ep(19)

35.1K 2.8K 164
                                    

နောက်ကျိကျိခေါင်းကြောင့်
နိုးလာသည့်အခါ တန်းတန်းမတ်မတ်သွားမိသည်က မီးဖိုချောင်ဆီ..။
ရေခဲသေတ္တာထဲမှ ရေအေးတစ်ဗူးကိုဆွဲထုတ်ကာ မော့လိုက်ကာမှ ခေါင်းကနည်းနည်းအဆင်ပြေသွားသလို..။

''အမေ့!!!''

အိပ်ခန်းထဲသို့ဝင်လာသည့်အခါ
အပေါ်ပိုင်းဗလာနှင့်
ပြတင်းပေါက်ကိုငေးနေသည့်
ကျောပြင်ကျယ်ကြီးကြောင့်
အလန့်တကြားထအော်မိသည်..။

''ရားး မင်းဘယ်ချိန်ကတည်းက
ငါ့အခန်းထဲရောက်နေတာလည်း''

''မနေ့ညကတည်းက..''

အနောက်သို့လှည့်မကြည့်ဘဲဖြေသည်။

''ဟုတ်လား..''

''အင်း..''

မိမိနှင့်မျက်နှာချင်းဆိုင်သို့ တဖြည်းဖြည်းလှည့်လာကာ
ပါးစောင်ကိုလျှာဖြင့်ထိုးရင်း
ဘာစကားမှမဆိုဘဲ
စိုက်ကြည့်နေလေသည်..။

''jungkook ဘာလို့
ငါ့ကိုကြည့်နေတာလည်း''

''မနေ့က ဟိုတစ်ယောက်နဲ့
ဘာကိစ္စတွဲကရတာလည်း..''

''ဟိုလူတွေကို အတင်းအော်နေကြလို့ ပြီးတော့ငါလည်း စိတ်ရှုပ်လာတာနဲ့-''

''စိတ်ရှုပ်လာတာနဲ့..''

စကားကို ခပ်ရွဲ့ရွဲ့သံယောင်လိုက်သည်။

''ပြီးပြီးရောကွာဆိုတဲ့ သဘောမျိုးနဲ့
တွဲကပေးလိုက်တာ ငါ့ဘေးနားမှာ နားပူနားဆာလုပ်ပြီး
စိတ်ရှုပ်တာကိုမခံချင်လို့..''

''....''

''ပြီးတော့မင်းမသိလောက်ဘူးထင်လို့''

''အဟက်... ကိုယ်မသိလောက်ဘူး
ထင်လို့ဟုတ်လား..။ မေ့နေတာလား
ကိုယ်ကဘေဘီ့ရဲ့အရိပ်လေ အနောက်ကနေထပ်ကြပ်မကွာ
လိုက်နေတဲ့အတွက် အကုန်သိတယ်''

မနက်စောစောရန်မဖြစ်ချင်သည်ရော၊
ထူးထူးခြားခြားစိတ်ကြည်နေသည်အတွက်ရောကြောင့် jungkookစိတ်ဆိုးပြေစေရန် သူ့ပုခုံးကိုပုတ်ပေးမည်ဟု လက်လှမ်းသည့်အခါ ပုတ်ထုတ်ခံလိုက်ရသော ကျွန်တော့်လက်တစ်စုံ....။

လျစ်လျူရှုခံလိုက်ရတာလား...။

ဘယ်လောက်ပဲမာနရှိနေရှိနေ
ဒီလိုအပြုအမူကိုတော့
ဝမ်းနည်းသည်..။

Shadow Of You ( Completed )Where stories live. Discover now