ep(23)

33.4K 2.7K 253
                                    

ညကြီးသန်းခေါင်မှာ
ထူးခြားခြားနိုးနေခဲ့တယ်..။
မီးရောင်ပျပျကြောင့် ကျွန်တော့်ကို
ဖက်ထားတဲ့ လက်မောင်းတွေမှ
တက်တူးတွေက အထင်းသား..။
အဲ့ဒီတက်တူးတွေကို ခပ်ဖွဖွလေး
ထိကြည့်နေမိရင်း မျက်ရည်တွေက
ဝဲနေမိသည်..။

#နောက်တစ်ပတ်နေရင်
ငါဒီတက်တူးတွေကို တစ်နှစ်
ကြာတဲ့အထိ ထပ်မြင်ခွင့်မရှိတော့ဘူး#

ကျတော့မည့်မျက်ရည်တွေကိုလျစ်လျူရှုချင်သည့်အနေဖြင့်
အပေါ်မျက်နှာကျက်ကိုသာ
မော့ကြည့်နေမိသည်..။

ဒီလိုလက်ခံမှုမျိူးကို အတွန့်အဆုတ်မရှိ လက်ခံခဲ့တဲ့ ကျွန်တော့်ကို ခင်ဗျားတို့ အံ့သြကောင်း အံ့သြပါလိမ့်မည်..။ဒါပေမဲ့ ကိစ္စတိုင်းက အကြောင်းရှိလို့ အကျိုးဖြစ်လာတာလေ...။

အဲ့ဒီနေ့က yoongi hyungနဲ့
အပြင်မှာတွေ့ဖြစ်ကြတယ် 'စကားပြောကြရအောင်'ဆိုပြီး တောင်းဆိုလို့..။

''taehyung မင်းသူဌေးjeonကို
ဘယ်လိုမြင်လည်း..''

''ဘယ်လိုမြင်ရမလည်း လူပေါ့
လူစိတ်မရှိတဲ့လူပေါ့..''

''hyungသိပါတယ် jungkookအဒေါ်နာရေးကို အဖေ မလာတာနဲ့
ပတ်သတ်ပြီးစိတ်ခုနေတယ်ဆိုတာကို''

''.....''

''အဖေက ချမ်းသာတော့
မိန်းမတွေအများကြီးယူတယ် တရားဝင်လည်းယူသလို ၊
တရားမဝင်ဘဲ ယူတာတွေလည်း
ရှိတယ်...။ jungkookအမေက
ကော်ဖီဆိုင်ပိုင်ရှင် အဖေက
သူစိတ်ညစ်တိုင်းအဲ့ဒီကော်ဖီဆိုင်ကို ခဏခဏသွားဖြစ်တယ်..။ အဲ့ဒီနောက် jungkookအမေကို
သတိထားမိလာခဲ့တယ်...။
တခြားမိန်းမတွေလို
အထာပေးတာလည်းမရှိ ၊
ယောကျ်ားတွေနဲ့အရောအနှော
လုပ်တာလည်းမရှိတဲ့
jungkookအမေကို
သူမြတ်နိုးလာခဲ့တယ်..။
အဲ့တာကြောင့် တရားဝင်လက်ထပ်ဖို့ jungkookအမေကို ခွင့်တောင်းခဲ့တယ် လပ်ထပ်ပြီးတော့ အဖေတော်တော်
ခြေငြိမ်သွားတယ်တဲ့ ဒါပေမဲ့
သူ့ရဲ့အရင်ကအဆက်တွေက
တစ်နည်းမဟုတ်တစ်နည်းနဲ့
လာဆက်နွှယ်နေကြတော့ jungkookအမေက
နာနာကျည်းကျည်းနဲ့ အိမ်ပေါ်က
ဆင်းသွားခဲ့တယ်..။ အဖေက အမျိုးမျိုးတောင်းပန်ပြီး လိုက်ချော့ပါသေးတယ် ဒါပေမဲ့ ဖြောင့်မတ်ပြီး မာနရှိတဲ့ jungkookအမေက လုံးဝကို
ပြန်မလိုက်တော့ဘူး..။ အဲ့ဒီတုန်းက jungkookကိုသူ့အမေက
ကိုယ်ဝန်လွယ်ထားတာ jungkookလေးမွေးတော့အဖေက အကွယ်ကနေ တကြည့်ကြည့်နဲ့
ကြိတ်ပျော်နေခဲ့တာတဲ့ jungkook12နှစ်မှာ
အန်တီဆုံးတယ်လေ အဖေကတော့
ယူကြုံးမရပဲ...။ ဘဝမှာတစ်ခါပဲ
နင့်နင့်နည်းနည်းချစ်ခဲ့တာလို့
သူပြောတယ် အဲ့ဒီနောက်အဖေက
သူစိတ်ညစ်တိုင်း မိန်းမတကာနဲ့
ပတ်အိပ်တော့တာပဲ အဲ့တာကိုသိတဲ့ jungkookက သူ့အဖေကို
အမြင်မကြည်ဘဲ ရွံလာတော့တာပဲ အဖေက သားတွေထဲမှာ jungkookကို အချစ်ဆုံး...။ဟိုတစ်နေ့ကလည်း jungkookကို ကုမ္ပဏီလွှဲပေးမယ်ဆိုပြီး ရှိသမျှသားတွေအကုန်လုံးကို
မနှောင့်ယှက်ဖို့ ဒုက္ခမပေးဖို့
မှာထားပြီးသား အဖေက ချစ်တယ် ဒါပေမဲ့ ထုတ်မပြတတ်ဘူး
အဲ့တာကြောင့် hyungက taehyungကို အဖေ့ကို အထင်မလွဲဖို့
ပြောပြချင်တာပါ...''

Shadow Of You ( Completed )Where stories live. Discover now