Final (Uni)

3.1K 120 0
                                    

Hold me close to you(U+Z)(Final)
ဟိဏ်းထက်ယံ ရေထဲမှ သွယ်သွယ်လျလျလက်ချောင်းလေးတွေကိုဖမ်းဆုတ်လိုက်မိသည်။တစ်ပြိုင်နက်တည်းမှာပင် ထိုလက်တစ်စုံကိုရေထဲမှဆွဲယူကာ ကမ်းစပ်ဆီအမြန်ရေကူးလာခဲ့မိသည်။ကမ်းစပ်ရောက်သည်နှင့်မေ့မြောနေသောတိမ်ယံလွှာ့ကို ဟိဏ်းထက်တို့တစ်သိုက်လဲတတ်သလောက်မှတ်သလောက်အသက်နည်းဖြင့်ပြုစုကြသည်။သို့သော်လဲမရ။ထိုအခါအနီးရှိလူများကဆေးရုံကားခေါ်လိုက်ကြသည်။
ဟိဏ်းထက်ယံလဲဆေးရုံကားရောက်သည်နှင့်ဆေးရုံကားပေါ်တိမ်ယံလွှာ့ကိုပွေ့ချီကာသူပါလိုက်ခဲ့သည်။ဒေသဆေးရုံကိုသွားနေသည့်တစ်လမ်းလုံးတွင်လဲ ဟိဏ်းထက်ယံ မှာ အေးစက်နေသည့် တိမ်ယံလွှာ့လက်ကလေးကိုကိုင်ကာ

'သတိရပါတော့ကွာ ငါမင်းကိုချစ်တယ်လေ ငါမင်းကိုအဆုံးအရှုံးမခံနိုင်ဘူးကွ နောက်ထပ်...နောက်ထပ်တစ်ကြိမ် ငါ့ဆီကထပ်ထွက်မသွားပါနဲ့တော့ကွာ ငါတောင်းပန်ပါတယ်....'

သွေးရူးသွေးတမ်းပြောနေသောဟိဏ်းထက်ယံသည်ယခုအချိန်တွင်တလောကလုံးတွင် သူ၏တိမ်ယံလွှာကလွဲရင်အခြားသူကိုမမြင်နိုင်။
ဆေးရုံရောက်သည်နှင့်ဆရာ၀န်ကအရေးပေါ်ခန်းကိုပို့စေသည်။အရေးပေါ်ခန်းရှေ့တွင်စောင့်နေသောဟိဏ်းထက်ယံတစ်ယောက်ရင်ထဲတွင်တော့မီးတောက်နေပြီ။မေလင်းတို့မှာလဲ အထဲကသူငယ်ချင်းကိုစိတ်ပူရ၊အပြင်ကသူငယ်ချင်းကိုလဲရတက်မအေးရနှင့်။

နာရီအနည်းငယ်ကြာသော် အရေးပေါ်ခန်းမှဆရာ၀န်လေးကထွက်လာသည်။ပြီးနောက် ဟိဏ်းထက်ယံ ကိုကြည့်ကာ

'လူနာကအသက်အန္တရာယ်တော့မစိုးရိမ်ရတော့ပါဘူး...အဆုတ်ထဲကရေတွေကိုပြန်စုပ်ထုတ်ထားရတယ်...အခုလောလောဆယ်တော့မေ့မြောနေဦးလိမ့်မယ်..သူ့ကိုလူနာခန်းကိုရွှေ့လို့ရပါပြီ...'

ဆရာ၀န်လေးစကားအဆုံးတွင် ဟိဏ်းထက်ယံ စိတ်တင်းထားသမျှဖြေလျော့လိုက်မိသည်။ပါးပြင်ပေါ်ကျလာသောမျက်ရည်များကိုမတားဆီးနိုင်ပဲ

'ကျေးဇူးတင်ပါတယ်...အသက်...အသက်ဆက်ရှင်နေပေးလို့ကျေးဇူးတင်ပါတယ်...'

ပြောပြီးမကြာခင်မှာပင်ဟိဏ်းထက်ယံလဲမေ့လဲကျသွားလေသည်။ထိုအခါမှမေလင်းတို့လဲဟိဏ်းထက်ယံကိုလာထူရာ ဟိဏ်းထက်ယံ ခါးဘက်ဆီမှ သွေးများထွက်နေသည်ကိုတွေ့လိုက်ရလေသည်။ထိုအခါဆရာ၀န်လေးက

hold me close to you(complete)Where stories live. Discover now