part12

25.4K 1.8K 59
                                    

မနက်ခင်းနေရောင်ခြည်တွေဖြာကျနေတဲ့ကုတင်ပေါ်မှာ ကောင်လေးတစ်ယောက်က လက်လေးထောက်ကာ အိပ်ပျော်နေတဲ့ကောင်လေးကိုတစိမ့်စိမ့်ကြည့်နေသည်။ ချစ်ခြင်းတွေပြည့်ဝနေတဲ့မျက်လုံးတွေဖြင့် ကြည့်နေတဲ့သူက စေသာဆိုတဲ့ကောင်လေးဖြစ်သည်။
စေသာအိပ်ရာကနိုးလာတော့ ကိုကိုက ရင်ခွင်ထဲတိုးဝင်ကာအိပ်ပျော်နေသည်။ မနေ့ညက အဖြစ်အပျက်လေးကို ပြန်မြင်ယောင်ကာ ပြုံးမိသည်။ ကိုကိုရဲ့ဖွေးအုနေတဲ့ပါးဖောင်းဖောင်းလေးကို မနေနိုင်စွာ နမ်းမိပြန်သည်။ နဖူလေးရော မြတ်နိုးမှုအပြည့်နှင့်နမ်းရှိုက်လိုက်သည်။အရှေ့မှာမြင်နေရတာတောင် စေသာမှာလွှမ်းနေတုန်းဘဲ..
လွှမ်းခဲ့ရတဲ့ရက်တွေအတွက် စေသာလည်း ကိုကိုမေးဖျားလေးကိ​ု လက်ကလေးဖြင့် အသာပင့်ကာ နှုတ်ခမ်းလုံးလုံးလေးကို ထိကပ်လိုက်သည်။ ထိကပ်ရုံနဲ့တင် နှုညံလွန်းတာကြောင့် ဝါးစားချင်စိတ်ကို မနည်းတားနေရသည်။ နှုတ်ခမ်းတစ်ခုလုံးကို ဖိစုပ်ကာ နမ်းလိုက်တော့ ကိုကိုရဲ့လက်နုနုလေးက အတင်းတွန်းလာတော့သည်။
"မောင်..ဘာလုပ်နေတာလဲ..ကိုကိုအိပ်နေတာကို"
ချစ်ခြင်းလည်း အိပ်နေတုန်း အပေါ်ကနေ အတင်းဖိထားတာကြောင့် လူက အသက်ရှုကျပ်ခြင်နေပြီ.. ခပ်စူစူအထိအတွေ့ကြောင့် မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ မောင်ရဲ့နှုတ်ခမ်းက ချစ်ခြင်းရဲ့နှူတ်ခမ်းတွေကို အတင်းစုပ်နေတာကြောင့် နှူခမ်းမွှေးသေးသေးလေးတွေက စူးနေတော့သည်။အဲ့တာကြောင့် တွန်းဖယ်လိုက်ချင်းဖြစ်သည်။
"မောင့်အသည်းလေးတွေကို လွှမ်းလို့နမ်းတာပါ..."
"လွှမ်းရအောင် မောင်ကလည်း ကိုကိုက မင်းအရှေ့မှာလေ..."
"မသိဘူး မြင်နေရတာတောင်လွှမ်းတယ်.."
ဟူဆိုကာ မောင့်ကိုယ်လုံးကြီးမှအားမနာအတင်းရင်ခွင်လေးထဲတိုးဝင်နေတော့သည်။ ချစ်ခြင်းလည်း ဆံပင်လေးတွေကိုအသာအယာဖွပေးလိုက်သည်။
"ထတော့မောင်..မျက်နှာသွားသစ်ကြမယ်နော်.."
"အွန်း..ကိုကိုသစ်ပေး..ပြီးတော့ မောင့်ကို ဒါတွေရိတ်ပေး"လက်ကလေးဖြင့်ထိုးပြီးသူနှုတ်ခမ်းနားက အမွှေးလေးတွေကို ပြနေသည်။
