ရန်ကုန် အပြည်ပြည့်ဆိုင်ရာလေဆပ်မှာ ယောက်ကျားတွေရဲ့အာရုံကို ဆွဲဆောင်နိုင်လောက်တဲ့အထိချောမောလှပလွန်းတဲ့မိန်းကလေးတစ်ယောက်.. တိုလွန်းတဲ့စကပ်နဲ့ ရင်သားကို ပေါ်လွင်စေတဲ့ အကျီကြောင့် အရိုင်းပန်းတစ်ပွင့်လို့ လှပနေသည်။ ခက်ထန်နေတဲမျက်နှာထားသည် ထိူမိန်းမရဲ့မောက်မာမှုကို ပေါ်လွင်စေသည်။နီရဲနေတဲ့နှုတ်ခမ်းတစ်စုံသည် ခပ်ဖွဖွလေးပွင့်ဟကာ..
"ဆက်.. နွေပြန်လာပြီ... ဆက်ကိုရအောင်ယူတော့မှာမလို့"
ထိုမိန်ကလေးသည် လေယာဉ်ကွင်းမှထွက်လာကာစောင့်ကြိုနေတဲ့ကားပေါ်သို့တက်လာသည်။
"ဆက် အတွင်းရေးမှုး ဘာဖြစ်သွားပြီးလဲ"
"တစ်လလောက်တော့ ဆေရုံတက်ရမှာပါ..မမလေး"
"ကောင်းပြီး စံအိမ်ကိုမောင်း"
နွေမဲ့ပြုံးတစ်ခုကို ပြုံးလိုက်သည်။ နွေပြန်မလာခင်ကတည်းက ဆက်ရဲ့အတွင်းရေးမှုးကို မတော်တဆမှုတစ်ခုဖန်တီးပြီးဆေးရုံတက်ရအောင်လုပ်ထားပြီးသား..ဆက်ရဲ့အနားကိုကပ်ဖို့ဆိုတာ အနီးဆုံးရာထူးဖြစ်တဲ့ အတွင်းရေးမှုး လုပ်ရမှာလေ.. ဆက်ရဲ့ဘေးနာမှာ စစ်ခဆိုတဲ့ အတွင်းအကျဆုံးPAတစ်ယောက်တော့ရှိသည်။အဲ့တာက အရေးမကြီးပါ..နွေ ဆက်အနားကိုရောက်ဖို့ကအဓိကပါ..(အလုပ်တွက်ခန့်ထားတဲ့ အတွင်းရေးမှုးက ကောင်မလေးပါ..စစ်ခက ဆက်စေသာရဲ့ အတွင်းကျကျ PAလို့ပြောချင်တာပါ)"မမလေး ရောက်ပါပြီး"
နွေလည်း ပင်ပန်းလာတာကြောင့် အပေါ်သို့တက်ကာ အနားယူလိုက်တော့သည်။"ကိုကိုရေ...မောင့်ကို ထမင်းခွံကျွေးအုံးလေ"
ချစ်ခြင်းနဲ့မောင်တို့ အိမ်ပြန်ရောက်ပြီးကတည်းက မောင်က လက်က ဒဏ်ရာသေးသေးလေးကို အခွင့်ကောင်းယူပြီး ထမင်းခွံကျွေးခိုင်းနေသည်လေ..မောင်က လူကောင်သာကြီးတာ ချစ်ခြင်းနဲ့တွေ့ရင် ကလေးလေးကျနေတာဘဲ..ချစ်ဖို့လည်းကောင်းသလို့..အားလည်းအားကိုးမိသည်။
"ခဏလေးပါ..မောင်ရဲ့..ကိုကိုတို့ အဝတ်အစားအရင်လဲရအုံးမယ်လေ.."
"ဟူတ်သားဘဲ..မောင့်ကို အဝတ်လဲပေး"
"မောင်ကလည်း ကိုယ်ဘာသာလဲလေ..လိမ္မာတယ်."
"ကိုကိုကလည်း..လက်နာလို့ပါဆို..အား..ကျွတ်..နာလိုက်တာ"
စေသာလည်း လက်ကလေးကိုနာသလိုလေးလုပ်လိုကိတော့ ချက်ချင်းဆိုသလို့ စေသာလက်ကိုဆွဲကာ..
"မောင် အရမ်းနာနေလို့လား.. ကိုကိုတို့ဆေးခန်းသွားမလား"
"ရပါတယ်..ကိုကိုရဲ့ အခုတော့ အဝတ်လဲပေး"
ချစ့ခြင်းလည်း အဆိုးလေးရဲ့ သဘောအတိုင်း ညဝတ်အကျီလေးကို ယူကာ ကုတင်ပေါ်သို့တင်ကာ.. မောင်ရဲ့ အကျိလက်ရှည်ကို ချွတ်လိုက်သည်။တောင့်တင်းနေတဲ့ ကိုယ်လုံးကြီးကို အကြာကြီးမကြည့်ရဲတာတော့အမှန်ပါ..ချစ်ခြင်းလည်း ညဝတ်အကျီလေးကို မောင်ကိုဝတ်ပေးလိုက်သည်။
"မောင်..ဘောင်းဘီကိုကိုယ့်ဘာသာဘဲလဲတော့နော်.."
"ရှက်လို့လား..ကိုကိုက"
စေသာလည်း မျက်နှာလေးရဲခြင်နေတဲ့ကိုကို့ကိုစနောက်လိုက်တော့..
"မရှက်ပါဘူး..ကိုကိုလည်း အဝတ်လဲမလို့..အဲ့တာ..ကိုယ်ဘာသာလုပ်တော့"
ပြောချင်ရာပြောပြီး ရေချိုခန်းထဲဝင်သွားတဲ့ကိုကို..စေသာရှိရင် ရေချိုးခန်းထဲမှာဘဲ အဝတ်လဲတက်တဲ့ကိုကိုက အရှက်ကြီးလိုက်တာပြောမနေနဲ့တော့....
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...