ep(1)

167K 5.8K 843
                                    

Unicode#

တစ်နေ့တစ်နေ့ မပြီးစီးနိုင်သောအလုပ်ကြောင့်လူကနုံးချိချိ။ အစည်းအဝေးပြီးသည့်အခါ ဟန်မဆောင်နိုင်လောက်အောင် ခုံပေါ်ကိုပစ်လှဲမိသည်။

ထိုအခါ မျက်စိရှေ့မှ သဘာဝတရားကြီး၏မြင်ကွင်းကို တွေ့သည့်အခါစိတ်ရှုပ်စရာများ လျော့ကျသွားသယောင်။ မျက်စိရှေ့တွင် မြင်နေရသော တိုက်များကို တွေ့သည့်အခါ မိမိအပိုင်ဆိုသည့်အသိနှင့် ဟက်ခနဲရယ်မိသည်။

"မင်းက အဲ့လောက်တောင် တော်ပါလား Kim Taehyung''

"Boss KB ကုမ္ပဏီက ဖုန်းဆက်လာတယ် ။ ကျွန်တော်တို့ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်လို့ရမလားတဲ့''

KBကုမ္ပဏီဆိုတာက သြော်
ceoချောချောလေးရှိတာပဲ..

"အိုခေလေ သူတို့ceoနဲ့နောက်အပတ်ကျ တွေ့မယ်လို့ ပြောလိုက်ပါ''

"ဟုတ်ကဲ့ပါ''

"အခုတော့ငါရုံးဆင်းပြီ''

သူရုံးဆင်းလာတဲ့ လမ်းတစ်လျှောက်လုံး ဝန်ထမ်းတွေအားလုံးက ခေါင်းငုံ့နေလျက်သား။ အဲ့လိုမှမလုပ်ရင်လည်း Kim Taehyung အကြောင်းသိသွားမှာ မဟုတ်ပါလား ။

"ကားအဆင်သင့်ဖြစ်ပြီလား''

"ဟုတ်ကဲ့ဖြစ်ပါပြီ''

ကားမောင်းနေရင်း တချက်ချက် ထိုးကိုက်လာသောခေါင်းကြောင့် စိတ်အာရုံနောက်ရသည်။

"ကျစ်..ဒီခေါင်းတော့''

"ဒုန်း!!''

နောက်ကကားမှဝင်စောင့်သည့်အတွက် အလျင်အမြန်ပင်လက်ကိုင်ကိုထိန်းလိုက်ကာဘေးသို့ရပ်လိုက်ရသည် ။ ရန်ဖြစ်သင့်တယ်လေ ဒါကြီးကတမင်လုပ်တာပဲကို ။

"ထွက်ခဲ့စမ်း! ကားကိုမဆင်မခြင် မောင်းတဲ့ကောင်!''

ထို့အခါ ကားထဲမှထွက်လာသောလူကြောင့် လူကမှင်သက်သွားသည် ။ ဘောင်းဘီဒူးပြဲ အပေါ်ဂျာကင်နှင့် ခပ်မိုက်မိုက်သူ့ပုံက ဆွဲဆောင်မှုအပြည့် ။
ယောကျ်ားလေးတစ်ယောက်က ဒီလောက်ကြည့်ကောင်းတာရှိလို့လား။

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်အမှားပါ''

Waittt သူကအခု ကိုယ်လို့ သုံးနှုန်းလိုက်တာလား!

Shadow Of You ( Completed )Wo Geschichten leben. Entdecke jetzt