part4

25K 2.7K 31
                                    

ချစ်ခြင်းလည်း ရှက်ရှက်နဲ့ အခန်းပြင်သို့သာထွက်လာခဲ့သည်။သေချာတာတော့ မျက်နှာတင်မကဘဲ နှာရွကိဖျားလေးပါ ရဲတက်နေမှာသေချာသည်။ ယောက်ကျားလေးချင်းဖြစ်ပေမဲ့ အဲ့လိုကြီး နမ်းမိတော့ ချစ်ခြင်းအမှန်တကယ်ရှက်မိပါသည်။ ပြီးတော့ ကိုယ်ကြောင့် ကောင်လေးရဲ့နှူတ်ခမ်းပေါက်သွားတာကြောင့် အားနာမိသည်။
ချစ်ခြင်းလည်း အိမ်ရှေ့မှာထားတဲ့ဆေးသတ္တာလေးကိုယူကာ အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ကောင်လေးကတော့ ကုတင်ပေါ်မှာထိုင်ကာ ချစ်ခြင်းကိုစိုက်ကြည့်နေတော့သည်။
  ကိုကိုအသေးလေး ရှက်ရမ်းရမ်းကာ အခန်းပြင်သို့ထွက်သွားချိန်တွင် စေသာလည်း မနည်းတည်ငြိမ်အောင်ထိန်ထားရသည်။ ကိုကိုနှုတ်ခမ်းလေးက ချိုပြီးအိနေတာဘဲ..သူအမြဲတမ်းသောက်တက်တဲ နို့နံလေးကလည်း သင်းနေတာဘဲ..ဟူးး နှလုံးရောဂါရနိုင်တယ်..ကိုကိုရဲ့နှုတ်ခမ်းလေးတွေက...
အခုလည်း အခန်ထဲသို့ဝင်လာတဲ့ကိုကိုပုံစံလေးကြောင့် အသံတိတ်ရယ်မိသည်။ရှက်နေတာလေးများ နှာရွက်ကလေးတွေတောင်ရဲနေသည်။ လက်ထဲမှာလည်း ဆေးထည့်ပေးဖို့ ဆေးသေတ္တာယူလာသည်ထင်တယ်..
"ဟို...မောင်...မင်းနှူတ်ခမ်းက သွေးထွက်နေတယ်...ဆေးထည့်လိုက်ပါလား.."
"အားးနာလိုက်တာကိုကိုရယ်...မောင်မှမမြင်ရတာ ကိုကိုထည့်ပေးပါလား"
"ဟင်...အာ..ကိုကိုထည့်ပေးမယ်နော်"
ကိုယ်တိုင်ဆေးမထည့်နိုင်ဘူးလို့ပြောလိုက်တော့ စိတ်ပူသွားတဲ့မျက်နှာလေးကြောင့်....အခန်းထဲက မှန်ရှိနေတာကိုတော့ မပြောပြလိုက်တော့...ကိုကိုကတစ်ခါတလေလည်း အူကြောင်ကြောင်လေ...
"အာ့..နာတယ်..ကိုကိုရဲ့ဖြေးဖြေး"
"အာ...ကိုယ်တောင်ပန်းပါတယ်နော် မောင်"
ဆေးထည့်ပေးနေတဲ့ကိုကိုမျက်နှာလေးကိုကြည့်ပြီးဖက်နမ်းပစ်ခြင်စိတ်က တားမရစီးမရ...နာတယ်လို့ပြောလိုက်တော့...စိတ်ပူကာ ကဗျာကယာဖြင့် စေသာနှုတ်ခမ်းလေးကို လေဖြင့်မှုတ်ပေးနေပြန်ပြီ...မှုတ်ပေးနေတာက အကြောင်းမဟုတ်ပါ...ရှေ့ကိုချွန်ထွက်လာတဲနှုတ်ခမ်းလုံးလုံးလေးကြောင့် ရေတောင်ဆာလာသည်လေ...
