အပိုင်း၈

1.5K 121 0
                                    

Hold me close to you(Z+U)
သက်ပြင်းချ၍ပင်မဆုံးသေး ခန့်အောင်ဖုန်းထဲသို့သင်ဇာ့ထံမှဖုန်းက၀င်လာသည်

'ဟဲလို...'

'ဟဲလို ဆရာ ဖုန်းကို တိမ်ယံ့ဆီကိုပေးပေးပါနော်...'

ခန့်အောင်လဲSpeakerဖွင့်လိုက်ရာ

'တိမ်ယံ ငါနဲ့ဟိဏ်းထက်ကလေ နင်ထင်နေသလိုမဟုတ်ပါဘူးဟာ..တကယ်တော့&%$@@¥£€®<©\÷±£&%#@..'

'နင်...နင်လုပ်ရက်လိုက်တာ သင်ဇာရာ..'

'ကဲ အခုကလေးဘာဆက်လုပ်မလဲ...'

'ကျွန်တော်...ကျွန်တော်ရန်ကုန်ပြန်မယ် ဆရာ...'

'ဟာ အခုချိန်အဝေးပြေးကားတွေထွက်ရင်တောင်ဟိုကိုညည့်နက်မှရောက်မှာ ပြီးတော့ ကလေးတစ်ယောက်ထဲ ကိုယ်စိတ်မချဘူး မနက်ကြရင် ကျောင်းတက်အမှီကိုယ်ပို့ပေးမယ်နော်...ကျောင်း၀တ်စုံက ကလေးအိမ်၀င်ပြီးလဲလိုက်လေ နော်...'

'အင်း..အင်းပါ ဒါပေမဲ့ ကျွန်တော်သူ့ဆီဖုန်းဆက်ချင်တယ်...'

'သူ့ကိုအခုချိန်ဖုန်းနဲ့ပြောတာမကောင်းလောက်ဘူးနော် မနက်ဖြန်မနက်ကြမှကျောင်းစောစောသွားပြီး ပြောကြတာပေါ့...'

တောင်းပန်ပါတယ် ကလေးငယ်ရယ်...မင်းနားမှာနဲနဲလောက်လေးပဲထပ်နေချင်လို့ပါ...

တိမ်ယံလွှာ့ရင်တွေပူနေသည် ချစ်ရသူအပေါ်အထင်လွဲမိသည့်အတွက် ကိုယ့်ကိုကိုယ်လိပ်ပြာမလုံသလိုခံစားနေရသည် မည်မျှပင်တွေးတောနေမိသည်မသိ ခန့်အောင်၏အိမ်ရှေ့သို့ပင်ရောက်လာသည်

'ကဲ နားကြရအောင်...'

ခန့်အောင်က တိမ်ယံ့ကိုသူ့မိဘများနှင့်မိတ်ဆက်ပေးသည် ချစ်သူရည်းစားအနေနှင့်တော့မဟုတ် သူငယ်ချင်း ဆရာတပည့်အနေအထားနှင့်သာဖြစ်သည် သူ့မိဘတွေကဖော်ရွေပွင့်လင်းသည်မို့ တိမ်ယံ့အဖို့စိတ်သက်သာရာရရသည် ညဘက်ရောက်တော့ ခန့်အောင်က

'ကလေး တစ်ခန်းသက်သက်အိပ်လေ...ကိုယ်ဘေးခန်းမှာအိပ်မယ်..လိုတာရှိရင်ခေါ်လိုက်...'

'ဟုတ်...'

ချစ်ရသူကိုလက်လွှတ်ရမည်မို့ကျဆင်းလာမည့်မျက်ရည်တွေကိုချစ်ရသူကိုမမြင်စေချင်ပါ အခန်းထဲတွင် တိမ်ယံကတော့လူးလွန့်လျက်မနက်ဖြန်ဆိုသည့်အရာကိုစောင့်စားနေမိသည် ဘေးကပ်ရက်အခန်းတွင်တော့ မနက်ဖြန်ဆိုသည့်အရာကိုကြောက်ရွံ့နေသောကောင်လေးတစ်ယောက်ရှိသည်ပင်...။

'ကလေး...ကလေး..ထတော့ မနက်၂နာရီထိုးနေပြီ..ရန်ကုန်ကိုမနက်၇နာရီအရောက်ပြန်ရမယ်လေ ထ..ထ...'

hold me close to you(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