Hold me close to you(Z+U)
မင်္ဂလာပွဲအစားဆွမ်းကျွေးသာလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်မို့ ဟိဏ်းထက်ယံတို့အိမ်တွင်ဆွမ်းကျွေးသို့လာရောက်သူများပြားလှသည် ဆွမ်းကျွေးတွင်ဧည့်ခံရမည်ဖြစ်၍ မင်းမြတ် မဟော်နှင့် မေလင်းတို့မှာမ၀တ်စဖူးမြန်မာအင်္ကျီများကို၀တ်ဆင်ထားရသည် အထူးသဖြင့် မေလင်း...။တစ်ခါမှမ၀တ်ဖူးသောမြန်မာရင်ဖုံးအနက်ကချင်ဆင်လေးနှင့် ထမီစကတ်အနက်ကချင်ဆင်ကို၀တ်ထားရလေသည်မို့ စိတ်ကျဥ်းကျပ်လာသည်။ရင်ဖုံးမှာလဲခါးတိုအကျပ်ဖြစ်တာကြောင့်ခန္ဓာကိုယ်အချိုးအစားကပေါ်လွင်လှသည် မင်းမြတ်မှာလဲအင်္ကျီအနက်လက်ရှည်ကိုယောပုဆိုးအနက်နှင့်တွဲဖက်၀တ်ဆင်ထားသည်
မဟော်ကမူကြက်သွေးရောင်အင်္ကျီလက်ရှည်ကိုအောက်ကကရင်ပုဆိုးအနီကွက်ကလေးနှင့်၀တ်ဆင်ထားလေသည် သတို့သားတစ်ဖြစ်လဲ ဟိဏ်းထက်ကတော့ မင်းမြတ်အတိုင်း၀တ်ထားလေသည် မဟော်က အိမ်ပေါက်၀ရှိ မေလင်းနှင့်မင်းမြတ်နားသို့ကပ်ကာ'မင်းတို့၀တ်ထားပုံနဲ့ မင်္ဂလာဆွမ်းကျွေးလာတာပါဆိုရင်ဘယ်သူမှယုံမှာမဟုတ်ဘူး...အသုဘရောက်နေတဲ့အတိုင်းပဲ ၀တ်ထားပုံက...'
မေလင်းက၀င်၍
'မတတ်နိုင်ဘူးဟေ့ သတို့သားဟိဏ်းထက်ကငါတို့ကိုall blackပဲ၀တ်ခဲ့ပါတဲ့ သူ့လဲကြည့်လေ သူလဲall blackနဲ့ မတွေ့ဘူးလား...'
တိမ်ယံလွှာကတော့ဟိဏ်းထက်ယံနှင့်ဆန့်ကျင်စွာအင်္ကျီအဖြူလက်ရှည်ကို ပုဆိုးခရမ်းနှင့်အဖြူစပ်အကွက်လေးများဖြင့်၀တ်ထားလေသည် တိမ်ယံလွှာကပြုံးနေသလောက် ဟိဏ်းထက်ယံမျက်နှာကတော့ မုန်တိုင်းထန်နေသောကောင်းကင်သဖွယ်....။
မင်္ဂလာဆွမ်းကျွေးအတွက်ဧည့်သည်များကိုဧည့်ခံပြီးတော့ ဟိဏ်းထက်ယံ ကအိမ်ပေါက်၀ကိုထွက်လာသည်'ဟူးး...မင်းမြတ် မင်းမှာဆေးလိပ်ပါလား..'
'အမ်...မပါဘူးလေ ငါတောင်သောက်ချင်နေတာ မဟော်ကမသောက်ရဘူးဆိုလို့...'
'ငါ့မှာပါတယ်...ငါလဲသောက်ချင်နေတာနဲ့အတော်ပဲ ခြံဘေးမှာသွားသောက်ကြမယ်...'
မေလင်းကသူ့အိတ်ထဲကဆေးလိပ်ဘူးကိုထောင်ပြရင်းပြောလိုက်သည် ဟိဏ်းထက်ယံလဲခေါင်းငြိမ့်ကာ ခြံဘေးသို့သွားကာဆေးလိပ်သောက်မိကြသည် ထိုစဥ်အနားသို့သင်ဇာရောက်လာပြီး
YOU ARE READING
hold me close to you(complete)
FantasyThere's a line between Friendship and Relationship..... Can my boys pass that line??? Interesting!!