part19

22.5K 1.7K 46
                                    

မနက်ခင်းရဲ့နေရောင်ခြည်စူးစူးကြောင့် ချစ်ခြင်းလည်းမျက်လုံးများကျိန်းလာတာကြောင့် ဆက်မအိပ်နိုင်တော့ဘဲ မျက်လုံးလေးဖွင့်ကာနိုးလာသည်။ ဘေးနားမှာလည်းမောင်မရှိတော့တာကြောင့် လူကအလိုလိုဝမ်းနည်းလာသည်။ မနေ့ကချစ်ခြင်းရဲ့ ခန္တကိုယ့်ကိုပေးဆပ်ခဲ့ပေမဲ့ မောင်သာယာမှုမရမှာလည်း စိုးရွံမိသည်။ မောင်သာမိန်းကလေးတစ်ယောက်နောက်ပါသွားရင်ဆိုတဲ့စိတ်က ချစ်ခြင်းကိုပိုပြီးဝမ်းနည်းစေသည်။
ကုတင်ပေါ်မှာထိုင်ပြီး အတွေးများနေစဉ်တွင်..
"အသည်းလေး နိုးပြီးလား...မောင်က အောက်မှာသည်းလေးစားဖို့ စွပ်ပြုတ်သွားလုပ်ခိုင်းနေလို့"
စေသာ မနက်အိပ်ရာနိုးလာတော့ ရင်ခွင်ထဲက အဖြူရောင်ကောင်လေးကိုအနမ်းပေးကာ အိပ်ရာမှထလိုက်သည်။မနေ့က စေသာကြောင့် ကိုကိုလည်းတော်တော်ပင်ပန်းသွားသည်လေ..မနေ့ညက ငိုထားတဲ့အရှိန်နဲ့ မျက်ခွံလေးတွေကမို့နေလေသည်။စေသာလည်းအိပ်ရာမှမြန်မြန်ထပြီး ကိုကိုနိုးလာရင် အားရှိအောင်စားဖို့ စွပ်ပြုတ်လေးသွားပြုတ်ခိုင်းလိုက်သည်။
အခန်းထဲသို့ပြန်လာတော့ ကုတင်ပေါ်မှာထိုင်နေတဲ့ကိုကိုဘေးနားသို့သွားကာ...
"မောင်ကိုစိတ်ဆိုးနေတုန်းဘဲလား"
"ဟင့်အင်း..မဆိုးပါဘူး..ဒါပေမဲ့ကိုကို့ကိုထားမသွားပါနဲ့နော်.."
ပေါင်ပေါ်တွင်အတင်းတက်ထိုင်ကာ ချွဲနေတဲ့ကိုကိုသည် အရင်ပုံစံလေးနဲ့ကွဲပြားစွာချစ်ဖို​ကောင်းနေပြန်သည်။
"မောင့်အသည်းလေး..အရင်ဆုံးရေချိုးရမယ်..ပြီးရင် မောင်အကုန်ရှင်းပြမှာမလို့ ဝမ်းမနည်းနဲ့တော့နော်.."
"အွန်း..မောင်..."
အခုထိမဖယ်ခွာသေးဘဲ ဖားပျံလေးလို့ကပ်ထားတဲ့ကိုကိုပုံစံလေးကြောင့် အသံတိတ်ရယ်မိသည်။
တကယ်အသည်းယားစရာလေး..

