Hold me close to you(Z+U)
အိပ်ရာနိုးလာသည်နှင့်ပထမဆုံးခံစားမိသည်ကအောက်ပိုင်းဆီကနာကျင်မှုတစ်ချို့...။ပြီးတော့ မင်းမြတ်ကိုသိုင်းဖက်ထားသည့်လက်တစ်စုံ...။မင်းမြတ်သူ့ကျောနောက်သို့ကြည့်မိတော့ သူ့ကိုသိုင်းဖက်ရင်းအိပ်ပျော်နေသောမဟော့်မျက်နှာ...။အနီးကပ်မြင်နေရသည်မို့လားမသိ..။မဟော်မှာလွန်စွာခန့်ညားနေသည်။
အသားညိုသော်လဲမေးရိုးကားကားနှင့်မို့အလွန်ယောကျာ်းပီသလှသည်။နှုတ်ခမ်းမွှေးငုတ်စိစိမ်းစိမ်းလေးတွေကလဲ ခန့်နေသလိုပင်။မင်းမြတ်ငေးကောင်းကောင်းနှင့်ပါးစပ်လေးဟကာငေးနေမိသည်။
'အွန့်...''morning bae...morning kiss ပေးတာ...'
မဟော်မှာရုတ်တရက် ဟနေသောမင်းမြတ်၏နှုတ်ခမ်းသားလေးကိုငုံထွေးရင်းပြောလိုက်သည်။အငိုက်မိသွားသောမင်းမြတ်မှာတော့ကြောင်အမ်းအမ်းနှင့်...။မဟော်က မင်းမြတ်ကိုပြုံး၍ကြည့်ကာ
'အဆင်ပြေရဲ့လား ...နာနေသေးလား...ဆေး၀ယ်ပေးရမလား...'
ထိုအခါမှမင်းမြတ်လဲမနေ့ညကအဖြစ်အပျက်ကိုသတိရကာ ချုံးပွဲချငိုပါတော့သည်။
'အီး..ဟီး..ဟီး ခင်ဗျားကြီးမကောင်းဘူး ကျွန်...ကျွန်တော်က လူပျိုအသစ်ကျပ်ချွတ်လေးဟာကို...အင့်...ဟင့်...သူ..သူကြတော့ မိန်းမတကာနဲ့...လူ..လူလည်ခေါင်တောင်မရှောင်ပဲနမ်းနေပြီးတော့....'
မင်းမြတ်ငိုနေသဖြင့်မဟော်လဲပြာယာခတ်ကာ
'ဟေး ပေါက်စရယ် ဘာလို့ငိုနေတာလဲ...sorryပါကွာ...ကိုယ်လဲ စိတ်..စိတ်မထိန်းနိုင်တော့လို့ပါ...'
ချော့မှပိုကဲကာ ရင်ခွင်ထဲမှအကောင်ပေါက်က မဟော့်ရင်ဘတ်ကိုလက်သီးနှင့်ထုရင်း
'ဘာကိုစိတ်မထိန်းနိုင်တာလဲဗျ...အင့်...ညကကျွန်တော့်မှာ...အသက်ထွက်တော့မလိုပဲ...ပြီးတော့လဲ ကြည့်ဦး...တစ်ကိုယ်လုံးလဲ...markingရာတွေချည်းပဲ...'
ဟုတ်ပါရဲ့..။မင်းမြတ်တစ်ကိုယ်လုံးမဟော့်markingရာလေးတွေကဟိုတစ်ကွက်ဒီတစ်ကွက်နှင့်...။သွေးပုတ်ရောင်တို့...အနီရောင်တို့ တွေကြားတွင် မင်းမြတ်၏ခန္ဓာကိုယ်ဖြူဖြူလေးမှာပျောက်ကွယ်နေရှာသည်။မင်းမြတ်ကလဲရှိုက်ပါရှိုက်ရင်း
BẠN ĐANG ĐỌC
hold me close to you(complete)
Viễn tưởngThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!