part1

52K 3.2K 66
                                    

ကြီးကျယ် ခန်းနားသော အိမ်ကြီးရဲ့အပေါ်ထက် အနက်ရောင်များဖြင့်ပြင်ဆင်ထားသော အခန်းကျယ်ထဲတွင် ကောင်လေးတစ်ယောက် အိပ်ပျော်နေသည်။ နေအလင်းရောင်သည် လိုက်ကာစများကြားမှဝင်ရောက်လာတော့ ထိုကောင်လေးသည် မျက်မှောင်ကျူံ့ကာ နိုးလာသည်။ရန်ဖြစ်ထားတော့ အရှင်းမပျောက်သေးတဲ့ ဒဏ်ရာများဖြင့်တောင် ကောင်လေးသည်ချောမောလွန်းလှသည်။

ခြောက်ပေကျော်ရှည်သော အရပ်အမောင်း ကြွက်သားများနဲ့ ပြည့်နေသော ခန္တကိုယ်သည် အကြည့်မလွှဲချင်စရာ... အသားအရေမှာ မဖြူလွန်း မညိုလွန်း. မျက်ခူံး မျက်လုံးများသည် စူးရှတဲ့အသွင်ကို ဆောင်နေသည်။

နှူတ်ခမ်းမထူမပါးနဲ့ထိုကောင်လေးသည် ဘယ်နေရာကြည့်ကြည့်ချောမောလှသည်။

ကျွန်တော်အိပ်ရာနိုးလာတော့ ထိုးကိုက်နေတဲ့ခေါင်းကို ဖိလျက် ရေချိုးရန်ပြင်ဆင်ရတော့သည်။ ကျွန်တော် နံမည်က ဆက်စေသာမောင်

ကျွန်တော် အသက် ၁၅နှစ် အရွယ်ထဲက မိဘတွေကကားတိုက်မှုဖြင့်ဆုံးပါးသွားခဲ့သည်။မှတ်မှတ်ရရအဲ့နေ့ကကျွန်တော်ရဲ့မွေးနေ့ဖြစ်နေသည်။ ကြေကွဲစရာကောင်းတဲ့ထိုနေ့ကို ကျွန်တော်အရမ်းမုန်းသည်။ကျွန်တော်‌‌ ကြောင့် သေဆုံးခဲ့ရတာ။ ကျွန်တော်သာ အဲ့ဒီနေ့က အတင်းပြန်လာခဲ့ဖို့ မပူဆာခဲ့ရင် ...ဒီလိုအဖြစဆိုးမျိုး မကြုံနိုင်ဘူးလေ...
အဲ့တာကြောင့် မွေးနေ့ဆိုတာ ကျွန်တော်အတွက်တော့ဘယ်တော့မှမလုပ်ဖြစ်တဲ့ပွဲလေးတစ်ပွဲသာဖြစ်သည်။

ငယ်ရွယ်စဉ်ထဲက သာမာန်ကလေးတွေလိုမဆော့ကစားခဲ့ရတာကြောင့် အသက်၂၀အရွယ်မှာ ရင့်ကျက်တဲ့လူကြီးတစ်ယောက်လို့ဖြစ်နေသည်။ မိဘတွေထားခဲ့အမွေတွေလည်းအများကြီးရှိသည်။hotelတွေမှာပြည်ပတွေမှာပင်သုံးလေးခုလောက်ရှိသည်။မိဘတွေဆုံးချိန်က အသက်လည်း ငယ်သေးတာကြောင့ စီးပွားရေးလုပ်ငန်း‌တွေကို မဦးဆောင်နိုင်ခဲ့ပေ။ မိသားစုရှေ့နေက ကျွန်တော် အသက်ပြည့်တဲ့အထိ အမွေတွေကို ထိန်းသိမ်းထားပေးခဲ့သည်။

အရာရာဟာ လွယ်ကူမနေခဲ့ပါ.. မိဘရင်ခွင် ခို၀င်ရမဲ့အချိန်မှာ ကျွန်တော်ပညာရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့တယ်..သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ရမဲ့အရွယ်မှာ စီးပွားရေးလုပ်ငန်းတွေကိုလေ့လာရသည်။ ဒီလိုနဲ့ ကျွန်တော်ဟာ တဖြည်းဖြည်း အေးစက်လာခဲ့တယ် ထင်ပါရဲ့...

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now