Hold me close to you(U+Z)
နေအလင်းကပြတင်းမှန်သားပေါ်ဖြတ်သန်း၍ ကုတင်ပေါ်သို့ကျရောက်လာသည် ကိုက်ခဲနေသောခေါင်းကိုလက်ဖြင့်နှိပ်ရင်းကုတင်ပေါ်မှထထိုင်မိလိုက်သည် မနေ့ကမေလင်းတို့နှင့်သောက်တာများ၍ထင်...။ခေါင်းကမခံနိုင်အောင်ထိုးကိုက်နေသည်...။ဟိဏ်းထက်ယံ ကုတင်ဘေးကိုကြည့်မိတော့ ကုတင်ဘေးကခုံပေါ်တွင်သံပရါရည်တစ်ခွက်နှင့်စာတစ်စောင်...။
~မင်းအမူးပြေအောင် ငါသံပရါရည်ဖျော်ထားတဟ် ခေါင်းကြည်သွားအောင်သောက်လိုက်နော်~
သံပရါရည်ခွက်ကိုလက်မှတင်းကြပ်စွာကိုင်ရင်း အတိတ်ကဖြစ်ရပ်များကခေါင်းထဲသို့အစဥ်လိုက်၀င်ရောက်လာသည်
'တောက်!'
'ခွမ်းး!!..'
အပြစ်မရှိသောသံပရါရည်ခွက်ကလေးကတော့တစ်စစီကျိုးပဲ့ကာကြမ်းပြင်ပေါ်တွင်ဟိုတစ်စဒီတစ်စ...။
ဟိဏ်းထက်ယံလဲကုတင်ပေါ်မှထကာအလုပ်သွားရန်ပြင်ဆင်မိသည် ပြင်ဆင်ပြီး၍အောက်ထပ်ဆင်းလာစဥ် မီးဖိုခန်းထဲမှထွက်လာသော တိမ်ယံလွှာက
'အာ..ဟိဏ်းထက်..မနက်စာစားသွားဦးလေ ငါမင်းအကြိုက်ရှမ်းခေါက်ဆွဲပြင်ထားပေးတယ်..ပြီးတော့လဲ...'
'ငါ့မှာမင်းပြင်ပေးတဲ့မနက်စာစားဖို့အချိန်မရှိဘူး...အခုတောင်ငါနောက်ကျနေပြီ..ငါ့ရှေ့ကဖယ်တော့...'
'သြော်...အင်းပါ...'
တိမ်ယံလွှာလဲခန္ဓာကိုယ်ကိုဘေးသို့ရို့ကာဟိဏ်းထက်ယံကိုလမ်းဖယ်ပေးလိုက်သည် ကားထွက်သွားသံကိုကြားသည်နှင့်ထိန်းချုပ်ထားရသော မျက်ရည်များကိုလွတ်လွတ်လပ်လပ်ကျဆင်းခွင့်ပေးမိသည်။
'ငါ..ငါတောင်းပန်ပါတယ်ကွာ..မင်းကျေနပ်တဲ့အထိငါပေးဆပ်နေမှာပါ...'
တိမ်ယံလွှာလဲမျက်ရည်တွေကိုလက်ခုံဖြင့်သုတ်လိုက်ပြီး အခန်းရှင်းရန်အပေါ်ထပ်ရှိသူတို့အိပ်ခန်းသို့သွားမိသည်။အခန်းတံခါးဖွင့်ကာအခန်းထဲသို့၀င်လိုက်သည်နှင့်...
'အ့...'
ခြေထောက်အောက်မှစူးရှရှအရာကိုကြည့်မိတော့ ဖန်ကွဲစများ...။ပြန့်ပျဲနေသောဖန်ကွဲစများကိုကြည့်ရင်းအခြေအနေကိုနားလည်လိုက်ပြီမို့ ငိုကြွေးရပြန်ပါသည်။အသားနာကျင်မှုကြောင့်မဟုတ်ပဲ..နှလုံးသားနာကျင်မှုကြောင့်ပင်ဖြစ်လိမ့်မလား...?
ESTÁS LEYENDO
hold me close to you(complete)
FantasíaThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!