ညနေလည်းရောက်တော့ စေသာလည်းဆေးသောက်ပြီးအိပ်လိုက်ရတာကြောင့်လားမသိနည်းနညိးတော့သက်သာသွားသည်။ အပူချိန်လည်းကျသွားတာကြောင့် တော်တော်လေးနေလို့ကောင်းသွားသည်။ ကိုကို့ကိုလှည့်ပတ်ရှာကြည့်တော့ မတွေ့ရတာကြောင့် လှမ်းအော်နေမိသည်။
"ကိုကိုရေ...ကိုကို...ဘယ်မှာလဲ"
"ကိုယ်လာပြီ...အဆိုးလေးရေ"
ချစ်ခြင်းလည်း အိပ်ပျော်နေတဲ့မောင်ရဲ့နဖူးလေးအပါ်သို့ရေစိုဝတ်လေးဖြင့် ကပ်ကာ အပူချိန်လျော့အောင်လုပ်ပေးနေရသည်။ အချိန်လည်းကြာလာတော့ အပူချိန်လည်း တော်တော်လျော့သွားတာကြောင့် မောင့်မျက်နှာပေါ်က ဒဏ်ရာတွေကိုဆေးလေးလိမ်းပေးလိုက်သည်။ဒဏ်ရာလေးကိုမြင်ရတော့ စိတ်မကောင်း မောင်ရန်ဖြစ်လာတာကိုချစ်ခြင်းသဘောမကျပါ..မောင်ကိုထိခိုက်စေသည်လေ.. မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရင်းး ချစ်ခြင်းသတိထားမိတာက မောင့် နှာတံဖြောင့်ဖြောင့်လေးပေါ်က မှဲ့သေးသေးလေး... အဝေးကကြည့်ရင် မမြင်နိုင်ပေမဲ့ အနီကပ်ကြည့်ရင် ချစ်ဖို့ကောင်းသည်။ ချစ်ခြင်းလည်း မောင့်နှာခေါင်းလေးပေါ်က မှဲ့နက်လေးကို နမ်းချင်တာကြောင့် ထိကပ်မိလိုက်သည်။ ကိုယ်တိုင်ဘာလုပ်မိမှန်းမသိတာကြောင့် ချစ်ခြင်းလည်းအမြန်ခွာလိုက်သည်။
"ဟူးး ငါဘာတွေလုပ်မိတာပါလိမ့်..ရှက်လိုက်တာ"
ချစ်ခြင်းလည်းအခန်းထဲမှထွက်ကာ မောင်စားဖို့ဆန်ပြုတ်လေးသွားပြုတ်လိုက်သည်။ဆေးကိုမှန်မှန်လေးသောက်ပေးမှ မနက်ဖြန်လောက်ဆိုရင်အရှင်းသက်သာသွားမှာလေ..ခဏအကြာတော့ အခန်းထဲ အဆိုးလေးခေါ်သံကြောင့် ချစ်ခြင်းလည်း ဆန်ပြုတ်ပန်ကန်လေးသယ်ကာ အခန်းသို့မြနိမြနိလာရတော့သည်။ချစ်ခြင်းလည်း မောင်က လှမ်းအော်ခေါ်နေတာကြောင့် တစ်ခုခုများဖြစ်လိုများလားဆိုပြီး အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာထိုင်ပြီးစူပုတ်နေတဲ့မောင်ကြောင့် ခေါင်းများကိုက်နေသလားဆိုပြီးမေးကြည့်လိုက်သည်။"မောင်တစ်ခုခုဖြစ်လို့လား...ခေါင်းကိုက်လို့လား..ကိုကို့ကိုပြောလေ"
စေသာကို စိုးရိမ်စွာကြည့်ပြီးမေးနေတဲ့ကိုကို...စေသာဘဝမှာ ပထမဆုံးစိုးရိမ်ပေးတဲ့သူ.. ရန်ဖြစ်လာတိုင်း ဒဏ်ရာတွေကို ဆေးထည့်ပေမဲ့လူမရှိခဲ့ဘူး.. ညတိုင်း အိမ်ပြန်မလာတိုင်း စိုးရိမ်ပေးမယ်လူမရှိခဲ့ဘူး.. ေနမကောင်းတိုင်း ပြုစုပေးမဲ့လူမရှိခဲ့ဘူး...အခုတော့ စေသာရဲ့နွေးထွေးမှုလေးက စေသာနှလုံးသားထဲကိုရောက်ရှိလာခဲ့သည်။စေသာဘဝမှာကိုကိုမှမရှိတော့ရင် မဖြစ်တော့အထိအရေးပါလှတဲ့ စေသာရဲ့ရှင်သန်ရာလေ...
"ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့ မောင်က ကိုကို့ကိုမတွေ့လို့ ခေါ်မိတာ"
အဲ့တော့မှ ချစ်ခြင်းလည်း စိုးရိမ်တာလျော့သွားတော့သည်။
"အဆိုးလေးကတော့ကွာ..ကိုကို့ကစိုးရိမ်သွားတာဘဲ...အခုတော့ ဆန်ပြုတ်လေးသောက်ရအောင်"
"ဟင့်အင်းးမသောက်ချင်ဘူးကိုကို.."
"အဲ့..အာတာဆို ဘာစားချင်တာလဲ"
"ခေါက်ဆွဲပြုတ်စားချင်တယ်..ကိုကိုပြုတ်ပေးတဲ့ခေါက်ဆွဲလေးစားချင်နေတာမောင်က"
"အွန်း..ခဏလေးနော် ကိုကိုသွားပြင်ပေးမယ်"
"မောင်လည်းလိုက်မှာ..ကိုကိုအနားမှာဘဲနေချင်လို့"
နေမကောင်းတော့ တအားချွဲနေတဲ့မောင်ပါလေ..နေမကောင့်းရင်လူတိုင်းအားငယ်တက်သည်မလား...ချစ်ခြင်းလည်းမောင်မျက်နှာလေးညိုးနေရင်မနေတက်တာကြောင့်
"ကဲ..လာလိုက်ခဲ့"
စေသာလည်း ကိုကိုနောက်သို့လိုက်ကာ ထမင်းစားခန်းထဲသိုဝင်လာသည်။
"မောင်ခုံမှာထိုင်နေနော်..ကိုယ်ခေါက်ဆွဲပြုတ်လိုက်အုံးမယ်"
"ဟုတ် ကိုကို"
စေသာလည်း ကိုကိုလုပ်နေတာကိုအနောက်ကနေတစိမ့်စိမ့်ကြည်နေမိသည်။ ကိုကိုက အိမ်ရှင်ထီးလေးအတိုင်းဘဲ။လက်သွယ်သွယ်လေးတွေနဲ့ခေါက်ဆွဲထုပ်လေးကိုဖောက်ထည့်နေတာများ သွက်သွက်လက်လက်ပင်.. စေသာလည်း ခုံမှထကာ ကိုကိုခါးလေးကိုသိုင်းဖက်ထားလိုက်တော့..
"မောင်..ဘာလိုလဲ ကိုကိုအလုပ်လုပ်နေတယ်လေ.."
ချစ်ခြင်း မောင့်အတွက် ခေါက်ဆွဲပြုတ်နေတုန်း နောက်ကနေ ခါးကိုသိုင်းဖက်လာတဲ့မောင်ကြောင့်အနည်းငယ်လန့်သွားသည်။အဆိုးလေးကတော့ ပီကေလေးကျနေတာဘဲ..
"ဖက်ထားချင်လို့ကိုကို့ကို"
"မောင်ကွာ မဆိုးရဘူးလေ..အပူလောင်နေမယ်..သွားထိုင်နေ.."
"ဟင့်အင်း မထိုင်ချင်ဘူး"
ချစ်ခြင်းလည်းပြောမရတာကြောင့် လွှတ်ထားလိုက်သည်။ ချစ်ခြင်းဟိုဘက်သွားရင် ဟိုဘက်လိုက်လာသည်။ဒီဘက်သွားရင်ဒီဘက်..
ချစ်ခြင်းမှာတော့ အပူမလောင်အောင်ဂရုတစိုက်လုပ်နေရသည်။
"မောင်လွှတ်အုံး ပြီပြီ...စားလို့ရပြီ"
"ဟူတ် ကိုကို"
စေသာလည်း ခုံမှာထိုင်လိုက်ကာ ကိုကိုပြုတ်ပေးထားတဲ့ခေါက်ဆွဲကိုစားလိုက်သည်။ကိုကိုကလက်ရာအရမ်းကောင်းတာ ကိုကိုလုပ်ကျွေးသမျှတွေကိုစားရလွန်းလို့ ဝတော့မယ်..
