အပိုင်း၅

1.7K 145 4
                                    

Hold me close to you(Z+U)
၁ပတ်ဆိုသောအချိန်ကုန်ရန်ကကြာလွန်းလှသလို ဟိဏ်းထက်ယံ ခံစားနေမိသည် တဖြည်းဖြည်းနှင့်သူ့ဆီမှဝေးကွာလာသောတိမ်ယံလွှာကိုငေးကြည့်ရင်းသာသူ၏၀မ်းနည်းမှာအားငယ်မှာများကိုဖုံးကွယ်ထားမိသည်
ဆန့်ကျင်ဘက်အရာတွင်တော့ တိမ်ယံလွှာ ဆရာခန့်အောင်နှင့်စကားပြောရသည်ကိုပျော်နေမိသည် ဆရာခန့်က သူ၏ ခေါင်းလေးကိုပုတ်ပေးလျှင်ပဲဖြစ်ဖြစ် သူ့မျက်နှာကိုစာသက်ရင်းလှမ်းကြည့်လျှင်ပဲဖြစ်ဖြစ် တိမ်ယံလွှာရင်ခုန်ရသည်
ဒီနေ့က ဆရာခန့်အချိန်ပင်ဖြစ်သည် ထို့ကြောင့်သူပျော်နေမိသည်မှာမဆန်းပေ တိမ်ယံလွှာမှာဟိဏ်းထက်ယံနှင့်ပြဿနာဖြစ်ပြီးတည်းကအတန်းရှေ့ဆုံးတွင်ထိုင်ခြင်းဖြစ်သည် ထုံးစံအတိုင်းဆရာခန့်၀င်လာတော့အကုန်လုံးကမတ်တပ်ရပ်နှုတ်ဆက်ကြသည် စာသင်ချိန်တစ်ချိန်လုံး တိမ်ယံလွှာ ဆရာခန့်မျက်နှာလေးကိုမော်ဖူးနေမိသည်
ပူအိုက်၍လားပင်ပန်း၍လားမသိပဲနဖူးစပ်တွင်သီးနေသောချွေးလေးများကိုတိမ်ယံလွှာငေးနေမိသည် ဆရာခန့်၏အင်္ကျီလက်ကိုပင့်တင်ပုံလေးကအစMarkerလေးကိုလက်ထဲလှည့်ကာစာရှင်းပြနေပုံအဆုံးထိငေးကြည့်နေမိသည် ဆရာခန့်ကလဲသတိထားမိသည်ထင်ပါရဲ့
စာသင်ချိန်ပြီးတော့ ဆရာခန့်မှာ တိမ်ယံလွှာစာရေးခုံပေါ်သို့စာရွက်ခေါက်လေးကိုတင်ပေးခဲ့သည် တိမ်ယံလွှာလဲစာရွက်ခေါက်လေးကိုဖြည်ဖတ်ကြည့်ရာ

"တိမ်ယံလေး..ကျောင်းပြန်ရင် ဆရာများနားနေခန်းကိုလာခဲ့နော်...."

တိမ်ယံလွှာရင်ခုန်ခြင်းနှင့်အတူမျှော်လင့်စောင့်စားနေမိသည် ယနေ့ထိဆိုလျှင် သင်ဇာနှင့်ဟိဏ်းထက်ယံတို့တွဲနေသည်မှာ ၅ရက်ပင်ရှိသွားလေပြီ တိမ်ယံလွှာ ဟိဏ်းထက်ယံကိုစကားမပြောသဘ်မှာလဲ၅ရက်ပင်ရှိသွားပြီ
ဒီလိုနှင့်ပင်ကျောင်းဆင်းချိန်ရောက်လာသည် ကျောင်းဆင်းကြ၍ အကုန်လုံးကပြန်တော့မှတိမ်ယံလွှာဆရာများနားနေခန်းဆီလျှောက်ခဲ့သည် နားနေခန်းဆီရောက်တော့ ဆရာခန့်ကသူ့ကိုကြည့်ရင်းပြုံးပြကာ

'လာဦး...'

သူ့ဆုံလည်ခုံတွင်ထိုင်ရန်လက်ယပ်ပြလိုက်၍သူလဲ၀င်ထိုင်လိုက်လေသည် သူထိုင်ပြီးသည်နှင့် ဆရာခန့်က စားပွဲကိုနောက်ပြန်လက်ထောက်ရင်း သူ့ကိုကြည့်ကာ

hold me close to you(complete)Dove le storie prendono vita. Scoprilo ora