part16

19.3K 1.6K 75
                                    

"မောင်...ကိုကိုကိုယ်တိုင်ချက်လာတာ..စားကြရအောင်"
မောင်နဲ့အတူတူ ရုံခန်းထဲသို့ဝင်လာပြီး မောင်ကို ခုံမှာထိုင်စေလိုက်သည်။မောင်မျက်နှာကလည်း တစ်ခုခုအလိုမကျသလို ဖြစ်နေသည်လေ...
"မောင်..ဘာတွေတွေးနေတာလဲ"
"ကိုကို..မောင်အရှေ့က အတွင်းရေးမှုးကို အလုပ်ထုတ်လိုက်ရမလား"
"ဘာလိုလဲမောင်ရယ်..တစ်လဘဲ ခန့်မှာမလား..."
"ဟုတ်တယ်လေ..ဒါပေမဲ့ မောင်ရဲ့အသည်းလေးကိုတောင်အခန်းထဲဝင်ဖို့အရေး သူကစစ်လားဆေးလားနဲ့"
မောင်ရဲ့ကလေးဆန်တဲ့အပြောလေးကြောင် ချစ်ခြင်းလည်း ကြည့်နှုမိသလို ရယ်လည်းရယ်မိသည်။
"မောင်ရယ်..သူက အလုပ်သဘောရမေးတာပါ..စိတ်ထဲထားမနေနဲ့နော်..လာထမင်းစားကြမယ်"
"ဟုတ်ကဲ့..ကိုကို.."
စေသာလည်း ကိုကိုစိတ်ချမ်းသာရင်အဆင်ပြေပါတယ်..ကိုကိုသာအလုပ်ထုတ်စေချင်ရင်စေသာထုတ်ပစ်ဖို့ဝန်မလေးပါ... ကိုကိုက စိတ်ထဲမထားတာကြောင့် စေသာလည်း စိတ်လျော့လိုက်သည်။
"မောင်.. ပုစွန်ကြိုက်တယ်မလား..ရော့"
ကိုကိုက စေသာကြိုက်တဲ့ဟင်းလေးတွေကိုရွေးထည့်ပေးနေသည်။
"အရမ်းစားကောင်းတာဘဲ..ကိုကိုလက်ရာကိုအကြိုက်ဆုံးဘဲ"
"ဟုတ်ပါပြီ..အချွဲလေးရယ်..များများစား"
ချစ်ခြင်းလည်း မောင်စားချင်တဲ့ဟင်းလေးတွေကို ထည့်ကျွေးလိုက် ချစ်ခြင်းလည်းစားလိုက်နဲ့တော်တော်လေးကုန်သွားသည်။
"မောင်..သစ်သီးလေးစားလိုက်အုံး.."
"ဟာ..ကိုကို...မောင်မှာထားတယ်လေ.."
"ဟင်ဘာကိုလဲမောင်"
မောင်က ရုတ်တစ်ရက်ကြီး ထပြောတာကြောင့် လူက ဘာလိုများလဲလို့ စိတ်ပူသွားရသည်။
"ကိုကိုကလည်းကွာ..မောင်က သစ်သီးကို အလုံးတိုင်းထည့်လာပါဆိုတာကို..သစ်သီခွဲရင် မောင့်ကိုကိုလက်လေးတွေရှမှာပေါ့..ပြပါအုံး"
လက်တွေကို အတင်းဆွဲကာ စစ်နေတဲ့မောင်ကြောင့် လူကတကယ်ရယ်ချင်လာသည်။စိတ်ပူတက်လိုက်တာလည်းလွန်းရော...
"မောင်ရယ်..ဘာမှမဖြစ်ပါဘူး..ကိုကိုလုပ်နေကြပါ"
"မောင်က စိတ်ပူလို့ပါကွာ "
"သိပါတယ်မောင်ရဲ့ အခုတော့ မောင်အလုပ်သွားလုပ်တော့လေ..ကိုကိုလည်းပြန်တော့မယ်.."
