"လမ်းခွဲမယ် Jungkook''
"ငါ့ကိုမယုံကြည်ပေးနိုင်တဲ့လူကို ငါမချစ်ချင်တော့ဘူး ။ အနည်းဆုံးတော့မင်းကအရင်လူတွေနဲ့မတူဘူးလို့
ထင်ခဲ့တာ ဒါပေမဲ့''Jungkook ထိုစကားများကိုကြားသည်နှင့် စုပ်တစ်ချက်သပ်ပြီး Taehyungကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"သေတောင်လမ်းမခွဲပေးဘူး ။ ကိုယ်က မင်းလို မာနခဲလေးကို ခက်ခက်ခဲခဲရအောင်ယူထားရတာ ဒီလိုမျိုး လွယ်လွယ် လမ်းခွဲပေးဖို့မဟုတ်ဘူး။
အမှားတွေကိုမင်းလုပ်ပြီးတော့ ကိုယ့်ကိုလမ်းခွဲဖို့ပြောနေတာလားဟမ် အရူးလေး ။ ပြီးတော့ ကိုယ်က တခြားသူတွေလိုမဟုတ်ဘူး''သူ့ရဲ့ပုံစံနှင့်မတူ ကွဲထွက်နေပြီး ရင်ခွင်ထဲမှ ခေါင်းလုံးလုံးလေးအား စကားပြောနေရင်း အကြိမ်ပေါင်းများစွာ မွှေးရှူနေသည့် Jungkookပုံက Taehyungကို အဆုံးရှုံးမခံနိုင်သည်မှာ သိသာလှသည်။
သန်မာသော လက်မောင်းများထဲ၌ တင်းကျပ်စွာဖက်ထားခံရသော Taehyung မှာလည်း Jungkook၏ ဆောက်တည်ရာမရသော အသံအနေအထားကြောင့် ဒေါသများကိုဖြည်းဖြည်းချင်း လျော့ချလိုက်သည်။
"ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်''
Taehyungဆီမှဘာစကားမျှထွက်မလာ။
ကားပေါ်ရောက်သည်အထိ စကားမပြောဘဲတစ်ဖက်သို့ လှည့်ထားသော Taehyung၏လက်ကို ဆွဲကိုင်ပြီး Jungkook နမ်းလိုက်သည်။
"ခုန ဟိုမိန်းကလေးနဲ့ကိစ္စ
တောင်းပန်ပါတယ်''"တောင်းပန်တာမျိုးက မင်းရဲ့စတိုင်မဟုတ်ဘူး Jungkook ။ မတောင်းပန်နဲ့ နောက်တစ်ခါ ဒီလိုမျိုးထပ်ဖြစ်ရင် ငါမင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မှာ''
"အခုက သဝန်တိုနေတာလား''
"သဝန်တိုစရာလား ''
Jungkookကတော့ Taehyung မျက်နှာကိုကြည့်ပြီး ခပ်ရေးရေးပြုံးသည်။
အိမ်ရှေ့သို့ရောက်သည်နှင့်
ဆင်းမည်ကြံသည့်အခါ လက်ကို
ထပ်မံဆွဲယူပြီးနမ်းသည်။"ကိုယ်ဒီကိစ္စကို ဒီတိုင်းမထားဘူး ရအောင်စုံစမ်းမှာ ပြီးတော့ ဘေဘီ
အဲ့နေ့က ကိုယ့်ကိုလိမ်တဲ့အတွက် ကိုယ်တို့နှစ်ပတ်လောက် အဆက်အသွယ် မလုပ်ပဲနေရအောင်''
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...