စေသာထိုလူကိုထိုးချလိုက်တာကြောင့် ကိုကိုက...
"မောင် မင်းဘယ်လိုလုပ်တာလဲ...
ကိုဟိန်းတောင်းပန်ပါတယ်နော်.."
"ရပါတယ် အကိုပြန်လိုက်အုံးမယ်"
"လာခဲ့ ခဗျာနှုတ်ဆက်နေစရာမလိုဘူး"
ချစ်ခြင်းကိုဟိန်းကိုအားနာစွာတောင်းပန်နေတုန်း ချစ်ခြင်းလက်ကို အတင်းဆွဲကာာအိမ်ထဲသို့ဝင်သွားတဲ့မောင်...
"မောင်..လွှတ်တော့..ကိုယ်နာနေပြီ"
"ပြော..ကိုကိုနဲ့သူနဲ့က ချစ်သူတွေလား"
"ကျစ်..မဟူတ်ဘူးမောင်...ဘာတွေပြောနေတာလဲ"
"ကျွန်တော် မကြိုက်ဘူး ကိုကိုနဲ့အဲလူ နီးနီးကပ်ကပ်နေနေတာကို.."
"မောင် ကိုယ်ပြောတာလေးကို အရင်နာထောင်ပေးနော် လိမ္မာတယ်"
မျက်နှာမှာ ဒေါသထွက်နေတဲ့အမှုအရာနဲ့မောင်ကြောင့် မင်းနဲ့ငါဘာဆိုင်လို့လဲလို့မပြောရက်ပါ..ဘာဘဲဖစ်ဖစ်မောင်ကို နားလည်အောင်ရှင်ပြချင်သည်။
"ကိုယ်နဲ့ ကိုဟိန်က ဟိုးငယ်ငယ်လေးထဲက မိဘမဲ့ဂေဟာမှာ အတူတူကြီးပြင်လာကြသည်။ ကိုဟိန်းက နို့င်ငံခြားမှာအလုပ်လုပ်တာလေ...အခုပြန်လာတာကသူ့ကောင်မလေးကို လက်ထက်ခွင့်တောင်းဖို့ ပြန်လာတာ..အဲ့တာကိုယ့်က လိုက်ကူညီပေးတာပါ.. လက်စွပ်ဆိုင်မှာ လက်စွပ်လည်းလိုက်ရွေးပေးခဲတယ့်..အကိုအရင်းတစ်ယောက်လို့ပါကွာ"
"တကယ်ပြောတာလား ကိုကို"
မျက်နှာလေးဝင်းပကာ မေးလာတဲ့အဆိုးလေး..
"ဟုတ်ပါတယ်ဗျာ.အဲ့တာကြောင့်စိတ်မဆိုးနဲတော့နော်..ဆေးထည့်ပေးမယ်..ခဏစောင့်"
ချစ်ခြင်းလည်း မောင့်နားက ထကာ ဆေးသေတ္တာသွားယူဖို့လုပ်တော့ လက်ကိုဆောင့်ဆွဲလိုက်တာကြောင့် မောင်ပေါင်ပေါ်သို့ထိုင်လျက်သားဖြစ်သွားသည်။
"မောင်...ဘာဖြစ်လို့လဲ"
"ချစ်တယ်ကိုကို..မောင်အရမ်းချစ်တယ်....မောင်ကိုပြန်ချစ်ပါနော်"
ချစ်ခြင်းမောင်ပြောလိုက်တဲ့စကားကြောင့် ကိုယ်နားကိုယ်တောင်မယုံနိုင်သေးပါ..ရင်တွေလည်း အဆမတန်ခုန်နေသည်။ချစ်လားမချစ်လားလည်း ချစ်ခြင်းမသိပါ..ကောင်လေးကို အဖြေဘယ်လိုပြန်ပေးရမလဲ..