"ဟင်..မပြန်ပါနဲ့အုံး ကိုကိုရဲ့ အလုပ်ပြီးမှမောင်နဲ့အတူတူပြန်မယ်လေ.."
"မောင်အလုပ်ရှုပ်မှာပေါ့"
"မရှုပ်ပါဘူး..ကိုကိုရဲ့..စောင့်နေပေးနော်"
"ကဲ..ဟုတ်ပါပြီမောင်ရယ်..အလုပ်လုပ်တော့နော်..ကိုကိုရေခဲမုန့်စားချင်လို့သွားဝယ်လိုက်အူံးမယ်"
"ဆိုင်က ဟိုဘက်ကားလမ်းဘက်မှာမလား..အန္တရယ်များတယ်..အတွင်းရေးမှုးကိုဘဲဝယ်ခိုင်းလိုက်မယ်.."
စေသာလည်း ကိုကို့ကိုမသွားစေချင်တာနဲ့အတွင်းရေးမှုးကိုဖုန်းဆက်ကာခေါ်လိုက်သည်။ နွေကတော့  ဆက်က သူကိုဖုန်းဆက်ခေါ်တာကြောင့် အပျော်လွန်ကာအခန်းထဲသိူ့ဝင်လာသည်။
"နွေ..ဟိုဘက်ကားလမ်းဘက်က ရေခဲမူန့်ဆိုင်မှာ အကောင်ဆုံးရေခဲမုန့်တစ်ခွက်ဝယ်လာခဲ့..မြန်မြန်ပြန်လာနော်. အရည်ပျော်သွားရင်စားမကောင်းမှာဆိုးလို့"
"မောင်ရယ်.. ကားဟိုဘက်လမ်းထိသွားရမှာလေ.. ညီမအေးဆေးသွားနော်.. အကိုကရတယ်"
"ကိုကိုပြောသလိုလုပ်..သွားတော့"
နွေတစ်ယောက်အပြုံးမပျက်ဘဲ အခန်းထဲမှထွက်လာခဲ့သည်။
တောက်စ်..စိတ်တိုဖို့ကောင်းလိုက်တာ..
နွေလည်း မှာလိုက်တဲ့ရေခဲမုန့်ကို သွားဝယ်ကာ ရုံးသို့ပြန်လာခဲ့သည်။
"ရပါပြီ boss"
"ခုံပေါ်တင်ပြီး..ထားခဲ့လိုက်"
နွေလည်း ရေခဲ့မုန့်ခွက်လေးကို ခုံပေါ်တင်ထားလိုက်ကာ အပြင်သို့ထွက်လာခဲ့သည်။
"မောင်..စားအုံးမလား"
ခေါင်းမဖော်တမ်းစားနေပြီး..ကုန်ခါနီမှစားအုံးမလားမေးနေသေးသည်။
"အရသာလေးဘဲ မြည့်းကြည့်မယ်..ပြွတ်..ကောင်းလိုက်တာကွာ"
"ဟွန့်..မောင်ကတော့ အမြဲတမ်း ဘယ်ချိန်နမ်းရမလဲချောင်းနေသလိုဘဲ"
"ဟီး ချစ်တာကိုမောင်က"
ညနေလည်းရောက်တော့..
"ကိုကိုပြန်ကြရအောင်လေ.."
"အလုပ်ပြီးပြီးလားမောင်.."
"ပြီးပါပြီဗျာ..မောင်တို့ညစျေးလေးမှာလမ်းလျောကိကြမလား.."
"တကယ်လားမောင်..night outပေါ့နော်..တစ်ခါမှမသွားဖူးဘူး.. ဟိုရောက်ရင်မုန့်တွေစားကြမယ်လေ"
"ဟုတ်ပါပြီ မောင်အသည်းလေးသဘော"
စေသာလည်း ကိုကိုလက်ကိုတွဲကို ကုပ္မဏီမှထွက်လာခဲ့သည်။ စေသာကိုယ်တိုင်ဘဲကားမောင်းလာခဲ့သည်။နှစ်ယောက်သားdateရင် လွှတ်လွှတ်လပ်လပ်သွားရတာပေါ့...
