Hold me close to you(U+Z)
ထိုအချိန်က မှတ်မှတ်ရရ မေလင်း၏ မိဘများကွဲနေကြချိန်ဖြစ်သည်။မေလင်းသည်သူ၏ဖခင်နှင့်အတူလိုက်ကာနေရ၍ ကျောင်းပါပြောင်းလာရရှာသည်။ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်၍ သူလဲ အပေါင်းအသင်းမလိုချင်။အပေါင်းအသင်းလဲမရှာမိ။သို့သော် သူမကိုရှားရှားပါးပါးလာပေါင်းသည့်ကောင်လေး၃ယောက်ရှိသည်။
ထို၃ယောက်မှာတခြားသူများမဟုတ်၊ မင်းမြတ် ဟိဏ်းထက်ယံ နှင့် တိမ်ယံလွှာ ပင်။သူတို့ကသူမကို တခြားကောင်လေးများကဲ့သို့ သူမကို ယောကျာ်းလျာမ ဘောပြားမ စသဖြင့် မစနောက်ချေ။ ထို့အပြင် သူမကို သူတို့လိုယောကျာ်းလေးပဲဟုသတ်မှတ်ကာပြောမနာဆိုမနာနှင့်ပေါင်းသင်းရှာသည်။
ထို၃ယောက်နှင့်ရင်းနှီးလာသောအခါ သင်ဇာ ဆိုသည့်မိန်းမငယ်လေးကိုပါသိလာရသည်။သူ့ဘ၀၏အချစ်ဦး အချစ်ဆုံးဖြစ်လာသည့်မိန်းကလေးသည် သူ့သူငယ်ချင်းကိုကြိုက်နေသည်ဟူသောအသိနဲ့တင်သူနောက်ဆုတ်ခဲ့သည်။မည်သူမျှမသိခင်တပ်ဆုတ်ခဲ့ရသောသူအတွက်ကံကြမ္မာကအခွင့်အရေးတစ်ခုဖန်တီးပေးသည်။သို့သော်လဲ ထိုအခွင့်အရေးကိုဖန်တီးပေးသည့်အဖိုးအခအနေဖြင့် သူ့သူငယ်ချင်းနှစ်ယောက်အားဝေးကွာစေခဲ့သည်။
အလွန်ရက်စက်သောကံကြမ္မာဇာတ်ဆရာအားသူအပြစ်တင်မိသည်။သူ၏မိသားစုလေးကိုပျက်စီးစေခဲ့သောသင်ဇာကိုလဲသူမမုန်းမိသည်မှာမှားသည်မထင်မိ။သို့သော်လဲ....မသိစိတ်ထဲမှရော သိစိတ်ထဲမှပါ သူမ သင်ဇာ့ကိုချစ်နေခဲ့ပါသည်။သူမ ချစ်ရသောအမျိုးသမီးသည် သူမအမေမဟုတ်ပါပဲ သင်ဇာ ဆိုသောအမျိုးသမီးလေးသာ.....။
အတိတ်အတွေးစတို့ကိုရှင်းထုတ်ရင်းတံတားလက်ရန်းပေါ်မှဆင်းကာ ကားလေးပေါ်ပြန်တက်၍မောင်းထွက်ခဲ့သည်။ရှုပ်ထွေးနေသောစိတ်အစဥ်ကိုလွှင့်ချင်ရာလွှင့်စေတော့မည်။နာမ်သည်လည်းလွင့်ချင်ရာလွင့်...၊ရုပ်သည်လဲ လွှင့်ချင်ရာလွှင့်....။
Barမှအိမ်သို့ပြန်ရောက်သော်ဟိဏ်းထက်ယံတစ်ယောက်အပေါ်သို့မတက်နိုင်သေးပဲ တိမ်ယံလွှာ့ကိုပွေ့ချီရပါသေးသည်။တိမ်ယံလွှာကတော့သူ့ကိုပွေ့ချီထားသည့်အမျိုးသား၏မျက်နှာအနီးကပ်viewကိုသာငေးမောရင်း....၊
သူနှင့်မတွေ့ရသည့်နှစ်တွေအတွင်းဟိဏ်းထက်ယံပိုချောလာသည်။ပိုလဲခန့်ညားလာသည်။ကလေးဆန်ဆန်သွက်သွက်လက်လက်အသံနေရာတွင်သြရှရှနှင့်ညှို့ငင်အားကောင်းသောအသံကနေရာယူလျက်။တံတွေးမျိုချလိုက်တိုင်းလှုပ်သွားသည့်လည်စလုတ်လေးက ချွန်နေကာ ယောကျာ်းပိုပီသစေသလိုပင်...။
YOU ARE READING
hold me close to you(complete)
FantasyThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!