part3

29K 2.6K 35
                                    

စေသာလည်း သူကို စကားပြောရင်း ရေချိုးခန်းထဲက ထွက်လာတဲ့ကိုကို ကိုကြည့်လိုက်တော့ ညဝတ်အကျီ အပြာနုရောင်လေးမှာလည်း ယုန်ရုပ်လေးတွေနဲ့ ညဝတ်ဘောင်းဘီအတိုလေးကိုဝတ်ထားတာကြောင့် မြင်နေရတဲ့ပေါင်တံသွယ်သွယ်လေးရယ် ရဲနေတဲ့ဒူးဆစ်လေးရယ် ခြေသလူံးဖောင်းဖောင်းလေးတွေရယ် ခြေချောင်းနုနုလေးတွေကြောင့် စေသာမှာ နှာခေါင်းသွေးတောင်လျံချင်တယ်....စေသာရပ်ကြည့်နေတာကိုနားမလည်စွာ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ကြည့်နေတဲ့ကိုကို...ချစ်ဖို့ကောင်းလွန်းလို့...သေတော့မယ်ထင်တယ် ကိုကိုအသေးလေးရယ်...
"မောင်....ဘာလိုချင်လို့လဲဟင်"
ချစ်ခြင်းလည်း သူကို မျက်လုံးပြူးကာ ကြည့်နေတဲ့ကောင်လေးကြောင့် နားမလည်စွာမေးလိုက်တော့...
"အာ...မဟုတ်ပါဘူးကိုကိုရဲ့....ကိုကိုစာဖတ်မလို့ဆိုဖတ်လေ..ကျွန်တော်လည်းမအိပ်ချင်သေးလို့စောင့်မယ်လေ.."
"အွန်း...မင်းသဘောပါ....အာ..ပျင်းနေရင် ကိုယ်ဖုန်းနဲgameဆော့နေလေ..မနက်ဖြန်ကျမှဖုန်းလိုက်ဝယ်ပေးမယ်"
"ဟုတ်ကဲ့ကိုကို ကျေးဇူးပါ"
"ရပါတယ်ကွာ မလိုပါဘူး မင်းသာ ပြန်မှတ်မိအောင်လုပ်နော်"
"ဟုတ်"စေသာလည်း ဖြစ်နိုင်ရင် ဘာမှမမှတ်မိသလို နေလို့ရရင် ကောင်းသား...
ချစ်ခြင်းလည်း မနေ့ကဖတ်လက်စ စာအုပ်လေးကိုပြန်ဖတ်နေလိုက်သည်။ ချစ်ခြင်းက စာအုပ်ဖတ်ရတာကို အရမ်းကြိုက်တာ..ပြီးတော့ ဘယ်သူနဲမှစကားပြောစရာမရှိတာကြောင့် စာအုပ်ဘဲဖတ်လေ့ရှိသည်။
စေသာကတော့ ကိုကိုပေးတဲ့ ဖူန်းထဲက gameကိုကြည့်ပြီး ရယ်သာရယ်လိုက်ချင်တော့သည်။ဖရဲသီးခွဲတဲ့gameရယ်.... english စာလုံးလေးတွေစပ်တာရယ်ဘဲရှိသည်လေ...စေသာလည်း gameမဆော့ချင်တာကြောင့် ကိုကိုရဲ့ပုံတွေကိုလိုက်ကြည့်နေလိုက်သည်။ပုံရယ်လို့များများစားစားမရှိပါလေ....ပုံလေးတစ်ပုံ ကလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးကြောင့်စေသာလည်း...
"ကိုကို အဲ့ပုံလေးကချစ်စရာလေး....ဘယ်တုန်းကလည်း"
"အွန်း ဟုတ်တယ်..ကိိုကိုနေခဲ့တဲ့မိဘမဲ့ဂဟာမှာ အမြဲတမ်း သွားလှူဖြစ်တယ်လေ..ကလေးလေးတွေက အပြစ်ကင်းပြီးချစ်ဖို့ကောင်းကြတယ်"
အနည်းငယ်ဝမ်းနည်းသံပါနေတဲ့ကိုကိုကြောင့်..
"ကိုကိုက ဂေဟာမှာနေခဲ့တာလား"
"အွန်း ဟုတ်တယ်..ကိုယ်ကိုအမေ့တို့လာခေါ်လိမ့််မယ်လို့စောင့်နေရင်းနဲ့အမြဲတမ်းနေဖြစ်သွားတယ်ထင်တယ်..."
ဆွေးဆွေးမြေ့မြေ့ပြောနေတဲ့ကိုကိုကြောင့် စေသာအမှန်တကယ်စိတ်မကောင်းဖြစ်မိသည်။ကိုကိုအပြုံးလေးတွေကို မြင်ချင်တာ....ဒီတစ်ခါနောက်ဆုံပါ..ကိုကို ကိုဘယ်တော့မှ ဝမ်းနည်းအောင်မလုပ်တော့ဘူး...
"ဝါးး အိပ်ချင်လာပြီ...ကိုကိုသွားအိပ်တော့မယ်"
အာသန်းကာ အရမ်းအိပ်ချင်နေတဲ့ကိုကို ကဘယ်မှာသွားအိပ်မလို့လဲ....စေသာလည်း မသိတာကြောင့် ကိုကိုလက်ကိုဆွဲကာ..
"ကိုကိုဘယ်မှာအိပ်မလို့လဲ "
"ကိုယ်ရှေ့က sofaမှာအိပ်မလို့လေ..ကုတင်လေးက နှစ်ယောက်အိပ်ဖို့ ကျဉ်းသလားလို့"
"မကျဉ်ပါဘူး ကိုကိုရဲ့ အတူတူအိပ်မယ်လေနော်..ကျွန်တော်က နေရာစိမ်းမှာတစ်ယောက်တည်းမအိပ်ရဲလို့ပါ"
အိပ်မပြန်ဖြစ်ဘဲ တွေ့ရာ ကလပ်တွေ ဟိုတယ်တွေမှာ အိပ်တယ်ဆိုတာတော့ ကိုကို သိဖို့မလို့ပါ..
ချစ်ခြင်းလည်း အသနားခံတဲ့မျက်လုံးလေးကြောင့် မငြင်းနိုင်ပါ...ကောင်လေးတော်တော်ကြောက်သည်ထင်တယ်...
"အွန်း ကိုယ်အိပ်ပေးမယ်နော်"
နှစ်ယောက်သား ကုတင်ပေါ်သို့လှဲလိုက်သည်နှင့် ချစ်ခြင်းရဲ့ကိုယ်လူံးလေးက စေသာရဲ့ရင်ခွင်ထဲသို့ ဝင်မတက် ထိကပ်သွားသည်။
"ကိုကို အိပ်တော့လေ.."
"အွန်း gnနော်..မောင်"
ကိုကိုအိပ်ပျော်တဲ့အထိစေသာစောင့်လိုက်သည်။ ခဏအကြာတော့ အသက်ရှုမှန်မှန်ဖြင့် အိပ်ပျော်သွားတာကြောင့် စေသာလည်း ကိုကို ကိုယ်လုံးလေးကို သိုင်းဖက်ကာ ရင်ခွင်ထဲသို့ထည့်ထားလိုက်ပြီး ကိုကိုရဲ့ကိုယ်သင်းနံလေးကိုမွှေးကာစေသာလည်း အိပ်စက်ချင်းဆီသို......

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now