ငြိမ်ငြိမ်လေးထိုင်စောင့်နေမိသည်..။
ခဏအကြာ ကျွန်တော့်အနားသို့ရောက်လာသည့်jungkookက
suitအပြည့်နှင့်
လူကြီးလူကောင်းဆန်ဆန်..။
အိမ်မှာတွေ့နေကျပုံစံနှင့်မတူပဲ
ကွဲပြားနေသည့်အတွက်
ကြည့်ကောင်းလွန်းလို့
ကိုယ့်ကိုယ်ကိုဂုဏ်ယူမဆုံး..။'ဒီလူကြီးက ငါ့အပိုင်ပါလား'ဆိုပြီး။
''သရေတွေကျနေဦးမယ်..''
ဘုကလန့်ထွက်လာသောသူ့အသံ..။
''suitအပြည့်နဲ့ဘယ်သွားမလို့လည်း''
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...