"ကိုကို..ဖြေးဖြေးလျောက်ပါ"
"ဟီး ပျော်လို့ပါမောင်ရဲ့...ကိုကို့ကို အကင်ဝယ်ကျွေး"
"ဟုတ်ပါပြီဗျာ.."
စေသာလည်းကိုကို့သဘောအတိုင်း စားချင်တဲ့အကင်တွေကိုဝယ်ပေးလိုက်သည်။
"မောင်..ကိုကို..ဟိုမုန့်စားချင်တယ်.. မောင် မုန့်လင်မယားလည်းစားမယ်.."
"ဟုတ်ပါပြီဗျာ.."
စေသာခဗျာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်စားချင်တာတွေ လိုက်ဝယ်ကျွေးနေရသည်။
"မောင်..ဟိုမုန့်လေး..မောင်.မောင်ရေ."
"တော်ပြီလေ..ကိုကိုရဲလက်ထဲမှာလည်းများနေပြီ...အရမ်းစားရင်အစာမကြေဖြစ်လိမ့်မယ်"
"အဲ့တာဆိုရင် အအေးလေးဘဲသောက်တောမယ်လေ"
"မောင်အသည်းလေးက လိမ္မာလိုက်တာ"
ကိုကိုကတော့ လက်ထဲမှာမုန့်မျိုးစုံကိုင်ထားပြီးတစ်ခုပြီးတစ်ခုစားနေသည်။အအေးဘူးလေးကတော့စေသာဘဲကိုင်ကာတိုက်နေရသည်။
"မောင်..အိမ်ပြန်ကြရအောင်လေ..ဗိုက်လေးလာတော့ အိပ်ချင်နေပြီ"
"အွန်း ပြန်ကြမယ်လေ"
စေသာလည်း ကိုကို့ကိုကားရှိရာသို့ခေါ်လာရင်း..
"ဟော..တွေ့တက်လိုက်တာ..ဆက်စေသာမောင်"
မောင်ရဲ့နံမည်ကိုခေါ်လိုက်တာကြောင့်ကြည့်လို​က်တော့ အရှေ့က ဆံပင်အနီကိုဆိုးထားတဲ့ ကောင်လေးတစ်ယောက် ဂျစ်တစ်တစ်နဲ့ အပေအတေတစ်ယောက်မှန်းသိတာသည်။ ရုပ်ချောပေမဲ့လည်း မောင်နဲ့တော့ယှဉ်လို့မရပါ..
"မင်းလမ်းမင်းသွား..ငါအားမနေဘူး.."
"အေးဆေးပေါ့ကွာ.မင်းကလည်း..ဒါနဲ့ဘေးနားကအလှလေးကဘယ်သူလဲ"
စေသာဘေးက ကိုကိုကြည့်ကာ ပြောလာတဲ့ကောင်ကြောင့် ဒေါသကထောင်းကနဲထွက်သွားသည်။ စျာန်ဆိုတဲ့ကောင်က ယောက်ကျားမိန်းမမရွေးရှုပ်တက်တာတဲ့ကောင်ဖြစ်သည်။
"မင်းသိစရာမလို့ဘူး.. ငါ့ကိုကို့ကိုထိတဲ့နေ့ မင်းသေတဲ့နေဘဲ.."
"ဟား ကြိုက်သွားပြီး.. မရတာမှယူချင်တာဘယ်လိုလုပ်ရမလဲ"
"တောက််စ်..မင်းတော​့"
"မောင်..သွားကြရအောင်လေ..လိမ္မာတယ်"
စေသာလည်း မောင်ဆွဲခေါ်လာတာကြောင့် လိုက်လာခဲ့သည်။သိပ်တော့ အခဲမကျေသေးပါ...

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now