"ရ...ရပြီ ကိိုကို မောင် ရေသွားသောက်လိုက်အုံးမယ်"
စေသာလည်း ကိိုကိုလက်မှရုန်းကာ အခန်းပြင်သို့ထွက်လာပြီး ရေသာတစ်ခွက်ပြီးတစ်ခွက်သောက်ချလိုက်သည်။
"မောင်..ကိုယ်ညစာပြင်လိုက်အုံးမယ်နော် ဗိုက်ဆာနေပြီမလား ခဏစောင့်နော်"
"ရပါတယ် ကိုကိုရဲ့မောင်ဘာကူလုပ်ပေးရမလဲ"
"မလိုပါဘူး...အရှေ့မှာသွားစောင့်နေနော် စားလို့ရရင်ခေါ်လိုက်မယ်"
စေသာလည်း ကိုကိုကမကူခိုင်းတာကြောင်​့ ရှေ့သို့ ခဏထွက်ကာ...
"ဟလို...နေရောင်... ကုမ္ပဏီက အဆင်ပြေရဲ့လား"
"စေသာလား...အေး အခုထိတော့ အဆင်ပြေသေးတယ်..မင်းဘယ်ချိန်ထိအဲ့မှာနေမှာလဲ"
"ငါမသေချာသေးဘူး...မင်းငါ့အလုပ်တွေကိုလုပ်ထာပေးပါ"
"အေးပါကွာ...ကုမ္ပဏီအတွက် ပူမနေနဲ့...မင်းရဲ့ ရန်ပွဲတွေကိုလိုက်ရှင်းရတာထက်အလုပ်လုပ်ရတာပိုအဆင်ပြေတယ်"
"အေးပါ...ဟေရောင်...ငါ့ဖုန်းချလိုက်တော့...ဆက်သွယ်ချင်ရင် ဒီဖုန်းဘဲဆက်လိုက်"
စေသာလည်း ဖုန်းချကာ ကိုကိုရှိရာဆီသို​့ လာခဲ့သည်။ဟင်းချက်နေတဲ့ ကိုကိုနောက်ကျောပြင်လေးက စေသာကို ဖက်ထားချင်လာအောင်ဆွဲဆောင်နေသလိုဘဲ...ခါးသေးသေးလေးကလည်း လက်ကလေးဖြင့် ဆွဲဖျစ်ခြင်းစရာလေး...ကိုကို တစ်ကိုယ်လုံကအသည်းယားစရာတွေချည်းဘဲ..
"မောင်...ထမင်းစားလို့ရပြီ...လာတော့လေ"
"ဟုတ်ကိုကို"
"ကိုယ့်အဆင်ပြေသလို ပြင်ပေးထားတယ်..မကြုက်တာရှိရင်ပြောနော်"
"ကြိုက်တယ်..ကိုကိုလက်ရာအကုန်လုံးကို"
စေသာအမှန်တိုင်းပြောချင်းဖြစ်သည်။ကိုကိုရဲ့ဟင်းချက်လက်ရာက​တော့ စေသာစားဖူးသမျှထဲမှာအရသာအရှိဆုံးဖြစ်သည်။
"မောင် မနက်ဖြန်ကြရင် ကိုယ်ဆိုင်သွားရမှာလေ..အဲ့တာကြောင့် တစ်ယောက်တည်းနေလို့အဆင်ပြေရဲ့လား"
"ကိုကို...မောင်ဆိုင်ကိုလိုက်ခဲ့လို့မရဘူးလားဟင်ကိုကိုဆီမှာအလုပ်ကူလုပ်ပေးမယ်လေ"
"အွန်း..မောင့်သဘောလေ..လိုက်ခဲ့ပေါ့"
နှစ်ယောက်လုံးစားသောက်ပြီးစီး​တော့...
"မောင် ကိုယ်ပန်ကန်တွေဆေးလိုက်အုံးမယ်..သွားနားတော့လေ"
"ပေးပါ..မောင်ဆေးပေးမယ်..."
