ep(11)

44.6K 3.3K 575
                                    

တိတ်ဆိတ်နေသော ဆိုင်လေးတစ်ခု၌ စကားလက်ဆုံကျနေသောလူနှစ်ဦးမှာ မင်ဂိုယောင်းနှင့်လီယောင်းဂျယ်ပင်။
သူတို့နှစ်ဦးမှာ ရည်ရွယ်ချက်ချင်းတူ၍ ပူးပေါင်းလိုက်ခြင်းပင်။

''အခုနေ သူတို့
ရန်ဖြစ်နေလောက်ပြီလို့ထင်လား''

လီယောင်းဂျယ်က စကားစသည်။

''သေချာပေါက်ဖြစ်နေရောပေါ့ ။ ငါKim Taehyung အကြောင်း
ကောင်းကောင်းသိတယ်''

"ရှင့်ကိုယုံရမယ်ထင်လို့ ပူးပေါင်းတာနော် ။ သစ္စာဖောက်ဖို့မစဥ်းစားပါနဲ့''

"ဟက်...အဲ့တာမင်းကိုပြောရမှာ''

"ပြောစရာမရှိရင်သွားတော့မယ် အခြေအနေထူးရင်ဖုန်းဆက်လိုက်''

မင်ဂိုယောင်းမှာမူဘာမှမပြောဘဲ တံခါးဆီသို့ထွက်​သွားသည့်
လီယောင်းဂျယ်၏တင်ပါးများသို့သာ
အကြည့်ရောက်နေတော့သည်။

======

Taehyungနိုးလာသောအခါ အသက်ရှုကျပ်သလိုခံစားနေရ၍ ဘေးသို့ကြည့်လိုက်မိသည်။ Jungkookက သူ့လက်မောင်းကြီးများဖြင့်တင်းတင်းကျပ်ကျပ်ဖက်ထားလို့ကို ။

Taehyung ရေးရေးလေးပြုံးမိသည်။မနက်ခင်းလင်းလာတိုင်း Jungkookက​ ရှိမနေတာများသည်လေ။ အခုလိုမျိုးဘေးနားတွင် အပူအပင်မရှိ အိပ်ပျော်နေသည်ကိုတွေ့ရ၍ Taehyung ရင်ထဲ၌ အတိုင်းမသိဝမ်းသာမိသည်။

-မျက်လုံးဖွင့်ဖွင့်ချင်း
ကိုယ်ချစ်သောသူကိုမြင်ချင်သည်မှာအချစ်မည်၏-

သူ့နှာခေါင်းလေးကို လက်ညိုးဖြင့် ထိကြည့်နေတုန်း နိုးလာသည့်အတွက် Taehyungမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

"ဘေဘီနိုးနေတာလား...''

"အင်း..''

ဘာမှမပြောဘဲ နှုတ်ခမ်းကို
ဖြတ်ခနဲနမ်းသည့်အတွက်..

"ရား! Jeon Jungkook
ငါမျက်နှာမသစ်ရသေးဘူး''

Taehyung အပြောကိုသူကရီသည်။

"ငါ့ပြောတဲ့အထဲမှာ
ရီစရာပါလား...အွတ်''

နူးနူးညံ့ညံ့နမ်းနေသော
သူ့ရဲ့morning kissကို Taehyung
မက်မက်မောမော တုံ့ပြန်မိသည်။

Shadow Of You ( Completed )Where stories live. Discover now