Hold Me Close To You(U+Z)
မဟော်တစ်ယောက်မနက်ကမင်းမြတ်ကိုမချော့လိုက်နိုင်ခြင်းအတွက်စိတ်ထဲမကျေနပ်။တောက်ခေါက်သည်ဆိုသည်မှာလဲ ကလေးငယ်ကိုစိတ်ဆိုး၍မဟုတ်။ကလေးငယ်ကိုနာကျင်အောင်လုပ်မိသောမိမိကိုယ်ကိုစိတ်ဆိုးမိ၍သာ။မဟော်လဲစိတ်ညစ်ညစ်ရှိလှသည်မို့ မင်းမြတ်သူငယ်ချင်းမေလင်းဆိုသူလေးဖွင့်ထားသည့်Barဆီလှမ်းလာခဲ့မိသည်။
လေးပင်နေသောခြေလှမ်းနှင့်ထိုင်းမှိုင်းနေသောစိတ်တို့သည် Bar ထဲရှိ မြင်ကွင်းတစ်ခုအားတွေ့လိုက်ရချိန်တွင် ယမ်းပုံမီးကျသလိုဒေါသတွေထွက်လာရသည်။မင်းမြတ်ကိုမိန်းမတစ်ယောက်ကနမ်းနေသည့်မြင်ကွင်း။အခြေအနေကိုကြည့်သည်နှင့်မင်းမြတ်ကအလိုမတူဖြစ်နေကြောင်းသိသာသည်မို့ မဟော် ထိုမိန်းမကိုဆောင့်တွန်းလိုက်မိသည်။
မြန်ဆန်သောအဖြစ်အပျက်များနှင့်အတူ သူ့ကိုအံ့သြတကြီးမော့ကြည့်လာသောပေါက်စလေးကိုရင်ခွင်ထဲထိုးထည့်ရင်း ဖင်ထိုင်ရက်လဲကျနေသည့်ထိုမိန်းမမျက်နှာကိုစေ့စေ့ကြည့်ကာ'ဒီမှါ...ငါ့ကလေးကို ငါကလွဲလို့ တခြားဘယ်သူမှထိတာမကြိုက်ဘူး..ဟာကွာ ထိတာအသာထား မျက်လုံးနဲ့ဝေ့ကြည့်ရင်တောင် အဲ့မျက်လုံးတွေကိုဖောက်ပစ်ဖို့၀န်မလေးဘူး မင်းမှတ်ထားဖို့က ဒီကမ္ဘာမှာ လာမထိသင့်တဲ့အရာတွေထဲမှာ ငါ့ကလေးကထိပ်ဆုံးကပဲ...'(A/N ကြားကြတယ်နော်😝)
ထိုမိန်းမမှာတော့မူးနေ၍ဘာမှမပြောနိုင်။မေလင်းက လက်ယပ်ပြလိုက်ကာအနားရှိ၀န်ထမ်းများကိုသူမကိုခေါ်သွားစေလိုက်သည်။သူမအနားမှာမရှိတော့မှ မင်းမြတ်သည် မဟော့်ရင်ခွင်ထဲမှရုန်းထွက်ကာ
'ဘယ်သူက ခင်ဗျားကလေးလဲ...ကျွန်တော် အသက်၂၀ကျော်နေပြီဗျ...'
'ကလေးရယ် ကလေးစိတ်ဆိုးနေတာတော့သိပါတယ် ဒါပေမဲ့ အဲ့လိုမျိုးတွေ့ကရာမိန်းမတွေနဲ့လျှောက်နမ်းမနေနဲ့လေ...'
'ဘာဗျ...ကျွန်တော်ကလေ ငယ်ငယ်ကတည်းကခင်ဗျားတစ်မျက်နှာတည်းကြည့်ပြီးခင်ဗျားတစ်ယောက်ကိုပဲချစ်ခဲ့ရတာဗျ...ခင်ဗျားနေရာမှာတခြားသူသာဆို ကျွန်တော်ဆွဲထိုးပလိုက်ပြီ...'
အငိုတစ်၀က်နှင့်ပြောနေသောသူ့ကလေးလေးကိုရင်ခွင်ထဲထည့်ကာကျောလေးကိုအသာအယာပုတ်ပေးနေမိသည်။
KAMU SEDANG MEMBACA
hold me close to you(complete)
FantasiThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!