အပိုင်း၂၀ Unicode

1.4K 82 0
                                    

Hold me close to you(U+Z)
ခရီးထွက်မည့်ည...။တိမ်ယံလွှာနှင့်ဟိဏ်းထက်ယံတို့အိမ်၌သာ လူစုဖြစ်ကြသည်။မင်းမြတ်နှင့်မဟော်ကအရင်ဆုံးရောက်လာကြသည်။ပြီးနောက်မေလင်း။ပြီးနောက်သင်ဇာ။လူစုံသည်နှင့်ဟိဏ်းထက်ယံလဲကားကိုအသင့်ပြင်ကာ သူတို့စီစဥ်ထားသည့်ကမ်းခြေဆီသို့ခရီးထွက်ဖြစ်ကြသည်။ည၉နာရီဖြစ်သော်ငြားဆောင်း၀င်စဖြစ်၍အလွန်ပင်ချမ်းအေးလှသည်။
ရန်ကုန်မြို့ထဲတွင်မသိသာသော်လဲလှိုင်သာယာမြို့ကိုဖြတ်၍ မြို့ပြင်ထွက်စတွင်အချမ်းဓာတ်ကလေးကပိုကဲလာသည်။ဟိဏ်းထက်ယံကမူ ကားမောင်းနေရင်းသူ့ဘေးရှိတိမ်ယံလွှာကိုမျက်လုံးဝေ့ကြည့်ရာ တိမ်ယံလွှာမှာ အချဥ်ပေါင်းစာစရင်အပြင်ကိုငေးနေလေသည်။

'ညဘက်ကြီးအချဥ်တွေမစားနဲ့ ဗိုက်နာလိမ့်မယ်..'

'အင်...ငါ့ကိုပြောတာလား..'

'ငါ့ဘေးမှာဘယ်သူရှိလို့လဲ မင်းအပြင်...'

'သြော် အင်းပါ ငါကမအိပ်ချင်အောင်လို့ တော်ကြာ မင်းတစ်ယောက်ထဲကမ်းခြေအထိအရောက်ဆို ကားမောင်းရတာပင်ပန်းမှာစိုးလို့ တစ်ယောက်တစ်လှည့်မောင်းရအောင်..'

တိမ်ယံလွှာ၏ရှင်းပြမှုအဆုံးတွင်ဟိဏ်းထက်ယံတစ်ယောက်ပြုံးမိသည်။မိမိကိုစိတ်ပူပေးမည့်သူရှိခြင်းသည်ကောင်းလေစွ။ကားနောက်ဆုံးတွင်တော့မဟော့်ရင်ထဲ၀င်မှေးနေသောမင်းမြတ်ကိုတွေ့ရမည်ဖြစ်ပြီး မဟော်တို့ရှေ့ခုံတွင်တော့ ဖုန်းသုံးနေသော မေလင်းနှင့် ပြတင်းအပြင်ကိုငေးနေသော သင်ဇာ့ကိုတွေ့ရမည်ဖြစ်သည်။
မေလင်းသည်ဖုန်းသာသုံးနေသော်လဲစိတ်ကတခြားစီတွင်။ဟိဏ်းထက်ယံ၏လိမ်စဥ်ကြောင့်သာ သူမဒီခရီးကိုလိုက်ခဲ့ပေးရခြင်းဖြစ်သည်။ဒီခရီးတွင်သင်ဇာပါမည်ဟုလဲမထင်ခဲ့။ကားပေါ်တွက်သူမကိုတွေ့လိုက်ရတုန်းက မေလင်းခမြာစိတ်ကျဥ်းကျပ်လာရသည်။စိတ်ထဲမှသာ ဟိဏ်းထက်ကိုမေတ္တာနာနာပို့မိတော့သည်။သင်ဇာ့ကိုသူမ​ ပြောထားသည့်၁ပတ်ပြည့်ရန် ၁ရက်သာလိုတော့သည်။အခုချိန်ထိအဖြေကမရှင်းသေး။
တိမ်ယံလွှာကတော့မျက်လုံးလေးထောင့်ကပ်ကာကပ်ကာနှင့် ဟိဏ်းထက်ယံ ကိုခိုးခိုးကြည့်နေမိသည်။ဟိဏ်းထက်ယံ ကလဲမသိချင်ယောင်ဆောင်ကာ ခိုးခိုးကြည့်နေသည့်ကောင်လေးအကြောင်းတွေးရင်းပြုံးပြုံး ပြုံးပြုံးဖြင့်။လမ်းကြောင်းကိုဂရုစိုက်မောင်းနေရသော်လဲ စိတ်အစဥ်က တိမ်ယံလွှာ ဆီတွင်သာ။ခရီးမထွက်ခင်က တိမ်ယံလွှာပြောခဲ့သောစကားတစ်ခွန်းကသူ့ကိုစိုးမိုးနိုင်လွန်းသည်။ခရီးမထွက်ခင်ကတိမ်ယံလွှာသည်အ၀တ်သိမ်းနေရင်း

'ဒါ ငါကျောင်းပြီးကတည်းက ပထမဆုံးထွက်ဖြစ်တဲ့ခရီး...'

hold me close to you(complete)Donde viven las historias. Descúbrelo ahora