အပိုင်း၂၁ Unicode

1.5K 79 0
                                    

Hold me close to you(U+Z)
နေ့လည်စာစားချိန်အမှီလူကုန်နိုးလာကြသည်။နိုးလာကြသည်နှင့်တစ်ယောက်အခန်းတံခါးတစ်ယောက်ခေါက်ကာလူစုကြသည်။ပြီးနောက်နေ့လည်စာစားကြသည်။နေ့လည်စာမှာပင်လယ်ဒေသဖြစ်သည်မို့ပင်လယ်စာအစုံစားရသည်။ပင်လယ်စာကိုပင်အချက်၊အပြုတ်၊အသုတ်၊အကင် စုံစွာနှင့်။
တိမ်ယံလွှာလဲ ပင်လယ်စာကြိုက်သူပီပီ အားရပါးရခေါင်းမဖော်တမ်းစားတော့သည်။ဟိဏ်းထက်ယံကလဲ ခေါင်းမဖော်တမ်းစားနေသောတိမ်ယံလွှာကိုအမှီလိုက်ကာပုစွန်အခွံနွှာပေးနေရသည်မှာအမော။ဒါကို အဖြစွှန်မသိသည့် တိမ်ယံလွှာလေးက

'အံမယ့်...ဒီhotelက အစားအသောက်တွေကဘယ်ဆိုးလို့လဲ ပုစွန်ကို အခွံပါနွှာပြီးသား ဟဟ..'

တိမ်ယံလွှာ့စကားကြောင့်နင်သွားသူကဟိဏ်းထက်ယံ၊ခွိခွိနှင့်ရယ်ကြသူတွေကမင်းမြတ်တို့တသိုက်ပင်။မဟော်မှာလဲ သူ့မင်းမြတ်လေးကိုအရိပ်တကြည့်ကြည့်နှင့်ဘေးကပါးစပ်သုတ်ပေးလိုက်၊အအေးတိုက်လိုက်နှင့်လုပ်ရသည်မှာအမော။
မေလင်းကတော့ပင်လယ်စာဓာတ်မတည့်သည်မို့ ကြက်သားပေါင်းကိုသာခက်ရင်းလေးနှင့်ထိုးဆွရင်း ဟန်မပျက်စားနေသည်။သို့သော်လဲ သင်ဇာ့ခမြာမှာတော့ ပင်လယ်စာကြိုက်သော်လဲ အားရပါးရမစားနိုင်။အဘယ့်ကြောင့်ဆိုသော် သူမ၏လက်သည်းရှည်များကြောင့်သာ။အကြောင်းသိသည့်မေလင်းကသင်ဇာ့ရှေ့မှပင်လယ်စာပန်းကန်ကိုဆွဲယူကာ တစ်ကိုက်စာလေးများဖြစ်အောင်လက်နှင့်ဖဲ့ပေးရှာသည်။ပုစွန်များကိုလဲအခွံနွှာပေးကာအစီအရီလေးထည့်ထားပေးသေးသည်။ပြီးမှသူမ၏လက်ကိုHandgelနှင့်ပြန်ဆေးလိုက်သည်။
အကုန်လုံးစားသောက်ပြီးသည်နှင့်ကမ်းခြေသို့သွားကာရေကစားကြမည်ဟုစီစဥ်သည်။ဟိဏ်းထက်ယံအတွက်ကရေကစားတာပြဿနာမရှိ။သို့သော် သူတိမ်ယံလွှာရေမကူးတတ်တာကြောင့်စိတ်ပူမိသည်။ထို့အပြင် တိမ်ယံလွှာမှာသူ၏ဗိုက်ဖောင်းဖောင်းလေးကိုကားထွက်နေအောင်စားထားသောကြောင့်အစာမကြေဖြစ်မှာလဲစိုးရိမ်ရသည်။
သို့သော် သူထုတ်မပြောရဲ။သူအခုချိန်ထိမပွင့်လင်းနိုင်သေးသောကြောင့်ပင်။သူ တိမ်ယံလွှာ့ ကို အခုချိန်ထိချစ်နေဆဲပါ။ဆက်လဲချစ်နေဦးမည်သာ။တိမ်ယံလွှာဖြူစင်သည်မဖြူစင်သည်ကိုပင်ဂရုမစိုက်၊သို့ပေမဲ့တခြားသူကိုသူ့ထက်ပိုချစ်ခဲ့သည်ဟူသောအသိက သူ့ကိုစိတ်မကောင်းဖြစ်စေရသည်မို့။
သူတွေဝေနေဆဲမှာပင် အကုန်လုံးမှာဘောကွင်းအသီးသီးနှင့်ပင်လယ်ထဲသို့။ရေထဲကိုရောက်သည်နှင့်အေးမြသောရေအထိအတွေ့က လူကိုလန်းဆန်းစေသည်။မဟော်ကမင်းမြတ်ကိုပွေ့၍ရေထဲဆင်းရှာသည်။မင်းမြတ်ကတော့မဟော့်ကိုယ်ပေါ်တွင်လှုပ်လှုပ်ရွရွနှင့်အငြိမ်မနေ။တိမ်ယံလွှာမှာတော့ဘောကွင်းကိုဗိုက်စွပ်ကာရေထဲသို့ဆင်းပြေးသည်။ထိုစဥ်မထင်မှတ်ထားသော ပြဿနာကထဖြစ်သည်။
မေလင်းက အပေါ်မှတီရှပ်လက်တိုအပြာနုကိုအောက်မှဘောင်းဘီဒူးဖုံးကို၀တ်ထားသည်မို့လုံလုံခြုံခြုံရှိသော်လဲ သင်ဇာ၀တ်ထားသည်က ဂါ၀န်အတိုပွပွလေးသာ။ထိုအခါပုရိသအပေါင်း၏မျက်လုံးများကသင်ဇာ့ဆီတွင်သာ။မော်ဒယ်တစ်ယောက်ဖြစ်သည်မို့ခန္ဓာကိုယ်အချိုးအစားကအပြစ်ပြောစရာမရှိသောသင်ဇာ့အလှတွင်ယောကျာ်းသားအချို့ကသရေတမြားမြား။ထိုစဥ်သင်ဇာ့အနားရှိ ကျောက်ဆောင်အပေါ်မှ ကောင်လေးတစ်သိုက်က

hold me close to you(complete)Where stories live. Discover now