"ရပါတယ်မောင်ရယ် သွား​တော့ရှေ့ကို"
ကိုကိုကိုလည်းပြောမရတာကြောင့် ကိုကိုပန်ကန်ဆေးနေတာကို အနောက်ကနေထိုင်ကြည့်နေလိုက်သည်။လက်ချောင်းသွယ်သွယ်လေးတွေနဲ့ပန်ကန်ကိုဆေးသွားတာများ သွက်သွက်လက်လက်ပင်...ကိုကိုမလုပ်တက်တာဘာမှမရှိဘူးထင်ရသည်။
"မောင်...အရှေ့မှာထင်နေတာ...ဘာလုပ်နေတာလဲ"
"ဟို..ကိုကို့ကိုစောင့်နေတာ..."
"ဟားမောင်ကတော့လေ..လာသွားကြမယ်"
အိမ်ရှေ့က sofaပေါ်မှာထိုင်ရင်းး...
"ကိုကို ဘယ်လိုင်းကြည့်မှာလဲ"
စေသာလည်း ကိုကိုနဲ့အတူတူဇာတ်ကားလေးအတူတူကြည့်ပြီး roဆန်းရမလားမှတ်တယ်..
"ကာတွန့်ကားလိုင်းထားလိုက်...အဲ့က ကြောင်နဲ့ကြွက်ကို ကိုယ်အမြဲတမ်းကြည့်တယ်...ပြီးမှအိပ်တာများတယ်"
စေသာလည်း ကိုကိုစိတ်တိုင်းကျကာတွန့်ကားလိုင်းထားပေးလိုက်သည်။ကိုကိုသေးသေးလေးကတော့ ဇာတ်ကားကြည့်ကာ တခစ်ခစ်နဲ့ရယ်နေပြန်သည်။ရယ်စရာပါရင်လည်း ဘေးနားက ကျွန်တော်ကို လက်ကလေးဖြင့်ရိုက်ကာ ရယ်တက်ပြန်သည်။အဲ့ကိုကိုကတော့ လူကို အသည်းယားအောင် အရမ်းလုပ်ပါသည်။
"မောင်..ရယ်ရတယ်မလား...ကိုကိုဆိုအရမ်းကြိုက်တာ"
"အွန်း..ရယ်ရပါတယ်..ဒါနဲ့ကိုကိုက ကလေးလေးလား ကာတွန့်ကားကြည့်တာ"
စေသာလည်း ပြောလိုက်ရော..နှူတ်ခမ်းလေးဆူကာ..
"ကိုယ်က ကလေးမဟုတ်ပါဘူးနော်...ကာတွန့်ကားဆိုတာ လူကြီးတွေလည်း ကြည့်ပါတယ်နော်..ကလေးတွေဘဲကြည့်တာမဟုတ်ပါဘူးနော်.."
"ဟုတ်ပါပြီး လူကြီးလေးရယ်"
"မောင်နော်...လူကိုလာရွဲနေတာလား"
"မဟုတ်ပါဘူး ကိုကိုရယ်...စတာပါ စိတ်မဆိုးပါနဲ့"
"မဆိုးပါဘူး ကိုယ့်က ယောက်ကျားလေးပါ..စိတ်ဆိုးစရာလား"
"တော်ပြီဇာတ်ကားလည်းပြီးပြီး...ကိုယ်သွားအိပ်တော့မယ်...မင်းလည်းသွားအိပ်တော့"
ကိုကိုကတော့ရှေ့ကနေ သူ့အခန်းထဲကို ဝင်သွာသည်။စေသာကတော့ ကိုကိုနဲ့မခွဲချင်သေးပါ..ဖြစ်နိုင်ရင် ခွဲကို မအိပ်ချင်ပါ..ဟူးးဘယ်လိုလုပ်ရပါ့..ကြံစမ်း....
နောက်ဆုံးတော့ လူယုတ်မာပြုံးပြုံးကာ ကိုကိုအခန်းထဲသို့ဝက်လာလိုက်သည်။
"ဟင်..မောင်သွားမအိပ်သေးဘူးလား"
"ဟို..ကိုကို..မောင်တစ်ယောက်တည်းမအိပ်ရဲဘူး အိပ်လို့လည်းမပျော်ဘူး"
"အရင်တုန်းက မောင်ဘယ်လိုအိပ်လဲ"
"ဟို..အရင်တူန်းကတော့ မမှတ်မိပေမဲ့ တစ်ခါမှတစ်ယောက်တည်း မအိပ်ဖူးဘူးထင်တယ်...အရမ်းကြောက်လို့ပါမောင်က..ကိုကိုအဆင်မပြေရင် မောင်သွားတော့မယ်နော်"
စေသာလည်း စိတ်မကောင်းသလိုပုံစံလေးဖြင့် နောက်ကိုလှည့်ကာ ပြန်ဖို့လုပ်တော့..
