စေသာမောင်းလာတဲ့ကားလေးသည် နောက်ဆုံးတော့ အပန်ဖြေအိမ်လေးဆီသို့ရောက်လာသည်။ စေသာလည်း ကားပေါ်ကဆင်းကာ ကိုကိုဘက်ခြမ်းကိုကားတခါးဖွင့်ပေးလိုက်တော့..
"Wow..လှလိုက်တာ..."
"ကိုကိုသဘောကျလား.."
"အင်းအရမ်းဘဲ ပြန်တောင်မပြန်ချင်တော့ဘူး.."
ချစ်ခြင်းကားပေါ်ကဆင်းလိုက်တော့ မြင်လိုက်ရတာက အိမ်လေး ချစ်ဖို့ကောင်းတယ်..အရမ်းကြီး မကြီးဘဲ အလယ်အလတ်အိမ်ပုံစံလေးကြောင့် ပိုပြီးသဘောကျမိသည်။ အိမ်ရဲ့ဘေးမှာလည်း ပန်ပင်လေးတွေက အစီအရီစိုက်ထားသည်။အိမ်ရဲ့ ပတ်ပတ်လည်ကိုလည်း သစ်ပင်ကြီးများက ကားဆီးထားသေးသည်။ လေကောင်းလေသန့်လည်းရပြီးတကယ်ကိုစိတ်ချမ်းသာစရာကောင်းလှသည်။
"ကိုကို အနောက်ဖက်မှာလည်း စမ်းချောင်းလေးရှိတယ်.. သွားကြည့်မလား.."
"အင်း..သွားကြည့်မယ်...မြန်မြန်"
တက်တက်ကြွကြွနဲ့ကိုကိုပုံစံလေးသည် စေသာထက် အသက်ပိုကြီးတယ်လို့ပြောရင် ယုံနိုင်ဖွယိမရှိပါ..တကယ်ကလေးလေးလို့ပင်ဖြူစင်လှသည်။စေသာလည်း ကိုကိုလက်ကိုတွဲက အိမ်ရဲ့အနောက်ဖက်စမ်းချောင်းလေးဆီသို့ခေါ်လာခဲ့သည်။
"တကယ်လှတယ်.. ကိုကိုအရမ်းသဘောကျတာဘဲ ဒီနေရာလေးကို.."
စမ်းချောင်းလေးမှာရေလေးတွေကလည်းကြည့်လင်ကာ ကျေးဉက်လေးတွေရဲ့အသံလေးတွေတောင်ကြာနေရသည်။
"မောင်..ကိုကို အောက်ဆင်းချင်တယ်.."
"ညနေလောက်မှဆင်းလေ ကိုကိုရဲ့ ခရီးပန်လာတော့ ပင်ပန်းနေမှာပေါ့..."
"မောင်ကလည်းခဏလေးဘဲလေနော်.."
မျက်လုံးလေးက ချစ်စရာကောင်းအောင်လုပ်ပြနေတာကြောင့် စေသာလည်း မတားရက်တော့ပါ..
"အဲတာဆို ခဏဘဲနော်.."
"ဟီးး အဲ့တာကြောင့်ချစ်နေရတာ.."
စေသာလည်း ခွင့်ပြုပေးလိုက်ရော..ရေထဲကိုပြေးဆင်းသွားတဲ့ကိိုကိုရယ်ပါ..
"မောင်ရေလေးက အေးနေတာဘဲ..လာခဲ့.."
"မောင်က ဒီကနေဘဲကြည့်နေမယ်.."
စေသာပြောတာကို သဘောမကျစွာ လက်ခုပ်လေးဖြင့် ရေလေးတွေကိုခပ်ကာ စေသာကိုလိုက်စနေသည်။
"ကိုကိုကမောင့်ကို လာစနေတာဘဲ..တွေကြသေးတာပေါ့.."
စေသာလည်း ရေထဲသို့ဆင်းကာ ကိုကို့ကို့ ရေလေးတွေနဲ့ပက်ကာစလိုက်တော့.
"ဟီးဟီး...ကိုကို့ကိုစတယ်ပေါ့..."
စေသာကိုယ်ပေါ်သို့ခုံတက်လိုက်တာကြောင့် အမြန်ဖက်လိုက်ပေမဲ့ နှစ်ယောက်လုံးရေထဲ ပြုတ်ကျသွားတော့သည်။စေသာက အောက်မှာဖြစ်တာကြောင့် တစ်ကိုယ်လုံးစိုရွဲသွားသည်။ စေသာကိုယ်ပေါ်ကနေ တခစ်ခစ်ရယ်နေတဲ့ ကိုကိုရဲ့နှူတ်ခမ်းလေးကို အနမ်းပေးလိုက်တော့ မျကိလုံးလေးပြူကာအံသြသွားသည်။ခဏအကြာတော့ အနမ်းတွေကို တုန့်ပြန်ရင်း အချိန်တော်တော်ကြာသွားသည်။
"အွန့်..တော်ပြီလေ..မောင်..ကိုကိုဗိုက်ဆာနေပြီ.."
"နမ်းလို့တောင်မဝသေးဘူး.."
"အဆိုးလေးတော့တော့ကွာ..ညကျမှပြန်နမ်း အခုတော့ တစ်ခုခုသွားစားကြရအောင်..."
"ဟုတ်ပါပြီဗျာ..လာသွားကြမယ်.."
စေသာလည်း ကိုကို့ကိုယ်လုံးလေးကို ရှေ့ကနေ ပွေ့ချီလိုက်တော့ ခြေထောက်လေးတွေက စေသာခါးမှာချိတ်ထားပြီး မျက်နှာလေးကို လည်ပင်ပေါ်မှာခေါင်းလေးစောင်းကာ လိုက်လာနေတဲ့ အသည်းလေးး..
"မောင်..ကိုကိုအဝတ်အစားသွားလဲလိုက်အုံးမယ်..မောင်လည်း အဝတ်အစား လဲထားအုံးဖျားနေမယ်.."
အိမ်ထဲရောက်တော့ စေသာကိုယ်ပေါ်ကနေ အသည်းအသန်ဆင်းကာ အဝတ်အစားသွားလဲတဲ့ကိုကို့ကိုကြည့်ပြီးရယ်ခြင်မိသည်။စေသာလဲပေးရင် တစ်နေလုံးအစားခံရမှာသိတာကြောင့် အခန်းထဲပြေးဝင်သွားတဲ့ကိုကိုက တကယ်အလည်လေးပင်..ရပါတယ်..နောက်နေ့တွေစားလို့ရပါသေးတယ်..
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...