Hold me close to you (Z+U)
Unicode
စာသင်ခန်းအပြင်ဖက်မှန်ပြတင်းပေါ်တွင်မိုးရေစက်လေးများက ပျင်းရိပျင်းတွဲကျနေသည် ထိုမိုးရေစက်လေးများကိုငေးကြည့်နေမိသူက ဟိဏ်းထက်ယံ ပင်..
နေ့လည်မုန့်စားဆင်းချိန်မို့အတန်းထဲမှလူအသီးသီးက မုန့်စားနေကြ အပြင်ထွက်နေကြသော်လဲ ဟိဏ်းထက်ယံ ကမူ ပြတင်းအပြင်ကိုသာငေးမောနေမိသည် ထို့ကြောင့် သူ့ဘေးကပ်ရပ်ထိုင်သော တိမ်ယံလွှာက
'ဟဲ ဟဲ တွေ့လား ငါပြောတာမှန်တယ်..မိုးကမနက်တည်းကရွာတာ အခုထိမတိတ်သေးဘူး...''ဟုတ်ပါ့ကွာ...လွန်လွန်းပါတယ်...'
'မင်းငါ့ကို၁သောင်းပေးရမှာနော်...'
'သိပါတယ်ဟ ငါကျောင်းပြန်ရင် အိမ်ဝင်ပြီးပေးမယ် ဟုတ်ပြီလား...'
'ပြီးတာပဲ...'
တိမ်ယံလွှာပါးစပ်ထဲသို့အာလူးချောင်းများထိုးထည့်ရင်းပြောလိုက်သည် ဟိဏ်းထက်ယံက တိမ်ယံလွှာကိုကြည့်ရင်း
'အေး အေး အဲ့မှာမင်းပဲမြိုဆို့နေသလား ငါ့ကြတော့စားပါဦး တစ်ခွန်းမပြောဘူး တတ်လည်းတတ်နိုင်တယ်နော်...'
'မသိပါဘူးကွာ ငါကမင်း ငါ့ကို၁သောင်းပေးရမှာမို့ ရင်ခံနေတာများလားလို့...'
'ဖြစ်စရာလားကွ..၁သောင်းဆိုတာငါ့အတွက်ပါးပါးလေးပါ...'
'အေးပါ ဒါနဲ့ မင်းမုန့်မစားဘူးလား'
တိမ်ယံလွှာ့စကားကြောင့် ဟိဏ်းထက်ယံ ဂျိုကြည့်ကြည့်ကာ
'အော် အေး အေး ငါကမုန့်စားရမယ်ပေါ့ဟလား မင်းလက်ထဲကမုန့်တွေက ငါ့ဟာတွေလေ မသာကောင်ရဲ့...'
'သြော် ဟုတ်သားပဲ ဟီး...'
သူတို့နှစ်ယောက်ရန်ဖြစ်နေကြစဉ်သူတို့အနားသို့ သူတို့သူငယ်ချင်း မေလင်း နှင့် မင်းမြတ်ရောက်လာလေသည် မေလင်းက
'ဟဲ့ နင်တို့လင်မယားဘာတြွေဖစ်နေတာလဲ..အခန်းထဲဝင်လိုက်တာနဲ့ နင်တို့အသံနဲ့ပဲဆူညံနေတာပဲ..လက်ပံပင်ဆက်ရက်ကျသလိုပဲ...'
'လက်ပံပင်ဆက်ရက်ကျတာ နင့်ကိုဘာလုပ်နေလို့တုန်း..'
တိမ်ယံလွှာနှင့် ဟိဏ်းထက်ယံ တို့နှစ်ယောက်လုံးပြိုင်တူပြောလိုက်ကြသည် မေလင်းက မျက်နှာမဲ့ကာ
KAMU SEDANG MEMBACA
hold me close to you(complete)
FantasiThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!