"မောင်..ကိုကိုခြေထောက်လေးပေါ်ကခြေကျင်းလေးက မောင်ဝတ်ပေးထားတာလား.."
ချစ်ခြင်းလည်းမောင်ရဲ့လည်ပင်းကိုဖက်ထားရင် ခြေထောက်လေးပေါ်က အရောင်လဲ့လဲ့လေးနဲ့ချစ်ဖို့ကောင်းတဲ့foot chainလေးသည် တော်တော်လေးလှသည်။
"ဘယ်လိုလဲ ကြိုက်လား..ကိုကို..မောင်က အမြဲတမ်း ကိုကိုရဲ့ ခြေရင်းမှာခစားမဲ့ နတ်ဆိုးလေးအဖြစ်အမြဲတမ်းနေတော့မှာမလို့..ကိုကိုကစိတ်မကောင်းစရာတွေဘယ်တော့မှမတွေးနဲ့တော့နော်.."
"အွန်း..အရမ်းချစ်တယ်မောင်..."
"ချစ်တယ်..မောင့်အသည်းလေးကို..အခုတော့ ရေချိုးကြမယ်နော်.."
စေသာလည်း ကိုကိုကိုယ်လုံးလေးကိုပွေ့ချီကာ ရေချိုးခန်းထဲသို့ခေါ်သွားသည်။ ကြိုပြီး ပြင်ဆင်ထားတဲ့ ရေချိုးကန်လေးထဲသို့ဖြေးဖြေးလေးချပေးလိုက်သည်။
"မောင်..ကိုကိုဘာသာဘဲချိုးလိုက်မယ်လေ.."
"မောင်ကိုယ်တိုင်ဘဲလုပ်ပေးချင်လို့ပါ အသည်းလေးရယ်.. အေဆေးလေးဘဲထိုင်နေတော့.."
စေသာလည်း ကိုကိုရဲ့ကိုယ်လုံးလေးအနှံလေးကို သေချာပွတ်သပ်ကာဆေးကြောပေးနေမိသည်။ ကိုကိုရဲ့ ခြေထောက်လေးကိုအသာဆွဲယူကာ စေသာလက်ဖဝါးလေးဖြင့်ဖွဖွလေးပွတ်သပ်ပေးလိုက်ရင်းပေါင်ရင်းနားလေးတွေပါမကျန်ဆေးကြောပေးလိုက်သည်။
ကိုကိုရဲ့အရာလေးကိုကိုင်ဖို့လုပ်တော့..
"ဟို...မလုပ်နဲ့တော့..အဲ့တာတော့..ကိုကိုဘာသာဘဲလုပ်လိုက်မယ်.."
လက်ကိုအတင်းဆွဲဖယ်ကာ အရှက်သည်းနေတဲ့ကိုကိုပုံလေးကြောင့်ဘအသံထွက်ရယ်မိသည်။
"အသည်းလေးတစ်ကိုယ်လုံးကို မောင်အကုန်မြင်ဖူးပြီးသားပါ..ရှက်မနေနဲ့တော့.."
"မောင်နော်..အရှက်မရှိလျောက်ပြောနေတယ်.."
စေသာလည်း ကိုကိုရဲ့အကောင်လေးကိုလက်လေးဖြင့် ကိုင်ကာ ပွတ်သပ်ဆေးကြောပေးလိုက်သည်။ စိတ်မကြွဘဲတော့နေမလား...မနည်းထိန်းနေရတာကိုယ့်ဘာသာသိသည်။
ရေချိုးပြီးတော့ ကိုကိုကို့သဘတ်လေးပတ်ကာ အပြင်သို့ပွေ့ချီလာခဲ့သည်။
အဝတ်အစားကအစသေချာလဲပေးကာ အောက်ထပ်သို့ပွေ့ချီလာခဲ့သည်။
ဧည့်ခန်းထဲမှာလည်းမနေ့ကပြောထားတဲ့အတိုင်း စစ်ခကကြိုရောက်နှင့်လေသည်။
"စစ်ခ ထမင်းစားခန်းထဲလိုက်ခဲ့...ကိုကိုက ဗိုက်ဆာနေပြီ.."
စေသာလည်း အသည်းလေးဗိုက်ဆာနေတာသိတာကြောင့် ထမင်းစားခန်းသို့သာပွေ့ချီလာခဲ့သည်။ ခုံပေါ်မှာမထိုင်စေဘဲ စေသာပေါင်ပေါ်မှာဘဲထိုင်ခိုင်ကာ စွပ်ပြုတ်လေးကိုခွံကျွေးနေလိုက်သည်။
"စစ်ခ မနေ့ကအကြောင်းကို ကိုကိုနားလည်အောင်ရှင်းပြပေးပါအုံး"
"အဲ့တာကလေ..အကိုလေး..%$$$#*&^%/-=$$$-*%$&&%$^**=^^%$=((((%$$$"

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now