"ဟို...အဲ့တာက ကိုယ်"
"မငြင်းပါနဲ့ ကိုကို... ချက်ချင်းမပေးနိုင်သေးရင် ကိုကိုကြိုက်သလောက်စဉ်းစားနော်..မောင်စောင့်နိုင်ပါတယ်...ဒါပေမဲ့မောင်ကို သဝန်တိုအောင်တော့ မလုပ်ပါနဲ့.."
"ဟို..မောင်ကိုချက်ချင်းအဖြေမပေးနိုင်ပေမဲ့ မောင်ကလွဲဲပီးဘယ်သူကိုမှအရေးပိုမပေးဘူး ကျေနပ်ပြီလား..အဆိုးလေး"
"တကယ်လား ကိုကို...ဟီးအရမ်းပျော်တာဘဲ"
ချစ်ခြင်းရဲ့ကိုယ်လုံးလေးကို အတင်းဖက်ထားပြီးရင်ခွင်ထဲသို့ခေါင်းတိုးဝင်ကာ ချွဲနေတော့သည်။
"ကိုယ်ကို အရင်လွှတ်ပေးအုံး..ဆေးထည့်ပေးမလို့"
"ကိုကိုလို့သုံးပေးစကားပြောရင်..မဟုတ်ရင်မလွတ်ဘူး"
အဆိုးလေးကြောင့် ရယ်တောင်ရယ်ချင်တယ်..ခန္တာကိုယ်ကြီးမှအားမနာချွဲနေတဲ့ကောင်ဆိုးလေး..
"ဟုတ်ပါပြီး ကိုကို့ကိုလွှတ်ပေးနော်..."
အဲ့တော့မှ မျက်နှာလေးပြုံးရွှင်ကာ လွှတ်ပေးတော့သည်။ချစ်ခြင်းလည်း မောင်ရဲ့မျက်နှာပေါ်မှာရှိတဲ့ ဒဏ်ရာတွေကြောင့်...
"မောင် ရန်ဖြစ်လာတာလား...ကိုကို့ ကိုအမှန်တိုင်းပြော"
"ဟုတ်တယ်..မောင်စိတ်ညစ်နေရတဲ့ကြားတဲ့ ရန်လာစတာနဲ့ ဖြစ်ကြတာ"
"အဆိုးလေးကွာ..နောက်တစ်ခါရန်မဖြစ်ရဘူးနော်..ကိုကိုမကြိုက်ဘူး"
"ဟုတ်ကဲ့ကိုကို"
စေသာပြောတဲ့စကားကို နေရောင်သာကြားရင်တော့ ယုံနိုင်ဖွယ်မရှိပါ..ဒါပေမဲ့ ကိုကိုရှေ့မှာတော့ လိမ္မာတဲ့ကောင်လေးဘဲဖြစ်ချင်သည်။
"အာ့..အ..နာတယ်..ကိုကို ဖြေးဖြေး"
"Sorryပါကွာ... အရမ်းနာနေလား ကိုယ်မှုတ်ပေးမယ်နော်"
စေသာနှုတ်ခမ်းရှေ့ကို တိုးကပ်လာတဲ့ နှုတ်ခမ်းရဲရဲလေး...ငြိမ်ငြိမ်မနေဘဲ နှုတ်ခမ်းလေးစူကာ မှုတ်ပေးနေတာကြောင့် ထိန်မထားနိုင်တော့ဘဲ ရှေ့က နှူတ်ခမ်းပိစိလေးကိုဆွဲငုံလိုက်သည်။
"အွန့်...မောင်..အင့်..ဘာ...လုပ်တာလဲ"
ချစ်ခြင်း အဆိုးလေးရဲနှုတ်ခမ်းလေးကို ဆေးထည့်ပေးရင်းစပ်နေတာကြောင့် နှုတ်ခမ်းလေးဖြင့် မှုတ်ပေးနေစဉ်မောင်နှုတ်ခမ်းက ချစ်ခြင်းနှုတ်ခမ်းကို အတင်းငုံကာ စုပ်နမ်းနေတာကြောင့် ချစ်ခြင်းလည်းအားနဲ့တွန်းလိုက်သည်။
"ကိုကို..စိတ်ဆိုးသွားတာလား.."