"ဟို..မောင်လာအိပ်လေ..ကိုယ်ဘာမှမဖြစ်ပါဘူး"
ချစ်ခြင်းလည်း ကောင်လေးကမျက်နှာငယ်လေးဖြင့် တောင်းဆိုနေတာကြောင့်မငြင်းနိုင်ပါ..ဘယ်လောက်ဘဲအတိတ်မေ့တယ်ပြောပြော ကြောက်နေကြအရာတစ်ခုကိုတော​့ အမြဲစွဲနေသည်မလား...ကောင်လေးပုံစံကြည့်ရတာတစ်ယောက်တည်းအိပ်ရမှာတော်တော်ကြောက်နေသည်ထင်သည်။ဘာဘဲဖစ်ဖြစ်ယောက်ကျားလေးချင်းဘဲလေ..အဆင်ပြေလောက်မှာပါ...
"ေကျးဇူးပါနော်..ကိုကို"
"ရပါတယ်ကွာ..နောက်နေ့မှကုတင်ကြီးတာဝယ်မယ်နော်..အခူတော့ နညးနည်းကျပ်နေတယ်"
"ရပါတယ်ကိုကိုရဲ့...အိပ်တော့နော်...မောင်ဖက်ထားလို့ရလား"
"ဟင်...ဟို...ရပါတယ်"
စေသာလည်း ကိုကိုရဲ့ခါးသေးသေးလေးပေါ်ကို လက်ဖြင့် သိုင်ဖက်ကာ ရင်ခွင်ထဲသို့ဆွဲထည့်လိုက်သည်။ကိုကိုရဲ့ရိုးသားမှု သနားတက်မှုတွေကို မောင်တစ်ယောက်ဘဲ အသုံးချမှာ တစ်ခြားတစ်ယောက်က ကိုကိုနဲ့လာဆက်နွယ်နေရင် ဘယ်သူဘဲဖစ်ဖစ်ရှင်းထုတ်ဖို့ ဝန်မလေးဘူး..မောင်ကအချစ်နဲ့ပက်သက်ရင် အတ္တကြီးတယ်ကိုကို..
ရင်ခွင်ကကိုကိုကတော့..လက်ကလေးနှစ်ဖက်ကို စေသာရင်ဘတ်မှာစုကာ မျက်လုံးလေးမှိန်လျက် အိပ်မောကျနေသည်။ မှိန်ထားတဲ့မျက်လုံးလေးရဲ့ အပေါ်မှာ အုပ်မိုးထားတဲ့မျက်တောင်ရှည်တွေက လှရက်လွန်းသည်။ပါးလေးတွေကလည်းနီဆွေ့ဆွေ့လေးနဲ့အသည်းယားစရာ....နှုတ်ခမ်းလေးကို အကြည့်ရောက်မိတော့ အပေါ်နှုတ်ခမ်းလုံးလုံးလေးကို ကိုက်စားချင်စိတ်က တားမရတာကြောင့် စေသာလည်း ကိုကို့ကိုယ်လုံးလေးကို အသာခွာကာ နှူတ်ခမ်လေးကို ဖွဖွလေးထိကပ်လိုက်သည်။
နှူညံတယ်...ချိုမြိန်တယ်..အမြဲတမ်း နမ်းချင်စရာလေး....
"အခုတော့ ဒီလောက်ဘဲနမ်းမယ်နော် နောက်တစ်ချိန်ကျရင် ကိုကိုနှုတ်ခမ်းလေးကို ပြတ်သွားအောင်ကိုက်ပစ်မယ်..."
စေသာလည်း ကိုကိုကိုယ်လုံးလေးကို ရင်ခွင်ထဲနှစ်သည့်အထိဖက်ကာ အိပ်လိုက်​တော့သည်။

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now