"စားလို့ကောင်းလားမောင်"
"အွန်း..ကောင်းတယ် အရမ်းဘဲ"
လက်မလေးထောင်ပြကာ အားရပါးရစားနေတဲ့မောင်ပါလေ..
နှူတ်ခမ်းလေးမှာလည်းအဆီတွေပေးနေတာကြောင့်..
"မောင်ကအမြဲပေအောင်စားနေတာဘဲ"
ချစ်ခြင်းလည်းမောင်နှုတ်ခမ်းလေးကို လက်မလေးနဲ့သုတ်ပေးလိုက်သည်။
"ဟီး ကိုကိုသုတ်ပေးမယိမှန်းသိလို့ ပေအောင်စားတာ"
"အတက်လေး...စားတော့..အေးရင်ပွသွားလိမ့်မယ်"
စားသောက်ပြီးတော့ ချစ်ခြင်းလည်း မောင်အတွက် ဆေးယူကာ မောင်လက်ထဲထည့်ပေးလိုက်သည်။
"မသောက်ချင်ဘူး...မနက်ကလည်းသောက်ထားရတာ..ပါးစပ်တွေခါးနေပြီ"
ဂျစ်တူလေးကတော့ စပြီးဂျစ်နေလေသည်။ဆေးသောက်မှပျောက်မှာကိုမသောက်ချင်ဘူးလုပ်နေသည်။
"သောက်လိုက်ပါမောင်ရယ်..အဲ့တာမှ ညအိပ်ရင်အဖျားမတက်မှာလေ.."
"မောင်သောက်လိုက်လို့ခါးရင်..ကိုကိုနှူတ်ခမ်လေးကိုစားမယ်...ရတယိမလား.."
အကြံကြီးတဲ့မောင်ပါလေ.. ..
"ဟို..အဲ့တာက.."
"သောက်လိုက်ပြီကိုကို...ခါးလိုက်တာ..မွ..ပြွတ်"
ချစ်ခြင်းတောင် ဘာမှပြန်မပြောရသေးဘူး အဆိုးလေးကဆေးကိုသောက်ချလိုက်ပြီး..ချစ်ခြင်းနှုတ်ခမ်းလေးကိုစုပ်ကာနမ်းသွားသည်။
"မောင်ကတော့ကွာ...သွာ..အိပ်ကြရအောင်"
မျက်နှာလေးရဲကာ အခန်းထဲသို့ဝင်သွားတဲ့ကိုကိုပါလေ..ကျွန်တော်လည်း ကိုကိုနဲ့တွေ့မှ အမြဲနမ်းချင်နေတော့တယ်..
"ကိုကို ရှက်သွားတာလား"
စောင်ခေါင်းမြီးခြုံထားတဲ့ကိုကိုကတုတ်တုတိတောင်မလှုတ်တာကြောင့်စောင်လေးကိုဆွဲလိုက်တော့ မျက်လုံးဝိုင်းလေးနဲ့ကြည့်လာပြန်သည်။
"ဘာ..ဘာလုပ်မလို့လဲ"
"မလုပ်ပါဘူးကိုကိုရယ်..ရှက်နေတဲ့မျက်နှာလေးကိုကြည်ခြင်လို့"
"မင်းနော်... ကိုယ်ဘာမှမရှက်ဘူး..ပြီတော့ မင်းက ချစ်သူတောင်မဖြစ်သေးဘူး အရမ်းအခွင့်ရေးယူလွန်းတယ်"
"ကိုကို့ကိုချစ်လို့ နမ်းမိတာပါ..ကိုကို့ကိုအခွင့်ရေးယူသလိုဖြစ်သွားရင်တောင်ပန်ပါတယ်..နောက်တစ်ခါမနမိးတော့ဘူးနော်"
မျက်နှာလေးညိုးကာတောင်းပန်နေတဲ့ကောင်လေးကြောင့် ချစ်ခြင်းပြောတာ လွန်များသွားသလားလို့.. ကိုယ့်လည်းအရမ်းရှက်မိတာကြောင့်ပြောလိုက်မိတာပါ..
"ဟို..ကိုယ်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ပါဘူး..မောင်စိတ်မကောင်းမဖြစ်နဲ့နော်.."
