ဆက်စေသာတစ်ယောက် ရဲစခန်းမှာ ဟိုကောင်ကိစ္စရှင်းပြီးတော့ နေရောင်နဲ့အပြင်သို့ထွက်လာခဲ့သည်။ဆက်စေသာဘဝမှာ ဘာမဟုတ်တာလေးနဲ့အလုပ်ရှုပ်စေတာကို အရမ်းမုန်းပါသည်။ငွေပေးလိုက်ရင် ကြေအေးလို့ရတဲ့ကိစ္စကို လာရှုပ်နေတာကို အမုန်းဆုံးဘဲ..အခုတော့ ခေါင်းလည်းနောက်ရသည်။ဒေါသလည်းထွက်ရသည်လေ..
"နေရောင်..အဲ့ကောင်ရဲနောက်ကြောင်းကို ဖော်လိုက်တော့ပြီးရင်ထောင်ချလိုက်....ငါကို အလုပ်ရှုပ်စေတဲ့အတွက်"
နေရောင်လို ရှေ့နေတစ်ယောက်အတွက်အဲ့အလုပ်က မခက်ခဲ့ပါ..အဲ့ကောင်ဆေးချနေတာကို ဆက်စေသာ ရဲစခန်းကို မလာခင်ကတည်းစုံစမ်းခိုင်းပြီးသား..ဆေးမှုသာဆိုရင် အဲ့ကောင်တော့ လုံးဝထောင်နန်းဆန်ရတော့မှာသေချာသည်။
"အေးပါ..ငါစီစဉ်လိုက်မယ်..မင်းလည်းပြန်တော့"
"အေးပါကွာ..ငါသွားပြီ"
ဆက်စေသာလည်း ခေါင်းနောက်ပြီးစိတ်ရှုပ်နေတာကြောင့် barမှာ အရက်သွားသောက်ရန်တွေးပြီး အနက်ရောင်ပြိုင်ကားလေးကို barဆီသို့မောင်းလာခဲ့သည်။ဆက်စေသာထိုင်နေကြbarသည် တရားမဝင်တဲ့barဖြစ်သည်။လိုချင်တာမှန်သမျှအကုန်ရသည်လေ..ဆေးချမလား..မိန်မလား..ယောက်ကျားလား..အကုန်သဘောကျရစေသည်လေ...
"ကိုယ်ကို..ပြင်းပြင်းလေးတစ်ခွက်လောက်စပ်ပေး"
စေသာလည်း အရက်အပြင်းဆုံးကို မှာသောက်လိုက်သည်။စေသာအတွက်တော့ အဲ့လောက်ကတော့ နည်းနည်းရီဝေဝေဖြစ်ရုံသာရှိသည်။အရက်သောက်နေစဉ် အနံပြင်းပြင်းရေမွှေးနံကြောင့် ခေါင်းနောက်သွားရသည်။ကြည့်လိုက်တော့ ရဲရဲနီနေတဲ့နှုတ်ခမ်းနဲ့ မိတ်ကပ်များပုံအောင်လိမ်းထားတဲ့ မိန်းကလေး..
ဝတ်ထားတဲ့စကတ်တိုကိုမှအားမနာစွာ စေသာအပေါ်ကို အတင်းမှီကာ...
"တစ်ယောက်ထဲမလား...တို့အဖော်ပြုပေးမယ်လေ"
"မလိုဘူး ထွက်သွား"စေသာ ခပ်ပြတ်ပြတ်စကားကိုဆိုလိုက်သည်။ထိုမိန်မတွေရဲ့အနံကို စေသာအမုန်းဆုံးပင်...အန်ချင်စရာကောင်းသလို ခေါင်းလည်းနောက်စေသည်လေ...
စေသာလည်း ဆက်မထိုင်ချင်တော့တာနဲ့barမှထွက်လာခဲ့သည်။သူ့နောက်မှာလိုက်လာတဲ့လူတစ်စုကိုမတွေ့လိုက်....
စေသာလည်းကားပေါ်သို့တက်ကာ..မနက်က သွားခဲ့တဲ့ coffeeဆိုင်လေးကို သတိရမိသည်။ အဲ့ကော်ဖီဆိုင်ကကော်ဖီလေးကိုသောက်လိုက်ရရင် စေသာအတွက်အများကြီးစိတ်သက်သာရစေသည်ဟု ခံစားမိသည်။စေသာလည်း ကားမောင်းကာ အဲ့ကော်ဖီဆိုင်လေးစီသို့...
ကံမကောင်းစွာဆိုင်ပိတ်ထားတာကြောင့် စေသာလည်း အိမ်ပြန်ဖို့လုပ်တော့ ရုတ်တရက်အန်ချင်လာတာကြောင့် ကားပေါ်ကဆင်းလိုက်စဉ်တွင်တွေ့လိုက်ရတဲ့လူတစ်စု...
"ငါ့မင်းနဲ့စကားပြောချင်တယ်...လိုက်ခဲ့..ဟေ့ကောင်တွေခေါ်လာခဲ့စမ်း"
ထိုလူများသည်စေသာလက်ကို အတင်းဆွဲခေါ်ကာ အမှောင်ကျနေတဲ့နေရာမှာရပ်လိုက်သည်။
"ဟက်...မင်းလုပ်လိုက်လို့ ငါ့အစ်ကိုထောင်ကျတော့မယ်...မင်းကိုငါ့လက်နဲ့သေအောင်သတ်မယ်"
"ဟားးလွှဲနေပြီထင်တယ်...အဲ့ကောင်က သူဘာသာဆေးမှုနဲ့ထောင်ကျမှာလေ"
"နောက်ကွယ်က ခဗျာလုပ်နေတာတွေကို ကျုပ်သိတယ်"ဟုဆိုကာ စေသာကို လက်သီနဲ့ဆွဲထိုးလိုက်တာကြောင့် စေသာလည်း ဒေါသထွက်ကာ ငါးယောက်နဲ့တစ်ယောက် တိုက်ခိုက်နေရသည့။အရက်လည်းမှုးနေတာကြောင့်ရယ်..ဟိုဘက်ကလူများနေတာကြောင့်ရယ် စေသာမဟန်တော့ပေ...ပြီးတေ့ာ သူတို့သယ်လာတဲ့တုတ်တွေနဲ့ဝိုင်းရိုက်ကြတာကြောင့် စေသာတော်တော် အထိနာသွားသည်။ခေါင်းကို ပိတ်ရိိုက်လိုက်တာကြောင့် မှုးနောက်ကာ မြေပြင်ပေါ်သို့လဲကျသွားသည်။
"ဟက်...တော်တော်မှနာရဲ့လား..."
ခနဲ့နဲ့စကားကိုပြောကာထွက်သွားတဲ့လူတစ်စု...စေသာလည်းနာကျင်လွန်းတာကြောင့်ဘမထနိုင်ဖြစ်နေသည်။အဲ့ချိန်တွင်..လူတစ်ယောက်ပြေးလာပြီး စေသာကို စိုးရိမ်ပေးတဲ့ထိုအသံလေးက စေသာကို နွေးထွေးစေသည်။ ပြီးတော့ ရလိုက်တဲ့ ကိုယ်သင်းနံလေးကို ခံစားရင်းး စေသာသတိလစ်သွားခဲ့သည်။
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...