Hold me close to you(Z+U)
ရန်ကုန်မြို့ရှိ N ဟိုတယ်၏အပေါ်ဆုံးVVIPအထပ်တွင်ဖြစ်သည် ရေကူးကန်ပါတီဖြစ်၍ ကောင်မလေးများကလဲမလုံ့တလုံအ၀တ်အစားများနှင့် လုပ်ငန်းသဘောအရပြုလုပ်သောပါတီပင်ဖြစ်လင့်ကစား အပျော်ရှာသူများဖြင့်စည်ကားနေသည်ကတော့အမှန်ပင် မစည်ကားပဲရှိလိမ့်မည်တဲ့လား devil club နှင့် Hlwar လုပ်ငန်းစုပူးပေါင်းသည့်အထိမ်းအမှတ်ပင်ဖြစ်သည်လေ'နင့်ပွဲကိုငါကဘာကိစ္စနဲ့လာရတာလဲ ပြောစမ်းပါဦးမေလင်းရဲ့...'
'ဟ..ငါတစ်ယောက်တည်းပျင်းလို့ပေါ့ဟ...'
'အဟိ ငါတော့ပျော်တယ်...'မင်းမြတ်ကတော့သံစဥ်အတိုင်းခန္ဓာကိုယ်လေးယိမ်းနွဲ့ရင်းပျော်နေသည် ဟိဏ်းထက်ယံကတော့ T-shirtပေါ်မှ ကုတ်အင်္ကျီထပ်၀တ်ထားပြီး bar တွင်သာထိုင်နေသည် မေလင်းကလဲ ဟိဏ်းထက်ယံနားတွင်ပင်...
'ဟိတ်...တစ်ယောက်တည်းလား တို့အဖော်ပြုပေးရမလား....'
အနားသို့ရောက်လာသောကောင်မလေးများထဲမှတစ်ယောက်၏ခါးကိုဆွဲယူကာဖက်လိုက်သူကဟိဏ်းထက်ယံ..။မေလင်းကတော့ သူ့စိတ်ကြိုက်ကောင်မလေးတစ်ယောက်ခါးကိုဖက်ထားလိုက်သည် ထိုမြင်ကွင်းကိုကြည့်ရင်းနာကျင်နေရသူနှစ်ယောက်ရှိသည် ပထမလူက တိမ်ယံလွှာ...။ ဒုတိယလူက မေလင်းကိုချစ်မိနေသူ သင်ဇာ...။
'ဟားးး!..'သက်ပြင်းပြိုင်တူချလိုက်မိသည်မို့သင်ဇာနှင့်တိမ်ယံလွှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည် သင်ဇာ့အကြောင်းကို တိမ်ယံလွှာကသိသည်မို့
'နင်ဖွင့်ပြောသင့်တယ်နော်...'
'သူကငါ့ကိုမုန်းနေတာဟ နင်နဲ့ဟိဏ်းထက်ကိုဝေးအောင်လုပ်တဲ့တရားခံကငါဆိုပြီးတော့လေ...'
'သြော် ကိုယ့်အပူနဲ့ ကိုယ်ပါလား....'
ထိုစဥ်မေလင်းကရေကူးကန်ဘေးနားဖြတ်လျှောက်လိုက်သည် သူ့ဘေးနားတွင်တော့စောနကတွေ့ခဲ့သောကောင်မလေးမရှိတော့ Bar တွင် ဘရန်ဒီကုန်နေ၍ထပ်ဖြည့်ပေးရန်waiterကိုလာပြောခြင်းဖြစ်သည် ထိုစဥ်မေလင်း၏လက်ကိုဆွဲယူခြင်းခံလိုက်ရသည် လှည့်ကြည့်မိတော့V လုပ်ငန်းစုမှ သူဌေး မင်းထက်...
KAMU SEDANG MEMBACA
hold me close to you(complete)
FantasiThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!