ep(13)

42.5K 3.1K 268
                                    

''အိမ်ပြန်လာသေးတယ်ပေါ့လေ''

ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိထားသည်အတိုင်း သူမအခန်းထဲသို့ဝင်သွားမိသည်။ ထိုစဥ် ဆောင့်ဆွဲခံလိုက်ရသော သူမဆံပင်။

''သူတို့ဘက်က လက်ထပ်ပွဲကို ငြင်းရလောက်တဲ့အထိ နင်ဘယ်လိုတောင် အ.နေခဲ့ရတာလည်း ဟမ်''

''အား အမေလွှတ်ပေး နာတယ်''

''ငါ့မှာတော့ သူဌေးJeonကို ခြူလိုက်ရတာ နင်ကတော့ဘာမှအသုံးမကျဘူး''

''အစကတည်းက
အတင်းအကျပ်မလုပ်ရင် ဒီလို
ဖြစ်လာမှာမဟုတ်ဘူးလေ''

''ငါတို့ကုမ္ပဏီကအခြေအနေကို ဘယ်ပိုက်ဆံနဲ့သွားထိန်းမှာလည်း ကောင်မရဲ့''

''သတ်ချင်လည်းသတ်လိုက်တော့
ဗီလိန်တော့ထပ်မလုပ်ချင်တော့ဘူး''

''ကျေးဇူးမသိတတ်တဲ့ကောင်မ''

အမေဖြစ်သူ၏ဆွဲရမ်းမှု၊ဆဲဆိုမှုများကိုမကြားတဲ့လူတစ်ယောက်လိုမျက်စိမှိတ်ပြီးအကုန်ခံယူနေမိသည်။

အမေနဲ့ပြဿနာက နောက်ဆုံး ပါးတစ်ချက်အရိုက်ခံလိုက်ရပြီး ပြီးဆုံးသွားသည်။တွေ့ရာသစ်ပင်အောက်မှာထိုင်ရင်း ငယ်ငယ်က အမေဖြစ်သူရဲ့ချုပ်ချယ်မှုများကို ပြန်တွေးနေမိသည်။

ငါ့မှာ ဘာတွေများအပြစ်ရှိလို့လည်း။ ငါချစ်ချင်တဲ့လူကိုလည်း ချစ်ပါရစေလား။သူများအတွဲကြားမှာ ဗီလိန် မဖြစ်ချင်တော့ဘူး။

''ဟိတ် မိန်းကလေး
ဒါကျွန်တော်ထိုင်နေကျနေရာ''

''သြော် ဒီနေ့တော့ကျွန်မထိုင်ပါရစေ''

''ရပါတယ်''

ခပ်သန့်သန့်လူကဘေးနားဝင်ထိုင်သည်။

''ဘာဖြစ်လို့လည်း''

''ရှင်''

''ဘာတွေဖြစ်ခဲ့လို့လည်း''

အခုနေတခြားသူကိုမှ ရင်မဖွင့်ရရင် ရင်ထဲမှာပိုပြီးတင်းကျပ်လာမှာကိုသူမကြောက်သည်။

''ရှင်ဗီလိန်ဖြစ်ဖူးလား''

သူကလက်ထဲကအချိုရည်ကို တစ်ကျိုက်မော့ပြီးပြောသည်။

''ဖြစ်ဖူးတာပေါ့''

''အရမ်းခံစားရဆိုးတယ်မလား''

Shadow Of You ( Completed )Where stories live. Discover now