အပိုင်း၉

1.5K 121 0
                                    

Hold me close to you(U+Z)
'Cheer!!...'
သူငယ်ချင်း၃ယောက်၏ အရက်ခွက်ချင်းတိုက်သံကကျယ်လောင်စွာထွက်ပေါ်လာသည်

'ကဲ..ငါတို့တွေလဲအခုမှပဲ အရင်အတိုင်းသူငယ်ချင်းတွေပြန်ဆုံတော့တယ်...'

မင်းမြတ်စကားကို မေလင်းက အမြည်းစားရင်းထောက်ခံလိုက်သည်

'အေး ဟုတ်တယ်...'

ဟိဏ်းထက်ယံ ကမူ

'ငါဒီကိုပြန်လာတာ အလုပ်ကိစ္စနဲ့ဆိုလဲဟုတ်တယ် မင်းတို့ကိုသတိရလို့လဲဟုတ်တယ်...'

'ဒါနဲ့...ငါမေးချင်လို့....'

'အေး..မေးလေ...'

မင်းမြတ်မေးရမလား မမေးရမလား ဟူသောအတွေးများဖြင့်သာ မေးဖြစ်အောင်မေးလိုက်လေတော့သည်

'မင်း တိမ်ယံလွှာ့ကိုအမှတ်ရသေးရဲ့လား..'

'........'

ဟိဏ်းထက်ယံက အရက်ခွက်ကိုကောက်ကိုင်လိုက်ရင်း ဘေးနားကဖြတ်သွားသော CLUB ထဲမှကောင်မလေးတစ်ယောက်၏ နောက်ပိုင်းအလှကိုကြည့်ကာ

'ဒီလိုအလှလေးတွေရှိနေတဲ့ဟာကို..ငါကဘာလို့သူ့ကိုမှတ်မိနေရဦးမှာလဲကွ..ဟက်..'

'သြော် အေးပါကွာ...'

မေလင်းကတော့ဘာတစ်ခုမှ၀င်မပြော သို့သော် သူရောမင်းမြတ်ရောသိသည်က ဟိဏ်းထက်ယံ ပြောင်းလဲသွားပြီဆိုတာပင်...။

ဟိဏ်းထက်ယံ ခြံရှေ့ကိုရောက်တော့ ခြံထဲက အခိုင်းအစေကောင်မလေးတစ်ယောက်ကခြံတံခါးလာဖွင့်ပေးသည် ဟိဏ်းထက်ယံလဲကားကိုခြံထဲသို့ကွေ့၀င်လိုက်သည် ကားပေါ်ကဆင်းတော့အိမ်ရှေ့မှာထွက်စောင့်နေသော သူ့အမေက

'သားလေးရယ် ပြန်ရောက်တာတောင် အိမ်ကိုတန်းတန်းပြန်မလာဘူး...'

'သား သူတို့နဲ့တွေ့နေလို့ပါဗျ...'

ကားပေါ်မှဆင်းလာသော မေလင်းနှင့်မင်းမြတ်ကိုလက်ညိုးထိုးပြလိုက်လေသည် ဟိဏ်းထက်ယံအမေ ဒေါ်ထက်ထက်က

'သြော် သားတို့ပါပါလာကြတာကိုးး လာပါကွယ် ထိုင်ကြ ထိုင်ကြ...'

ဧည့်ခန်းထဲကိုရောက်တော့ ဒေါ်ထက်ထက်က ဟိဏ်းထက်ယံကိုမထင်မှတ်ထားသောစကားပြောလိုက်လေသည်

hold me close to you(complete)Tempat cerita menjadi hidup. Temukan sekarang