ep(25)

35.2K 2.6K 139
                                    


''espresso တစ်ခွက်တဲ့''

တစ်ချက်မှအမှားအယွင်းမရှိ
သေ​​သေသပ်သပ်ဖျော်နေသော အကြောစိမ်းများထင်းနေသည့် လက်ဖျံရိုးပိုင်ရှင်မှာ ဘယ်လောက်တော်ကြောင်း သိသာလှသည်..။

မှာသမျှတိုင်းကိုလည်း
မြန်သည်လည်းမဟုတ်
နှေးသည်လည်းမဟုတ်ဘဲ
ပုံမှန်အတိုင်း စနစ်တကျ
ဖျော်သွားသည်မှာ အပြစ်ပြောဖွယ်မရှိ။

ဝတ်ထားတဲ့ ရှပ်အဖြူက
နေပျောက်ထိုးလိုက်လျှင် အထဲရှိ ကြွက်သားတစ်စွန်းတစ်စကို
မြင်ရနေသလိုလို..။

''jungkook''

''ဟင်..''

''ဖျော်ပေးရတာ အဆင်ပြေရဲ့လား''

''ပြေတာပေါ့ ဒါက
ကိုယ်အကျွမ်းဆုံးပဲ မဟုတ်ဘူးလား''

ကျွန်တော့်ဘက်ကို
သူလှည့်မကြည့်ပေမဲ့
ပြုံးနေမှာ သေချာပါသည်..။

ကျွန်တော့်ရဲ့ တောင်းဆိုချက်က သူ့ရဲ့ ဘယ်တော့မှမဖွင့်တဲ့ကော်ဖီဆိုင်မှာ
လူတွေအများကြီးကို
သူ့ကော်ဖီလက်ရာကို
မြည်းစမ်းစေချင်တဲ့ စိတ်ကူးပါ..။

အဲ့ဒီအတွက်..
ကော်ဖီဆိုင်ကိုနေ့တစ်ပိုင်းဖွင့်ပေးရမှာ ပြီးတော့သူကိုယ်တိုင်ဖျော်ပေးရမှာ..။

ကျွန်တော်ကတော့
သူကော်ဖီဖျော်နေတဲ့နေရာရဲ့
ချောင်ကျကျနေရာမှာ သူလုပ်သမျှ အမူအရာတိုင်းကို ငေးကြည့်နေရင်း အလွတ်ကျက်နေရုံ...။

''ဆရာ Americanoတစ်ခွက်တဲ့..''

ကော်ဖီနံ့တသင်းသင်းပျံ့နေတဲ့
အခန်းလေးကို ဝေ့ဝိုက်ကြည့်မိသည်...။

katy perry ရဲ့
the one that got awayဆိုတဲ့
သီချင်းလေးကလည်း
ဆွေးဆွေးမြည့်မြည့် ပျံလွင့်နေဆဲ...။

သီချင်းဖွင့်ဖို့က jimin hyungရဲ့အကြံပါ
ကော်ဖီဆိုင်ဆိုတာ
ခံစားချက်ကိုယ်စီနှင့်
ရောက်လာတဲ့သူတွေမို့
သူတို့ကို ကုစားပေးဖို့
coffeeရယ်..soft musicလေးရယ်ပဲ
လိုတာတဲ့..။

ဆိုင်ရဲ့ ထောင့်ကျကျနေရာမှာ
jin hyungတို့အတွဲနဲ့
yoongi hyungတို့အတွဲကတော့
ရယ်ရယ်မောမောနှင့်
အဆင်ပြေနေလေရဲ့..။
သူတို့ဘာအကြောင်းကို
သဘောကျနေမှန်းမသိပေမဲ့
သူတို့ပြုံးနေတာမြင်တော့
ကျွန်တော်ပါ အလိုလိုပြုံးမိတယ်..။

Shadow Of You ( Completed )Donde viven las historias. Descúbrelo ahora