part10

22.7K 2K 35
                                    

ချစ်ခြင်းလည်းမောင်အဝတ်အစားသွားလဲနေတုန်းကော်ဖီ​ဖျော်နေလိုက်သည်။မောင်က ချစ်ခြင်းဖျော်တိုက်တဲ့ကော်ဖီဆိုရင်အရမ်း​ကြိုက်တာလေ.. မောင်သာအတိတ်ကိုသတိရသွားရင်ချစ်ခြင်းကိုများမေ့သွားမလားဆိုပြီးတွေးပူမိသည်။အရင်တုန်းကတော့ မောင်မြန်မြန်အတိတ်ကိုသတိရရင်မြန်မြနိသူနေတဲ့နေရာကို ပြန်လို့ရသည်လို့ တွေးထားတာ..အခုကျတော့ မောင်ကိုသတိမရစေချင်ပါ..မောင်ထားခဲ့မှာကို ချစ်ခြင်းကြောက်သည်။မောင်ရင်ခွင်မှမရှိလျှင်ချစ်ခြင်းမအိပ်တက်တော့..မောင်ရဲချွဲတဲ့စကားလေးတွေမှမကြားရရင် ချစ်ခြင်းမနေတက်တော့...ချစ်ခြင်းသိလာရတာက မောင်ကိုချစ်မိနေပြီဆိုတာပင်...မောင်ကိုဖွင့်မပြောရသေးပေမဲ့တစ်နေ့နေ့ကျရင်ဖွင့်ပြောဖို့တွေးထားပြီးသားပါ..
ချစ်ခြင်းကော်ဖီဖျော်ပြီးပေမဲ့ မောင်ကထွက်မလာသေးတာကြောင့်ကော်ဖီခွက်လေးကိုကိုင်လျက် အခန်းရှေ့သို့သွားကာ တခါးခေါက်ဖို့လုပ်တော့ ကြားလိုက်ရတဲ့စကားသံကြောင့် လူက အံသြသလို ဒေါသလည်းထွက်မိသည်။တခါးကိုဆွဲဖွင့်ကာ..

"မောင်...မင်းးး.. မင်းမလို့ငါကို လိမ်ညာရက်တယ်"
စေသာလည်း မနကိဖြန်ကုပ္မဏီကိုမလာနိုင်ကြောင်းနေရောင်ကို ပြောနေစဉ် အခန်းရှေ့က ဖန်ခွက်ကျကွဲသံနှင့်အတူ မျက်ရည်များ ကျဆင်းကာ နီရဲစူးရှတဲ့အကြည့်တွေနဲ့ကိုကို...
အဲ့လိုမကြည့်ပါနဲ့ကိုကိုရယ်...
"မောင်....မောင်ရှင်းပြ.."
"မလိုