"ကိုကိုရေ...မောင်ပြန်လာပြီ"
စေသာလည်း အစည်းအဝေးပြီးတာနဲ့မြန်မြန်ပြန်လာခဲ့သည်။ ဒီနေ့ ကိုကိုနဲ့နှစ်ယောက်တည်း dateချင်သည်။ အပြင်နှစ်ယောက်တည်းမသွားရတာလည်း ကြာပြီးလေ..ဒီနေ့ ကိိုကိုနဲ့ shopping ထွက်မယ်.. ရုပ်ရှင်ကြည့်ကြမယ်..မုန့်လိုက်ဝယ်ကျွေးမယ်..ပျော်စရာအကောင်းဆုံးနေ့လေးဖန်တီးမယ် ကိုကိုနဲ့အတူတူ....
"ပြန်လာပြီးလား..မောင် ကိုကိုက အပြင်သွားဖို်မောင့်ကိုစောင့်နေတာ"
အဝတ်အစားတွေသေချာဝတ်ပြီး ပြင်ဆင်ထားတဲ့ ကိုကိုက အပြင်ကို အရမ်းသွားချင်နေသည်ထင်တယ်..တက်ကြွတဲ့ကလေးလေးကျနေတာဘဲ..
"ကိုကိုက အဝတ်အစားတွေတောင် လဲပြီးပြီးဆိုတော့ သွားကြရအောင်လေ...မောင်အဝတ်မလဲတော့ဘူး"
"မလဲလို့မရဘူး...ဟို ကိုကိုက.."
ပြောရခက်နေတဲ့ကိုကိုကြောင့်ဘာများဖြစ်သလဲဟုတွေးကာ..
"ဘာလိုလဲ ကိုကိုရဲ့"
"မောင်နဲ့အကျီ ဆင်တူလေးဝတ်ချင်လို့..ကိုကိုကိုယ်တိုင်ဝယ်ထားတာ..ဒီမှာကြည့် ကိုကိုဝတ်ထားတာလည်း အဖြူရောင် hoodiesလေး မောင့်အတွက်လည်းအဲ့လိုလေးဝယ်ထားတာ..မောင်ကြိုက်ရဲ့လား"
မျက်နှာလေးမော့ကာ ကြည့်ပြီး ပြောနေပုံလေးက အသည်းယားစရာလေး..
"ကြိုက်တာပေါ့ မောင့်အသည်းလေးရယ်.. ခဏလေး မောင်သွားလဲလိုက်မယ်.."
အပေါ်ထပ်ကို အတင်းပြေးတက်သွားတဲ့မောင်ကိုကြည့်ပြိးဝယ်လိုက်ရကျိုးနပ်တယ်ဟုတွေးမိသည်။ ချစ်ခြင်းလည်း အစတုန်းက အပြင်သွားရင် မောင်မကြိုက်မှာစိုးလို့ အကျီဆင်တူဝတ်ဖို်လည်းစိတ်ကူးမရှိပါ... ဒါပေမဲ့သေချာတွေးကြည့်ရင် မောင်က ဒီလောက်ချောတာကို အပြင်သွားရင် ကောင်မလေးတွေလိုက်ကြည့်ကြမှာအမှန်ဘဲလေ...ချစ်ခြင်းက ယောက်ကျားလေးဖြစ်ပေမဲ့ မောင်နဲ့ပက်သက်ရင်တော့ သဝန်တိုသည်လေ..."ကိုကို..ဘယ်လိုလဲမောင်နဲ့လိုက်လား..."
"အွန်း..မောင်က ဘာဘဲဝတ်ဝတ်ချောလွန်းတယ်..စိတ်မချချင်စရာကြီး.."
နှူတ်ခမ်းလေးဆူပြီးပြောနေတဲ့ချစ်ရသူလေးနားကိုသွားကာ ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ပြီး
"မောင့်နှလုံးသားက ကိုကို့အတွက်ဘဲခုန်တာမလို့စိတ်သာချထား.. ကိုကိုသာမောင့်ရဲ့ မှုပိုင်လေးဖြစ်နေပေးနော်.."
"သေချာတာပေါ့.. ကိုကိုက မောင့်အတွက်ဘဲလေ"
"စကားတက်လိုက်တာ ကိုကိုက..မွ.မွ...မွှေးနေတာဘဲကွာ"
မျက်နှာတစ်ခုလုံးကို အတင်းနမ်းကာစနေသည်မောင့်ကြောင့်..
"တော်ပြီးလေ...ကိုကိုတို့သွားကြရအောင်လေ.."
"အသည်းလေးသဘောအတိုင်းပါ"
ဟုဆိုကာ ချစ်ခြင်းလက်ကိုဆွဲကာ love seatမှာထိုင်ခိုင်းလိုက်ပြီး မောင်ကတော့ ဘေးမှာထိုင်ကာ ကားကိုမောင်းထွက်လာခဲ့သည်။
"ကိုကို..ဘယ်ကိုသွားချင်လဲပြော"
"ဟင်..မုန့်စားချင်တယ်.."
"ဟုတ်ပြီး..ဘယ်မှာစားကြမလဲ"
"ရုပ်ရှင်ရုံထဲမှာစားမယ်"
ကိုကိုပြောလိုက်တဲ့ စကားကြောင့် လူက နည်းနည်းတောင်ကြောင်သွားသည်။စားသောက်ဆိုင်မှာလည်းမဟုတ် ဟိုတယ်မှာလည်းမဟုတ်ဘဲ
ရုပ်ရှင်ရုံမှာ မုန့်စားချင်နေတဲ့ကိုကိုကြောင့်..
