part5

23.8K 2.1K 33
                                    

ချစ်ခြင်းတစ်ယောက် မနက်အိပ်ရာနိုးလာတော့ တင်းကြပ်စွာ အဖက်ခံထားရဲ့ခံစားမှုကြောင့် မျက်လုံးကို ​ဖွင့်ကာကြည့်လိုက်တော့  ကောင်လေးရဲရင်ခွင်ထဲမှာရောက်နေတဲ့ကျွန်တော်..ကောင်လေးရဲ့လက်နှစ်ဖက်ကလည်း ချစ်ခြင်းခါးကို တင်းကြပ်စွာဖက်ထားသည်။ ကောင်လေးက အိပ်မောနေကြနေတဲ့အချိန်မှာတောင် ချောမောလွန်းသည်။ နဖူးပြေပြေလေးရယ် နှာတံဖြောင့်ဖြောင့်လေးရယ် နှုတ်ခမ်းပါးပါးလေးရယ်က ထိုကောင်လေးရဲမျကိနှာကို ပြည့်စုံစေသည်။ ကောင်လေးရဲ့ရင်ခွင်ကျယ်ကြီးထဲဝင်အိပ်ရတာကို ချစ်ခြင်းရှက်မိသလိုသဘောလည်းကျသည်။အခုတော့ ဆိုင်သွားဖို့ကောင်လေးကိုနိုးရအုံးမည်။
"မောင်...ထတော့လေ..ကိုယ်တို့ဆိုင်သွားရအုံးမယ်"
ချစ်ခြင်းကောင်လေးရင်ခွင်ထဲက အတင်းထွက်ဖို့လုပ်နေပေမဲ့လှုပ်လိ​ု့မရတာကြောင့် အသံပေးပြီးနိုးလိုက်တော့.. အင်းးအဲဖြင့်နိုးကာ...
"အင့်..ထချင်သေးဘူး ကိုကို"ဟုဆိုကာ ထထိုင်နေတဲ့ချစ်ခြင်းရဲ့ပေါင်ပေါ်သို့ခေါင်းအုံးကာ ခါးကိုဖက်ထားပြီးချွဲနေတော့သည်။
"မောင်မထချင်သေးရင်..ခဏအိပိလေ...ကိုယ်ရေသွားချိုးလိုက်အုံး"
အဲ့တော့မှမလွှတ်ပေးချင် လွှတ်ပေးချင်နဲ့ လွှတ်ပေးတော့သည်။ဒီကောင်လေးက အိပ်ရာထခါနီတ်ုင်း ဂျီကျတက်သည်ပုံလေ...
ချစ်ခြင်းလည်း ရေချိုးခန်းသို့ဝင်သွားတော့သည့။
တကယ်တော့ စေသာ ကိုကိုမနိုးခင်သေးက စေသာနိုးနေပါပြီး..ကိုကိုကစေသာရင်ခွင်ထဲက အတင်းထပြီး အသံချိုချိုလေးနဲ့နိုးနေတဲ့ကိုကိုပုံစံလေးကြောင့် လူဆိုးလေးကျွန်တော်က ကိုကိုရင်ခွင်ထဲတိုးဝင်ကာ ချွဲချင်လာသည်။ ကိုကိုပေါင်ပေါ်သို့ခေါင်းအုံးကာ ခါးသေးသေးလေးကိုဖက်လျက် ကြောင်လေးလို့ ချွဲပစ်လိုက်သည်။
ဟူးးကိုကိုနဲ့တွေ့မှ အဲလိုမျိုးတွေလုပ်တက်တာကိုကိုသိပါစေ...
"ဟော..နိုးနေပြီလား.မောင်...ရေသွားချိုးတော့လေ..ကိုကိုမနက်စာပြင်ထားမယ်"
"ဟုတ်ကဲ့ကိုကို"
မောင်လည်း ရေချိုးခန်းထဲဝင်သွားရော..ချစ်ခြင်းလည်းမောင်စားဖိုအတွက်မနက်စာပြင်လိုက်တော့သည်။မောင်ကချစ်ခြင်းဖျော်ပေးတဲ့ကော်ဖီဆိုရင်အရမ်းကြိုက်တာလေ..အဲ့တာကြောင် မောင့်အတွက်ကော်ဖီတစ်ခွက်ရယ် ချစ်ခြင်းအတွက် နို့တစ်ခွက်ရယ်က မနက်တိုင်းဖျော်နေကြဖြစ်နေသည်။
"ကိုကို မော်နီး"
"အော်...လာလေ မောင် ကိုယ်မနကိစာပြင်ပြီးပြီး"
"ကိုကို..ပြီးရင်မောင်တို့ ဆိုင်သွားမှာမလား"
"အွန်းဟုတ်တယ်မောင်ရဲ့ ညလောက်မှပြန်ဖြစ်မှာ.မောင်ပင်ပန်းတဲအချိန်ကြရင် အရင်ပြန်နှင့်လေ"
"ဟင့်အင်းမပြန်ပါဘူး မောင်က ကိုကိုနဲ့ဘဲပြန်မှာ"
