hold me close to you(U+Z)
တိမ်ယံလွှာတစ်ယောက်အဝေးတစ်နေရာကိုငမ်းနေ..အဲလေ...ငေးနေမိသည် သူငေးနေသည်က ဟိဏ်းထက်ယံဆီ သူတို့ကြားတွင်ရေကူးကန်ကခြားနေသည် ရေကူးကန်၏ဟိုဘက်ခြမ်းတွင်ဟိဏ်းထက်ယံတို့အဖွဲ့ ရေကူးကန်၏ဒီဘက်ခြမ်းတွင် သူနှင့်သင်ဇာ...စိတ်ထဲတွင်သွားနှုတ်ဆက်ချင်လာ၍တိမ်ယံလွှာတစ်ယောက်ကန်ကိုပတ်လာမိရန်ကြံမိသည် လေးပင်စွာနှင့်ပထမဆုံးခြေလှမ်းကိုလှမ်းမိသည် ထိုစဥ်မှာပင်ကံဆိုးမိုးမှောင်ကျတော့သည်
အရက်ပုလင်းနှင့်ခွက်များပါသောဗန်းကိုကိုင်လာသောဝန်ထမ်းလေးကသူ့ကိုတည့်တည့်၀င်တိုးလေသည် ဟန်ချက်ပျက်သွားသောတိမ်ယံလွှာအဖို့ ရေကူးကန်ထဲသို့သာ ငိုက်စိုက်ငိုက်စိုက်နှင့်....'ဗွမ်းးးးး...'
'ဖရူး....ဖူးးး....အင့်.....'
တိမ်ယံလွှာရေမကူးတတ်ပါချေ အကြောင်းသိသော မေလင်းတို့က
'ဟဲ့ ဟိဏ်းထက်နင်ဆင်းကယ်လေ...'
ဟိဏ်းထက်ယံကမူအရက်ခွက်ကိုလက်ကကိုင်ရင်း
'ငါ့အင်္ကျီတွေရေစိုမှာပေါ့ဟ ကယ်ချင်နင်ဆင်းကယ်လေ....'
'ဟ...ငါအင်္ကျီရေစိုသွားရင် အဆင်မပြေဘူးလေဟ...မင်းမြတ် နင်ဆင်းကယ်...'
'အမ်.. သားကရေမှမကူးတတ်တာ....'
'ဒုက္ခပါပဲဟာ....'
ဘေးနားရှိလူကုံထံများမှာလဲခြေမကိုင်မိလက်မကိုင်မိ...
'ဝုန်းးး...'
ရေကူးကန်ထဲသို့တစ်စုံတစ်ယောက်ခုန်ချသံကြားလိုက်ရသည် မေလင်းကအခုမှသက်ပြင်းချနိုင်ကာ
'ဟူးး တော်သေးတာပေါ့ ကယ်မဲ့သူရှိလို့ပေါ့ ဟိဏ်းထက်...ထက်...'
သူမဘေးနားတွင်ဟိဏ်းထက်ယံမရှိတော့ပါ ဘယ်ရှိပါ့မလဲ စောနကရေကန်ထဲခုန်ဆင်းသွားသူကသူကိုယ်တိုင်ကိုးးး
ရေကူးကန်ထဲမှဟိဏ်းထက်ယံပြန်တက်လာသည်လက်ထဲတွင်တော့တိမ်ယံလွှာ့ကိုပွေ့ချီထားလျက် တိမ်ယံလွှာပြန်သတိရလာတော့ ဟိဏ်းထက်ယံမှာ'ငါနဲ့အကျိုးတူပူးပေါင်းတဲ့ကုမ္ပဏီကသူဌေးမသာပေါ်ရင်ငါပဲနစ်နာမှာမို့ကယ်လိုက်တာ...'
أنت تقرأ
hold me close to you(complete)
خيال (فانتازيا)There's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!