"ပြောပါအုံးအသည်းရယ်..ဘာလို့ ရုပ်ရှင်ရုံမှာစားချင်တာလဲ"
"အော် အဲ့တာက.. ကိုကိုက ပေါက်ပေါက်ဆုတ်တို့..အာလူးကြော်တို့ နေကြာစိတို့ သကြားလုံးတို့ အဲ့တာတွေကို အပြင်မှာစားရင်မစားတက်ဘူး..အရသာလည်းမတူလို့ခံစားရတယ်..ရုပ်ရှင်ရုံထဲမှာစားတော့ အရမ်းအရသာရှိသလိုဘဲ..အဲ့တာကြောင့်ကိုကိုက ရုပ်ရှင်ကြည်ဖို့ထက် မုန့်စားချင်လို့ ရုပ်ရှင်ကြည့်တယ်ဆိုပိုမှန်လိမ့်မယ်..ဟီးး"
"ကိုကိုကလည်း တကယ်အထူးဆန်းလေး"
ဘာလဲ မလိုက်ပို့ဘူးလား"
"မဟုတ်ပါဘူးဗျာ..ကိုကိုသဘောမောင်ကအကုန်လိုက်လုပ်ပေးမှာစိတ်ချ"
"ဟီးအဲ့တာကြောင့် မောင့်ကိုချစ်နေရတာ.."
စေသာလည်း ကိုကိုရဲ့စိတ်တိုင်းကျ ရုပ်ရှင်ရုံသို့သာမောင်းလာသည်။
"ကိုကိုဘာရုပ်ရှင်ကြည့်မလဲ.."
"မောင်ကြည့်ချင်တာကြည့်လေ..ကိုကိုက မုန့်စားမှာ"
"ဟုတ်ပါပြီးဗျာ.. ကိုကိုကြိုက်တဲ့မုန့်တွေဝယ်ထားနော်.မောင် လက်မှတ်သွားဝယ်လိုက်အုံးမယ်နော်"
"အွန်း မြန်မြန်သွားနော်"
စေသာလည်း လက်မှတ်ဝယ်ဖို့ထွက်လာခဲ့သည်။ကိုကိုက မုန့်ဘဲစားချင်တာကြောင့် စေသာကြိုက်တဲ့ရုပ်ရှင်ဘဲဝယ်လာခဲ့သည်။ စေသာကြိုက်တာထက် အချစ်ကားလေးဆိုတော့ ကိုကိုနဲ့အတူတူကြည့်မယ်..လက်လေးကိုင်ပြီး အနမ်းတွေတစ်ဝကြီးပေးပစ်မယ်ဟူတွေးကာ ဝယ်လာတယ်ဆိုပိုမှန်လိမ့်မယ်...
"ကိုကို အများကြီးဘဲ..ကုန်ပါမလား.."
"ကုန်ပါတယ်မောင်ရယ်...ဝယ်ကျွေးနော်.."
ကိုကိုဝယ်ဖို့ရွေးထားတဲ့မုန့်ထုတ်ကြီးကိုကြည့်ပြီး အံသြပြီးမေးမိခြင်းဖြစ်သည်။ကိုကိုအကုန်စားရင် အစာမကြေဖြစ်ရင် ကိုကိုဘဲထိခိုက်မှာလေ..မဝယ်နဲ့လိုပြောရင်လည်းစိတ်မကောင်းဖြစ်အုံးမယ်..ဝယ်ပြီးမှဘဲ ရုပ်ရှင်ရုံထဲရောက်မှ မသိမသာလေး လွှတ်ပစ်လိုက်မယ်..
"ဟူတ်ပါပြီဝယ်ပါဗျာ..လာ မောင်တို့ဝင်ကြရအောင်"
စေသာလည်း ကိုကိုလက်ကိုတွဲကာ ရုပ်ရှင်ရုံထဲသို့ဝင်လာခဲ့သည်။
ရုပ်ရှင်စပြကတည်းက ကိုကိုက စေသာကိုတစ်ချက်ကလေးတောင်မကြည့်ပါ သူ့စားချငိတဲ့မုန့်တွေကိုစားနေသည်။စေသာကိုကြည်ဖို့မပြောနဲ့ရုပ်ရှင်တောင်မကြည့်ပါ..
"ကိုကို..ရုပ်ရှင်ကြည်လေ..မကြိုက်လို့လား"
စေသာလည်း မနေနိုင်တော့ဘဲမေးလိုက်တော့..
"ကိုကိုက မုန့်ဘဲစားချင်တာ..ရုပ်ရှင်ကြည့်ချင်ဘူး"
ဟူပြောလိုက်တဲ့စကားလေးတစ်ခွန်းက အပြင်မှာ roချင်လို့ ဝယ်လာခဲ့တဲ အချစ်ကားလေးလည်းရေစုန်မျောသွားခဲ့သည်။အကြည့်ချင်းဆုံပြီးနမ်းဖို့လုပ်မယ်တွေးထားသမျှလည်း အခုတော့ အလှမ်းဝေးသွားခဲ့ပြီး...
စေသာတွေးနေတုန်းကိုကို့ကိုလှမ်းကြည့်လိုက်တော့ ပါးစပ်လေးတောင်ဟပြီး အိပ်နေသေးသည်။ ကြည့်လိုက်တော့ လက်ထဲကမုန့်ကုန်သွားတာကြောင့် အိပ်သွားတာဖြစ်မည်။(အဲ့တာကိုယ်လည်း အမြဲအဲ့လိုဖြစ်တယ်.. သူငယ်ချင်းတွေရုပ်ရှင်ကြည့်ရင်..ကိုယ်က မုန့်စားပြီးအိပ်တာ ဟီးး😁😁)
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...