အပိုင်း၁

10.5K 319 0
                                    

hold me close to you(z+uni)
Unicode
မနက်ခင်းအလင်းရောင်ကမှန်သားပြတင်းကိုဖြတ်သန်း၍အခန်းထဲသို့၀င်လာသည် အခန်းထဲတွင်တော့ ဂစ်တာတစ်လက် စာရေးစားပွဲခုံ ဗီဒို စာအုပ်စင် ကုတင်တစ်လုံး နှင့် ကိုယ်လုံးပေါ်မှန်တစ်ချပ် သာရှိသည် စာရေးစားပွဲခုံကိုထားရှိရာနံရံတွင်တော့ polaroid များကပ်ထားသည် အခန်းထဲရှိကုတင်ဘေးတွင်ချထားသောအံဆွဲခုံလေးပေါ်မှနှိုးစက်ကကျယ်လောင်စွာမြည်လာသည်

'တီ..တီ..တီ..တီ...'

နှိုးစက်သံနှင့်အတူ အောက်ထပ်ဆီမှမိန်းမကြီးတစ်ယောက်၏အသံကလဲထွက်ပေါ်လာသည်

'တိမ်ယံရေ...ထတော့လေကွဲ့...ကျောင်းသွားရတော့မယ်..'

ထိုစဥ်အပေါ်ထပ်အခန်းထဲရှိရေချိုးခန်းထဲမှလူငယ်လေးတစ်ယောက်ခါးတွင်တဘက်ပတ်ကာထွက်လာသည် တဘက်တထည်ဖြင့်ခေါင်းကိုသုတ်နေရင်း

'သားနိုးနေပြီဗျ..ပြင်ဆင်ပြီးတာနဲ့ သားအောက်ဆင်းခဲ့မယ်နော်...'

'အေး..အေး..သားလေး...'

ထိုအမျိုးသမီးကြီးလဲပြောစရာရှိတာပြောပြီးသည်နှင့် သူမ၏သားကျောင်းမသွားခင်စားသွားရန်မနက်စာကိုပြင်ဆင်ပေးနေသည် ကျောင်းသို့ထည့်သွားရန် ထမင်းဘူး ကိုသေချာဆေးကြောပြီး ထမင်းပေါင်းအိုးထဲမှထမင်းများခပ်ထည့်နေသည်
အပေါ်ထပ်အခန်းမှလူငယ်လေးလဲနှိုးစက်ကိုပိတ်ပြီးအ၀တ်အစားဗီဒိုကိုဖွင့်၍ ခေါက်ရိုးကျိုးအောင်မီးပူတိုက်ထားသော ကျောင်းuniformဖြစ်သည့် ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအနက်ကို၀တ်ဆင်လိုက်သည် မှန်ရှေ့တွင်ဆံပင်ကိုgelဖြင့်ပုံသွင်းရင်း ရေမွှေးအနည်းငယ်ဆွတ်လိုက်သည် နောက်ဆုံးတွင် ကျောင်းတံဆိပ်နှင့်သူ့နာမည်ပါသော
'MIS Mg Tain Yan Hlwar
G 10 '
Name tag ကိုအင်္ကျီဘယ်ဘက်ရင်ဘတ်နေရာတွင်တပ်ဆင်လိုက်သည် ကုတင်ပေါ်တင်ထားသောလွယ်အိတ်ထဲတွင်စာအုပ်များပါမပါစစ်လိုက်သည် အကုန်စိတ်ချရပြီဆိုမှ သူအောက်ထပ်သို့ဆင်းလာခဲ့သည် အောက်ထပ်မီးဖိုခန်းကိုရောက်တော့ အသင့်စောင့်နေသောသူ့အမေဖြစ်သူက

'သားဒီမှါ သားအကြိုက်မနက်စာ..ထမင်းကြော်နဲ့ကြက်သားကြော်..ဂေါ်ဖီချဥ်လေးကိုလဲသေချာလုပ်ထားပေးတယ် သြော် စားပြီးရင် သကြားလုံးငုံလိုက်ဦးနော် ဂေါ်ဖီချဥ်ထဲမှာကြက်သွန်တွေပါတော့သားပါးစပ်နံမှာစိုးလို့...'

hold me close to you(complete)Where stories live. Discover now