"အွန်းပါ..မောင်အခန်းပြန်တော့မယ်နော်.."
ချစ်ခြင်းလည်း ငိုချင်လာသည်။ကောင်ဆိုးလေးစိတ်မကောင်းဖြစ်အောင်ပြောမိရင် ချစ်ခြင်းလည်း စိတိမကောင်းဖြစိမိသည်။
ထွက်သွားဖို့လုပ်နေတဲ့မောင့်ခါးကိုဖက်ကာ..
"ကိုကိုနဲ့ဘဲ အိပ်ပါမသွားပါနဲ့နော်..ဟင့်.. မောင်နမ်းချင်ရင် ကြိုက်တဲ့ချိန်နမ်းနော်..ကိုကိုစိတ်မဆိုးတော့ဘူး..ခုနကလည်းကိုကိုရှက်လို့ပြောမိတာပါ.."
စေသာကို အနောက်ကနေဖက်ကာ ငိုနေတဲ့ကိုကိုကြောင့်စေသာလည်း တင်းမထားနိုင်တော့..ငိုနေတဲ့ကိုကိုဘက်ကိုလှည့်ကာ ပါးပြင်ပေါ်ကမျက်ရည်လေးတွေကိုသုတ်ပေးလိုက်ပြီး...
"မောင်..ကိုကို့ကိုငိုအောင်လုပ်မိပြန်ပြီ..မငိုနဲ့တော့နော်..ကိိုကိုနဲ့ဘဲအိပ်တော့မယ်.."
စေသာလည်း ကိုကိုကိုယ်လုံလေးကို ရှေ့ကနေပွေ့ချီကာ ခြေထောက်လေးတွေကို ခါးမှာချိတ်စေလိုက်သည်။ ကိုကိုကတော့ စေသာ စိတ်ဆိုးမှာစိုးလို့လားမသိပခုံးလေးကိုဖက်ကာလိုက်လာသည်။
စေသာလည်း ကိုကို့ကို ကုတင်ပေါ်တွင်လှဲအိပ်စေကာ စေသာရင်ခွင်ထဲသို့ထည့်ထားလိုက်သည်။
"အိပ်တော့နော်.ကိုကို..မငိုနဲတော့.."
"မောင်စိတ်မဆိုးတော့ဘူးမလား"
မျက်လုံးဝိုင်းလေးတွေဖြင့် မော့ကြည့်ကာမေးလာသည့်ကိုကို.. နဖူးလေးကိုတစ်ချက်နမ်းကာ..
"မောင်ဘယ်တော့မှကိုကို့ကိုစိတ်မဆိုးပါဘူး..ကိုကိုနဲ့ပက်သက်လာရင်မောင့်အသည်းကနုတက်လို့ပါ..အဲ့တာကြောင့် ဝမ်းနည်းသွားတာပါ"
"အွန်း..နောက်မပြောတော့ဘူးနော်.."
"ဟုတ်ပါပြီဗျာ...အိပ်တော့နော်.."
စေသာလည်း ကိုကိုကိုယ်လုံးလေးကိုသိုင်းဖက်ကာ ကျောပြင်လေးကို လက်ကလေးဖြင့်ပုတ်ပေးလိုက်သည်။ခဏအကြာတော့ ပါးစပ်ကလေးဟကာ အိပ်မောကျသွားသည်။
"ကိုကို မောင်တအားဆိုးတယ်မလား..ကိုကိုနဲ့ပက်သက်လာရင်..နည်းနည်းလေးတောင် အပွန်းပဲ့မခံနိုင်သလို..ကိုကိုရဲ့ ဘာမဟုတ်တဲ့စကားလေးတစ်ခွန်းတောင် မောင်ကိုနာကျင်စေတယ်..အသည်းမာတက်တဲ့ကျွန်တော်က ကိုကိုနဲ့တွေ့မှ အသည်းနုတက်နေပြီ ကိုကိုရယ်"
စေသာလည်း ကိုကိုရဲ့ဟနေတဲ့နှုတ်ခမ်းလုံးလုံးလေး.. ပါးပြင်လေး.. နဖူလေး..စသည့်နေရာလွတ်မကျန်အောင်နမ်းပြီးစေသာလည်း အိပ်စက်ချင်းဆီသို့...
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...