ဖုန်းဆက်တိုက်ခေါ်နေသော်လည်း
လုံးဝမကိုင်သော Taehyungကို Jungkook တော်တော်လေး စိတ်ပူနေပြီဖြစ်သည်။ပို့ထားသည့် မက်ဆေ့ချ်ရေအတွက်မှာလည်း မနည်းမနော။ ဒါကို အခုထိ မာနခဲလေးက အဖက်ပင်မလုပ်။
''ကျစ်...စိတ်ပူလို့သေတော့မယ်''
အိမ်သို့သွားသည့်အခါလည်း တံခါးဖွင့်မပေး။ အရင်တစ်ခါလို သစ်ပင်ကနေတက်မည်ကြံသည့်အခါ ထိုသစ်ပင်မှတစ်ဆင့်အိမ်ထဲသို့ ဝင်လို့ရသောပြတင်းပေါက်ကို ပိတ်ထားလေသည်။
ကုမ္ပဏီသို့လိုက်သွားသည့်အခါတိုင်းလည်း လူကိုတစ်စက်မျှလှည့်မကြည့်။
လှည့်မကြည့်ရကောင်းလားဆိုပြီးပုခုံးကိုဆွဲ၍မျက်နှာချင်းဆိုင်စေသည့်အခါ
ပြန်ပြောသည်ကတစ်ခွန်းထဲ။''ငါမင်းနဲ့စကားပြောဖို့
စိတ်မပါဘူး Jungkook'' ဟူ၍သာ။Jungkook နားထင်ကို အသာဖိပြီး စဥ်းစားသည်။ မာနခဲလေးက ဟိုနေ့ကအပြန်မှာကတည်းက စကားမပြောတော့တာပဲ။
flask back#
''Jeon Jungkook မင်းနော်
ဗရုတ်သုတ်ခတွေ''''ဟ ဟ''
''ဒါနဲ့ဘေဘီတို့က နောက်နေ့မနက်မှာဘာလို့ အိမ်တန်းပြောင်းသွားတာလည်း''
ဒါကနှစ်ပေါင်းများစွာ
Jungkook မေးချင်နေသည့်မေးခွန်း။Taehyungက မျက်စိရှေ့ရှိ ဒန်းကို အကြာကြီးစိုက်ကြည့်ပြီး ဘာမှမပြောဘဲအိမ်ထဲသို့ဝင်သွားသည်။ ထိုအချိန်မှစပြီး အပြန်လမ်းတစ်လျှောက်လုံး ဘာမှမပြော ယခုအထိပင်။
အတွေးပေါင်းယောက်ယက်ခတ်စွာ
ဖြင့် Hoseokဆီ လှမ်းဖုန်းဆက်လိုက်သည်။''အေး Jung Hoseok မင်းဆီ
ဘေဘီလာသေးလား''''အခုတလောမလာဘူး။ ဘာဖြစ်လို့လည်း ။ ရန်ဖြစ်ပြန်ပြီလား''
''ဘာမှမဖြစ်ဘူး''
Jungkook ဖုန်းချသွားသည်အထိ Hoseokမှာ ဘာမှနားမလည်။
''ဒီကောင်တော့ ဘာလည်းမသိဘူး''
''Hoseok shiiဘာဖြစ်လို့လည်း''
အခုကသူနဲ့ယောင်းဂျယ် မထင်မှတ်ပဲပွဲတစ်ခုမှာဆုံလို့စကားလက်ဆုံကျနေခြင်းဖြစ်သည်။
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...