အပိုင်း၄

1.8K 153 0
                                    

Hold me close to you(U+Z)
'ဟိဏ်းထက်....'

ဟိဏ်းထက်ယံတစ်ယောက်သူ့နာမည်ခေါ်သံကြား၍နောက်လှည့်ကြည့်မိလိုက်သည် တိမ်ယံလွှာနေမကောင်းဖြစ်၍ကျောင်းနားရသည်မှာဒီနေ့နောက်ဆုံးနေ့ဖြစ်၍ မနက်ဖြန် တိမ်ယံလွှာနှင့်တွေ့ရမည့်အရေးကိုတွေးကာပျော်နေသော ဟိဏ်းထက်ယံ....
နောက်လှည့်ကြည့်မိတော့သင်ဇာ့ကိုတွေ့လိုက်ရသည် သင်ဇာကမျက်နှာညှိူးကာ

'ငါ...ငါနင့်ဆီကအကူအညီလေးတောင်းချင်လို့ပါ....'

'ဘာအကူအညီလဲဟ ငါကူညီပေးနိုင်တာဆိုကူညီပါ့မယ်...'

'ဟိုလေ နင့် နင့်သူငယ်ချင်းမင်းမြတ်ကငါ့ကိုအသည်းအသန်လိုက်နေတယ်ဟ မနေ့က ငါ့ကိုအတင်းနမ်းဖို့ကြိုးစားတယ် ငါ..ငါက နင့်ကလွဲပြီးတစ်ခြားသူကိုမကြိုက်နိုင်ဘူးလို့ပြောတော့ သူက အဲ့ကောင်ကနင့်ကိုပြန်ကြိုက်ရင် ငါနောက်ဆုတ်ပေးမယ်လို့ပြောတယ်ဟ...'

'ဟ မင်းမြတ်က အဲ့လိုလုပ်တယ်ဟလား..'

သင်ဇာ့ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာကာ

'အဟင့်...ငါ..ငါမလိမ်ပါဘူးဟာ...ငါ..ငါဒုက္ခရောက်နေလို့ပါဟာ...အဟင့်...ငါ့...ငါ့ရည်းစားအဖြစ်၁ပတ်လောက်ပဲဟန်...ဟန်ဆောင်ပေးပါလား..'

ဟိဏ်းထက်ယံတစ်ယောက်သင်ဇာ့စကားကြောင့် ခေါင်းကြီးသွားရသည်

'ဟာ..အဲ့လိုမရဘူးလေဟ..ပြီး..ပြီးတော့ ငါ့မှာငါချစ်ရမဲ့သူရှိတယ်...'

မျက်ရည်တွေကြားကသင်ဇာ့မျက်ဝန်းလေးတွင်စိုးရိမ်မှုအရိပ်အယောင်တွေဖြတ်ပြေးသွားသည်

'ဘယ်...ဘယ်သူလဲဟင်....'

'တိမ်..ယံ..လွှာ.. ငါသူ့ကိုအရမ်းချစ်တယ်...'

'ဒါ..ဒါပေမဲ့...'

သင်ဇာ တစ်ခဏမျှငြိမ်သွားသည် ပြီးတော့မှအသက်ပြင်းပြင်းရှုသွင်းကာ

'ရပါတယ်...ငါ..တိမ်ယံကိုကူရှင်းပြပေးမှာပါ..ဒါ့..ဒါ့ကြောင့်ငါ့ကိုကူညီပေးပါနော်...ငါတောင်းပန်ပါတယ်ဟာ...နှမသားချင်းစာနာပြီးတော့ပဲဖြစ်ဖြစ်ပါ...'

ဟိဏ်းထက်ယံ မငြင်းနိုင်တော့ သူ့တွင်ညီမမရှိသော်လဲအမေရှိသည် ထို့ကြောင့် မိန်းမသားတွေကိုစာနာပေးရန်မှာ သူ့အတွက်ခက်ခဲသည့်အရာမဟုတ်

hold me close to you(complete)Hikayelerin yaşadığı yer. Şimdi keşfedin