hold me close to you(U+Z)
မနက်စောစောခြံရှေ့ထွက်စောင့်နေမိသောဟိဏ်းထက်ယံ...
တိမ်ယံလွှာမနေ့ကအိမ်မှကောင်းကောင်းပြန်ရောက်ရဲ့လားမသိ မနေ့ကငါ့ကိုလဲဖုန်းမဆက်ဘူး သူအဆင်ရောပြေပါ့မလား အခုထိဘာလို့ရောက်မလာသေးတာတုန်းဟ...
အတွေးများစွာခေါင်းထဲရောက်လာသည် တတ်နိုင်သမျှအတွေးတွေကိုမောင်းထုတ်ရင်းသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်မိသည် ထို့နောက်ဟိဏ်းထက်ယံ တိမ်ယံလွှာ့ကိုစောင့်တိုင်းပြုလုပ်တတ်သည့်အရာတစ်ခုကိုပြုလုပ်နေတော့သည်
၁မှ၁၀၀ထိရေတွက်ခြင်းဖြစ်သည် ၁၀၀မပြည့်ခင် တိမ်ယံလွှာရောက်လာလိမ့်မည်ဟုမျှော်ရင်းသူ့ကိုယ်သူစိတ်ရှည်အောင်လုပ်လေ့ရှိသည့်အရာဖြစ်သည်...'42..43..44..45..'
'ဟေ့ကောင်...'
ခေါ်သံကြားရာလှည့်ကြည့်မိတော့ ကျောင်း၀တ်စုံဖို့ရို့ဖားယားနှင့်တိမ်ယံလွှာ..ဟိဏ်းထက်ယံနားပြေးလာပြီး ဟိဏ်းထက်ယံနားရောက်သော်
'ငါနေမကောင်းနဲနဲဖြစ်ချင်နေတာနဲ့ကြာသွားတာကွ...sorry...'
ဟိဏ်းထက်ယံ စိတ်ပူ၍ တိမ်ယံလွှာ့နဖူးကိုအသည်းအသန်စမ်းမိလိုက်သည်
အိမ်ကနေဟိဏ်းထက်ခြံသို့ပြေးလာရ၍ တိမ်ယံလွှာတော်တော်မောနေပြီ သို့သော်ခြံရှေ့တွင်တွေ့လိုက်ရသော ဟိဏ်းထက်ယံမျက်နှာလေးကြောင့် တိမ်ယံလွှာ့အမောများပြေပျောက်သွားရပြန်သည် ဟိဏ်းထက်ယံ၏စိုးရိမ်တကြီးအကြည့်များကို တိမ်ယံလွှာငေးနေမိစဥ်မှာပင် ဟိဏ်းထက်ယံ၏ လက်ဖမိုးလေးက သူ့နဖူးပေါ်ကျရောက်လာတော့ ပြောမပြတတ်အောင်ကြည်နူးမိသည်
'ဟာ ဟေ့ကောင်ရ ကိုယ်တွေပူကျစ်နေတာပဲ သွား သွား ဒီနေ့ကျောင်းမတက်နဲ့တော့ မင်းနေမကောင်းဖြစ်နေတဲ့ဟာကို ငါလဲကျောင်းမတက်တော့ဘူး...'
မည်မျှကြာအောင်ငေးမောနေမိသည်မသိ ဟိဏ်းထက်ယံစကားကြားမှသာအသိပြန်၀င်လာသည်
'ဟာ ငါစာနောက်ကျလိမ့်မယ်ကွ....'
သူကျောင်းမသွား၍မဖြစ်ပါ ဟုတ်သည် သူကျောင်းမသွား၍မဖြစ် ဒီနေ့လဲသူကျောင်းမှာ သင်ဇာ့၏လှုပ်ရှားမှုတွေကိုလိုက်ထောက်လှမ်းရဦးမည် ဟိဏ်းထက်ယံနှင့်သူမကိုနဲနဲလေးမျှမနီးစပ်စေလိုပါ ကျွန်တော်ချစ်မိသူကကျွန်တော့်ကိုပြန်ချစ်တာပဲလိုချင်သည်
YOU ARE READING
hold me close to you(complete)
FantasyThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!