Hold me close to you(Z+U)
နှိုးစက်အသံကကျယ်လောင်စွာမြည်လာသည်မို့ အိပ်ရာပေါ်မှထလိုက်သောခန့်အောင်...နာရီကိုကြည့်မိတော့ မနက်၅နာရီ...မနေ့ညတည်းကအ၀တ်အစားထုပ်ကပြင်ပြီးပြီမို့ ကျန်တာအထူးတလည်ပြင်စရာမလို ရေချိုးခန်းထဲကထွက်လာသည်နှင့် စားပွဲပေါ်မှ ကွန်ဒုံး ဘူးများကိုအိတ်ထဲထည့်ရင်းညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်
ချစ်ရသူလေးနှင့်အတူခရီးသွားရမည်မို့ပျော်မိပါရဲ့လေ....။
'ဟူးးး...'
အိပ်ရာဘေးမှနာရီကိုသင်ဇာလှမ်းကြည့်မိတော့ မနက်၅နာရီပင်ထိုးနေပြီ ဟိဏ်းထက်ယံတို့ချိန်းထားတာက ၆နာရီဆိုတော့ အချိန်အနည်းငယ်ရသေးသည်မို့ သူမရေမိုးချိုးပြင်ဆင်ကာ တိမ်ယံလွှာတို့ခြံရှေ့သို့ထွက်ခဲ့သည် တိမ်ယံလွှာခြံရှေ့ရောက်တော့ ဆရာခန့်ကားပေါ်ကိုတက်သွားသော တိမ်ယံလွှာ့ကိုတွေ့လိုက်ရ၍'တိမ်ယံ...တိမ်ယံ...နေပါဦး...'
တိမ်ယံလွှာမှာ သင်ဇာ့ခေါ်သံကိုမကြား ကားပေါ်သာတက်သွားလေသည်
'ဟာ ဒုက္ခပါပဲ...ငါ ဟိဏ်းထက်ကိုဖုန်းဆက်မှပဲ...'
သင်ဇာဟိဏ်းထက်ကိုဖုန်းလှမ်းဆက်ကာအကြောင်းကြားလိုက်ရာဟိဏ်းထက်ယံက
'ငါ..ငါမယုံပါဘူး..နင်..နင်ငါ့ကိုလာစနေတာ..မစကောင်းဘူးလေဟ...'
ဟုပြောကာဖုန်းချသွားလေသည် ထိုအချိန်တွင်ကားပေါ်မှာတော့
'တိမ်ယံ..ရေသောက်ဦးမလား...'
'ဟုတ်..သောက်မယ်..'
'အာ..shit!'
ရေဘူးလှမ်းယူရင်းနှင့်လက်ချော်ကာရေဘူးက တိမ်ယံလွှာ့ဖုန်းပေါ်ကျသွားသည် ရေဘူးမှာဖန်ဘူးလေးဖြစ်သောကြောင့် တိမ်ယံလွှာ့ဖုန်းမှန်ကွဲသွားလေသည်
'ဟာ ဒုက္ခပဲ အောက်ကမှန်ပါထိသွားပြီလားမသိဘူး...ph powerဖွင့်လို့မရတော့ဘူး..'
'ဟမ် ရရဲ့လား...'
'ပျက်ပြီထင်ပါရဲ့..အရင်လကမှ၀ယ်ထားတာလေးကို..'
'ထားလိုက်ပါ ကိုယ်၀ယ်ပေးမယ်လေနော်..'
တိမ်ယံလွှာမှာမှန်ကွဲနေသောဖုန်းကိုကြည့်ရင်းသက်ပြင်းချမိတော့သည်
ဟိဏ်းထက်ယံ တံတားပေါ်တွင် တိမ်ယံလွှာ့ကိုစောင့်နေမိသည် messageတွေလဲတစ်စောင်ပြီးတစ်စောင်ပို့နေမိသည် နေ့လည်ပင်ရောက်နေပြီ တိမ်ယံလွှာ့အရိပ်အယောင်ကိုမတွေ့ရ သို့သော်လဲ သူအားမလျော့...
ဟိဏ်းထက်ယံ ဗိုက်တွေဆာနေပြီ အချိန်ကနေ့လည်၁နာရီပင်ရှိနေပြီ သို့သော် တိမ်ယံလွှာမရောက်သေး.. သူအားမလျှော့ပဲရူးမိုက်စွာစောင့်နေမိသည်
ညနေပင်စောင်း၍ ညမိုးချုပ်စပ်ပင်ရောက်လာပြီ လူသွားလူလာမရှိတော့သောတံတားလက်ရန်းပေါ်တွင်ထိုင်ကာ သူ့ဘ၀၏အချစ်ရဆုံးလူသားကိုစောင့်စားနေသောကောင်လေးတစ်ယောက်...
မိုးတွေကတဖြည်းဖြည်းရွာချလာသည် ကောင်းကင်နေရာအနှံ့အပြားညိုမည်းကာ မိုးရေမိုးပေါက်တွေကျလာချိန်ကတော့ညရောက်နေပြီလေ...
မိုးရေများကပါးပြင်ထက်မှမျက်ရည်များနှင့်ရောထွေးသွားသည် လေဟာနယ်ထဲတွင်တွဲလောင်းကျနေသောခြေတစ်စုံ၏အောက်တွင်တော့ မြစ်ပြင်ကျယ်ကြီး..ဤမြစ်ပြင်ကျယ်ထဲမှာ အကြင်လူသား၏ အပူသောကများ ပျောက်ကင်းနိုင်ပါ့မည်လား...
ကောင်းကင်ထက်ကိုအဓိပ္ပါယ်မဲ့မော်ကြည့်နေရာမှခေါင်းကိုအောက်ပြန်ငုံ့ချလိုက်တော့ မျက်ရည်ပူစည်းကြောင်းကကျဆင်းသွားသည် နာရီကိုကြည့်မိတော့ ၁၁နာရီ၅၈မိနစ်တဲ့လေ...။
ВЫ ЧИТАЕТЕ
hold me close to you(complete)
ФэнтезиThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!