"လုပ်ပေးမှာပေါ့မောင်ရဲ့..လာသွားကြမယ်"
လိုက်လာတာတောင်မှ ချစ်ခြင်းရဲ့ခါးကို အတင်းဖက်ကာ လိုက်လာတော့သည်။ချစ်ခြင်းပုံစံမှာ သားရှိမိခင်ကျနေတာဘဲ..အခုလည်းချစ်ခြင်းကိုဘေစင်ပေါ်သို့တင်ပေးပြီး ရိတ်ခိုင်းနေသည်။
ချစ်ခြင်လည်း ဒဏ်ရာလေးမရအောင်သေချာလေးလုပ်ပေးလိုက်သည်။
"ရပြီးမောင်.. လှသွားပြီ"
"ကိုကိုကလည်း ချောတာပါ"
"ဟုတ်ပါပြီ ချောတာပါဗျ"
နှစ်ယောက်သား မျက်နှာသစ်သွားတိုက်ပြီးနောက်မနက်စာစားရန်ဆင်းလာခဲ့သည်။
"ကိုကို..ဒါက ကြီးစိန်တဲ့ အိမ်ရဲ့ထမင်းချက် ကိုကိုစားချင်တာတွေကိုချက်ခိုင်းလို့ရတယ်"
"မဂ်လာပါအကိုလေး.. "
"ဟုတ်ကြီးစိန် သားကို ချစ်ခြင်းလို့ဘဲခေါ်ပါနော်"
သဘောကောင်းတဲ့အကိုလေးရဲ့စိတ်တိုင်းကျသာခေါ်ပေးလိုက်သည်။
မနက်စာစားနေတုန်း..
"မောင်..ပြီးရင် ကိိုကို အိမ်ပြန်တော့မယ်..အလုပ်လည်းသွားရအုံးမယ်ဆို​တော့"
"မရပါဘူး..မပြန်ရဘူး.. ကိုကိုက မောင့်အနားမှာဘဲနေရမှာ.."
"မောင်..တွေ့ချင်ရင်လာတွေ့လို့ရတာပါ"
"ကိုကို..မောင်ကိုထားခဲမလို့လား.. မောင့်အနားမှာနေပါနော်."
မျက်နှာလေးငယ်ပြီး တောင်ဆိုနေတဲ့ကောင်လေးကြောင့် ထားခဲ့ပြီး အိမ်ပြန်ဖို့ ချစ်ခြင်းမလုပ်နိုင်ပါ..ကောင်လေးမျက်နှာညိုးရင်​တောင်မနေနိုင်ဘူးလေ..
"ဟုတ်ပါပြီ.အဆိုးလေးရယ် ကိုကိုမပြန်တော့ဘူး..အခု ကိုကိုအဝတ်အစားတွေပြန်ယူရအုံးမယ်လေ.."
"ရတယ် ကိုကိုမသွားနဲ့မောင်လုပ်ပေးမယိ..."
မောင်သည်ဖုန်းကိုကောက်ကိုင်ပြီး..
"ဟလို စစ်ခ ကုန်တိုက်ကလေယောက်ကျားလေးဝတ်အဝတ်အစားတွေ ဝယ်လာခဲ့ များလေကောင်းလေဘဲ..နံမည်ကြီးbrandတွေထဲကဘဲ"
ဟုဆိုကာ ဖုန်းချလိုက်တဲ့မောင်ကြောင့်လူက နာမလည်တော့...
"မောင်..ဘာလိုဝယ်နေတာလဲ"
"မောင့်အသည်းလေးအတွက်လေ..ပြန်ယူရင်အချိန်ကုနိတယ်.မောင့်အနားမှာဘဲနေ..."
တကယ်အဆိုးလေးပင်.. သူ့လုပ်ချင်တာ တစွတ်ထိုးလုပ်တက်တဲ့ကောင်လေးပင်....

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now