ဟုတ်သည်လေ..ညဘက်ကြီးကိုကို့ကိုတစ်ယောက်ထဲမပြန်လာစေချင်ပါဘူး..အရင်တုန်ကတော့ ဘယ်လိုအိမ်ပြန်လာလည်းမသိပေမဲ့ ကျွန်တော် ကိုကိုနဲ့ပက်သက်ရင် သေးသေးလေးကအစ စိတ်ပူတက်သည်။
"မောင်ပြီးရင် သွားကြရအောင်လေ..."
"ဟုတ်ကဲ့ကိုကို"
ဆိုင်သိူ့ရောက်တော့ ဝန်ထမ်းရယ်လို့အများကြီးမရှိပါ...စာပွဲထိုးကောင်လေးတစ်ယောက်နဲ့ ကောင်တာက ကောင်လေးရယ်ဘဲရှိသည်။
"အကို မောနီးပါ.."
"အွန်းသုတ ကိုယ်မနေ့က မလာဖြစ်တာsorryနော်"
"ရပါတယ် ဗျ..."
"အော်မိတ်ဆက်ပေးရအုံးမယ်ဒါကသုတတဲ့မောင်..ကိုယ့်ဝန်ထမ်းဆိုတာထက် ကိုယ့်ညီလေးဆိုလည်းဟုတ်တယ်...ဒါက မောင်တဲ့ ကိုယ့်အသိပါ.."
"ဟုတ်ကဲ့ တွေရတာဝမ်းသာပါတယ်မောင်"
"ဟို မောင်လိုမခေါ်ပါနဲ့ ညီလို့ဘဲခေါ်ရင်ခေါ်ပါ.."
"အာ..ဟုတ်ကဲ"
စေသာက​တော့ပြောချင်တာပြောပြီး ကိုကိုနောက်သို့လိုက်သွားသည်။
ရှေ့က ကောင်လေးကတော့ အူကြောင်ကြောင်လေးဖြင့်....
"သုတရေ...အကို ကို ဆိုင်အတွက်လိုအပ်တာလေးတွေသွားဝယ်ပေးပါအုံး"
"ဟုတ်ကဲ့အကို အခုသွားလိုက်မယ်"
စေသာလည်း ကိုကိုနောက်မှာရပ်နေရင်း ဘာလုပ်ရမလဲမသိပါ..အရင်ကလည်းဘာမှမလုပ်ခဲ့​တော့..ဘာမှမလုပ်တက်ပါ...
"ဟို ကိုကို ဘာလုပ်ရမလဲ"
"အွန်း..ရှေမှာ ဧည့်သည်တွေဆီလိုအပ်တာလေးတွေလိုက်ချပေးလိုက်...အဲ့တာကပိုလွယ်မယ်ထင်တယ်"
"ဟုတ်ကဲ့ကိုကို"
စေသာလည်း waiterအလုပ်က ပိုလွယ်မည်ထင်တာကြောင့် မှာထားတဲ့ကော်ဖီနဲ့မုန့်တွေကို လိုက်ချပေးတော့.. လက်ထဲက ကိုင်ထားတဲ့ဗန်းက မငြိမ်ဘဲ လှုပ်ရမ်ကာ နောက်ဆုံတော့ခြေထောက်ပေါ်သို့ပြုတ်ကျသွားသည်။ဖန်ခွက်လည်းကွဲသွားသည်။ကိုကိုလည်းအသံကြားတာကြောင့် ထွက်ကြည့်တော့..
"ဟို ကိုကို ကျွန်တော် တောင်းပန်ပါတယ်..မတော်တဆ"
စေသာလည်း ကိုကိုစိတ်တိုမှာကြောက်တာကြောင့် ဖန်ခွက်အကွဲတွေကို လက်ဖြင့် ကိုင်တော့
"အ့..အာ့"
"တော်ပြိးမောင် မလုပ်နဲ​တော့ လက်ရှကုန်ပြီ...ဒါတွေဆက်သိမ်းလိုက်တော့"
ကိုကိုသည် ကောင်လေးတစ်ယောက်ကို အမှိုက်တွေသိမ်းခိုင်းလိုက်ပြီး စေသာလက်ကိုဆွဲကာ အနောက်သို့ဝင်လာခဲ့သည့။
"ဟို...ကိုကို"
"ပြပါအုံး မောင်ရယ်...လက်ရှသွားပြီမလား"
ချစ်ခြင်းလည်းကောင်လေးရဲ့ လက်က ရှရာကိုကြည့်ပြီးစိတ်မကောင်းး ရေလေးနဲ့သေချာဆေးပေးပြီး အနာကတ်ပလာစတာလေးကပ်ပေးလိုက်သည်။
"နာနေသေးလား..မောင်"
"အရမ်းမနာပါဘူး...ကိုကို..ပြီးတော့ မောင်တောင်ပန်ပါတယ်..အလုပ်ရှုပ်စေမိပြီ"
"မဟုတ်တာမောင်ရယ့်...နောက်ခါကိုယ်နားမှာဘဲနေတော့.."
"ဟုတ်ကဲ့ကိုကို"

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now