hold me close to you(U+Z)
နေရောင်ခြည်ကခရမ်းနုရောင်လိုက်ကာပါးကိုဖြတ်သန်း၍မင်းမြတ်ပါးပေါ်သို့ကျရောက်လာသည် အချိန်ကား...မနက်၁၀နာရီ.. ယခုချိန်ထိမထသေးသောသခင်လေးဖြစ်သူကိုမနှိုးရဲကြသည့်အစေခံများကလဲအရန်းတံခါးရှေ့တွင်စုရုံးစုရုံးနှင့်..ထိုစဥ်အောက်ထပ်တံခါးမကြီးဆီမှ
*ဝုန်း*ဆိုသောအသံနှင့်အတူတံခါးမကြီးကိုကန်ဖွင့်လာသောသူတစ်ယောက် ထိုသူကိုမြင်တော့အစေခံတွေက
'မ...မဟော်...'ဟုတ်ပါသည် ထိုသူကားမဟော်ပင်ဖြစ်သည် မဟော်မှာအစေခံတွေကိုကြည့်ကာ
'မင်းမြတ်မနိုးသေးဘူးလား...'
'ဟုတ်..ဟုတ်ပါတယ်...'
မဟော်စုတ်တစ်ချက်သပ်ကာ အခန်းတံခါးကိုကန်ဖွင့်လိုက်သည် ဆူဆူညံညံအသံကြောင့်မင်းမြတ်မွေ့ရာထဲနစ်လျက်ပင်
'ဟာ ဘယ်ကောင်တွေလဲ ငါအိပ်နေတာကိုနှောင့်ယှက်တာ...'
'ငါပဲ...'
မဟော်တစ်ယောက်မင်းမြတ်ကိုဂုတ်ကဆွဲကာရေချိုးခန်းဆီသို့ခေါ်လာလိုက်သည် ပြီးနောက် ရေပြည့်နေသောရေချိုးကန်ထဲသို့မင်းမြတ်ခေါင်းကိုဆွဲနှစ်လိုက်သည် တဝုန်းဝုန်းနှင့်ရုန်းနေသောမင်းမြတ်ခေါင်းကိုပြန်ဆွဲဖော်လိုက်ပြီး
'ကဲ အခုမှတ်မိပြီလား...'
'ဟုတ် ဟုတ်ကဲ့...'
'ရေမိုးချိုးအ၀တ်အစားလဲ မိနစ်၂၀အတွင်း ပြီးရင်အောက်ဆင်းလာခဲ့ မနက်စာစားဖို့...'
မင်းမြတ်စကားပင်မပြန်နိုင်ပဲ ရေမိုးချိုးအ၀တ်အစားလဲရလေသည် သူ၀တ်ချင်သည့်အ၀တ်တစ်စုံကိုကောက်၀တ်ကာအောက်ထပ်ထမင်းစားခန်းကိုဆင်းလာလိုက်သည် သူ၀တ်စားပုံကိုမြင်တော့မဟော်က
'လာ မင်းဒီနားလာစမ်း...'
'ဟုတ်...'
အနားရောက်တော့ဘောင်းဘီတို၀တ်ထား၍ပေါ်နေသောခြေသလုံးသားလေးကိုမဟော်ကကော်ဖီတွေလောင်းချလိုက်သည် ကော်ဖီတွေကမပူသော်လဲခပ်နွေးနွေးမို့ မင်းမြတ်တွန့်သွားရသည်
'ဒီနေ့ မင်းအလုပ်အတွက်meetingရှိတယ် ဘောင်းဘီအရှည်ပြန်လဲလာခဲ့...'
YOU ARE READING
hold me close to you(complete)
FantasyThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!