စေသာလည်း ကိုကိုနဲ့အတူတူနေတာ တစ်ပတ်တောင်ပြည့်သွားခဲ့ပြီ။ ကိုကိုအနားမှာနေခြင်တာကြောင့် လိမ်လည်ခဲ့ရတာကို ကိုကိုသိရင်မုန်းသွားမလားဆိုတဲ့ စိတ်နဲ့ ဖွင့်မပြောဖြစ်ခဲ့ဘူး
ချစ်လွန်းလို.. အနားမှာနေချင်လွန်းလို လိမ်ညာနေခဲ့မိတာပါကိုကိုရယ်..
ကိုကိုနဲ့ဘဲအတူတူအိပ်ဖြစ်တော့သည်။ ညတိုင်း သရဲကြောက်လို့ တစ်ယောက်တည်း မနေရဲလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ကိုကိုနဲ့တူတူအိပ်ခဲ့တာ တစ်ပတ်တောင်ရှိပြီလေ.. မနက်တိုင်းကိုကိုပြင်ပေးတဲ့မနက်စာလေးက တစ်နေ့လုံးအတွက် အားအင်ဖြစ်စေသည်။ ကိုကိုနဲ့အတူတူ ဆိုင်လိုက်သွားပြီး ကိတ်မုန့်လေးတွေကို အတူတူလုပ်ကြရတာလည် စေသာသဘောကျသည်။အခုလည်း စေသာကို မနိုးသေးဘဲ မနက်စာသွားပြင်သည်ထင်တယ်.. အမြဲတမ်း ကိုကိုက မနက်စာပြင်ပြီးရင်စေသာကိုလာနိုးတက်တာကြောင့် ကိုကိုမှမနိုးရင်စေသာ အိပ်ရာက မထဘဲပေတေနေတက်နေသည်။ချစ်ခြင်းလည်း မောင်စားဖို့အတွက် မနက်စာပြင်နေရသည်။အရင်က တစ်ယောက်တည်းနေခဲ့တုန်းက ဆိုင်ပိတ်ရက်တွေသာ ကိုယ်တိုင်ချက်စားပေမဲ့ အခုတော့ ကောင်ဆိုးလေးအတွက် အမြဲတမ်း မနက်စာပြင်ပေးရတော့သည်။ ချစ်ခြင်းစိုးရိမ်မိသည်။ကောင်လေးသာ အကုန်မှတ်မိသွားလို့ထွက်သွားခဲ့ရင်..ချစ်ခြင်းနေတက်ပါမလားလို့..အမြဲတွေးနေမိသည်။
တစ်ချိန်ချိန်ကြရင် အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်နဲ့ဘဲဖြေသိပ်လိုက်သည်။
အခုလည်း အိပ်ရာမထတဲ့ကောင်းဆိုးလေးကို နိုးရအုံးမည်။ ချစ်ခြင်းလာမနိုးတဲ့အထိ ပေတေကာအိပ်နေတက်ကောင်လေး...
"မောင်...ထတော့လေ..မနက်ရောက်နေပြီး.."
"အွန်း..ဟုတ်ကဲ့ကိုကို"ဟုဆိုကာ..ချစ်ခြင်းရဲ့ပေါင်ပေါ်ကိုခေါင်းအုံးကာ ခါးကိုဖက်ထားပြန်သည်။
ချစ်ခြင်းအိပ်ရာလာနိုးတိုင်း အမြဲတမ်းလုပ်နေတက်သည်အမှုအကျင့်လေ...ချွဲတက်တဲ့ကြောင်ဆိုးလေး...
"ထတော့ကွာ..ကိုယ်တို့ဆိုင်သွားရအုံးမယ်လေ"
"အွန်းထပြီး..."စေသာလည်း အိပ်ရာမှ ထကာရေချိုးလိုက်သည်။ ရေချိုးပြီးတော့ ပြန်ထွက်လာတော့ ကုတင်ပေါ်ကစောင်တွေကိုသေချာဖြန့်ကာ သပ်သပ်ရပ်ရပ်လုပ်နေတဲ့ကိုကို ကျွန်တော်ကိုလည်းမြင်ရော..
"မောင် ခေါင်းလျှော်လာတာလား...ခေါင်းပြောင်အောင်သုတ်နော်.ကားထဲမှာ airconနဲ့ဆိုရင်ခေါင်းကိုက်တက်တယ်"
"မောင်က ခေါင်းသုတ်ရတာပျင်းတယ်..သုတ်ချင်ဘူး... "
"မဆိုးနဲ့မောင်ရယ်..လာ ကိိုယ့်သုတ်ပေးမယ်"
စေသာသိတာပေါ့...ကိုကိုသုတ်ပေးတာခံချင်လို့ ခေါင်းသုတ်ရတာပျင်းတယ်လို့ပြောလိုက်တာ..တကယ်လည်းမကြိုက်ပါ့....
ချစ်ခြင်းလည်း ကုတင်ပေါ်မှာ ထိုင်နေတဲ့မောင်ရှေ့သို့သွားကာ အဖြူရောင်သပတ်လေးနဲ့ နှုနှုညံညံလေးသုတ်ပေးနေလိုက်သည်။ခေါင်းစိုနေတုန်းအရမ်းကြီးသုတ်ရင် ဆံပင်တွေကျွတ်မှာဆိုးတာကြောင့်ဖွဖွလေးဘဲသုတ်ပေးလိုက့သည်။
"ကိုကိုလက်ညောင်းနေမှာပေါ့ တော်ပြီလေ"
"မခြောက်သေးဘူးမောင်ရဲ့ခေါင်းကိုက်တက်တယ်"
စေသာဘဝမှာ သေးသေးလေးကအစ ဂရုစိုက်ပေးတာဆိုလို ကိုကိုဘဲရှိသည်။ အရှေ့မှာမြင်နေရတဲ့ ကိုကိုရဲ့ ခါးသေးသေးလေးကို ဖက်ချင်တာကြောင့် ဆွဲဖက်လိုက်တော့ ကိုကိုရဲ့လက်နှစ်ဖက်သည် စေသာရဲ့ဖခုံးပေါ်သို့ရောက်လာသည်။
"ဟို...မောင်...ဘာဖြစ်လို့လဲ"
"ကိုကို ကိုဖက်ထားချင်လို့ပါ...ရဘူးလား"
မျက်လုံးလေးဖြင့်မော့ကြည့်ကာ ချွဲနေတဲ့ကောင်ဆိုးလေးကြောင့် ချစ်ခြင်းမငြင်းမိပြန်ဘူး...ထိုကောင်လေးရဲ့ အကြည့်လေးတစ်ချက်နဲ့တောင် ချစ်ခြင်းမငြင်းနိုင်ခဲ့ပါ..
ခဏလောက်ကြာတော့..
"မောင်လွှတ်တော့လေ..အအေးပတ်လိမ့်မယ် အဝတ်အစားလဲတော့..ကိုကိုအပြင်မှာစောင့်နေမယ်"
ချစ်ခြင်းလည်း မောင်လက်က ရုံးထွက်ကာ အပြင်သို့ထွက်လာခဲ့သည်။ မောနေသလို နှလုံးသားကြီးကလည် အရမ်းခုန်နေတာကြောင့်..
"ငါ့မှာ နှလုံးရောဂါများရှိလားမသိဘူး..ဆေးခန်းသွားပြကြည့်အုံးမယ်"
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...