"မဟုတ်..အာ..ဆေးထည့်ပြီပြီ..ကိုယ်သွားနားတောမယ်"
ရှက်ရှက်နဲ့ထွက်သွားတဲ့ကိုကိုနောက်သို့လိုက်ကာ ချော့ရအုံးမည်။စေသာလည်း ဝင်လာရော..ကုတင်ပေါ်မှာစောင်ခြုံကာ အတင်းအိပ်ချင်ယောင်ဆောင်နေတဲ့ကိုကို...
တကယ်ဘဲစိတ်ဆိုးသွားသလားမသိ...
"ကိုကို..မောင်ကို စိတ်မဆိုးပါနဲ့နော်.ကိိုကိုကအဲ့လိုကြီးနေတော့ မောင်ဘယ်လိုစိတ်ကောင်းပါမလဲ"
ချစ်ခြင်းကို မျက်နှာငယ်လေးနဲ့လာချော့နေတဲ့ကောင်လေးကြောင့် တင်းထားသမျှကလျော့ခြင်နေသည်။ ကိုယ်ကဘဲ စိတ်ဆိုးရမလားမှတ်တယ်..သူဘဲ စိတ်မကောင်းဖြစ်ပြနေတော့ ကိုယ်လည်းဘာတက်နိုင်ပါမလဲ
"ဟို..မောင်..ကိုကိုစိတ်မဆိုးပါဘူး..ဒီတိုင်..နည်းနည်းရှက်နေလို့ပါ"
"တကယ်လား...အဲ့တာဆို..မောင်နမ်းချင်ရင် ကိုကိုနှုတ်ခမ်းတွေကို နမ်းလို့ရလားဟင် ကိုကို ကိုမြင်ရင် နမ်းဘဲနမ်းနေချင်တယ်.."
အဆိုးလေး ချစ်သူတောင်မဖြစ်သေးဘူး အသားက ယူချင်နေသေးတယ်..ဟူးးတကယ်ပါ..
"ဟိုလေ..အဲ့တာက.."
"ကိုကိုရယ်.နော်...နော်.."
"အေးကွာ...အေး...အိပ်တော့မယ်"
စေသာအစကတော့ ချော့ဖို့လာတာဘဲ စေသာမျက်နှာငယ်လေးနဲ့တောင်းပန်လိုက်တော့.. သနားတက်တဲ့ကိုကိုက စိတ်မဆိုးဘူးတဲ့လေ..ဘာဘဲဖစ်ဖြစ်အဆင့်တက်ရမယ်ဟူတွေးကာ..နမ်းခွင့်လေးတောင်းလိုက်သည်။ကိုကိုရှက်နေတာကြောင့်လားမသိ ပါးပြင်လေးလည်းရဲနေသည်။ စေသာလည်း ချွဲလိုက်တော့..ကိုကိုက ခွင့်ပြုပေးသည်။အခုလည်း ရှက်လို့ထင်တယ် အတင်းမျက်စိမှိုတ်ကာ အိပ်ချင်ယောင်ဆောင်နေတော့သည်။
"Good night ko.ko မွ"
စေသာလည် နဖူးလေးကိုနမ်းလိုက်တော့ တွန့်သွားတဲ့မျက်နှာလေးကြောင့် ကျိတ်ရယ်ကာ မသိချင်ယောင်ဆောင်ပေးလိုက်သည်။ စေသာလည်း အရမ်းအိပ်ချင်နေတာကြောင့် ကိုကို ကိုယ်လုံးလေးကို ရင်ခွင်ထဲသွင်းကာ အိပ်စက်ချင်းဆီသို့...
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...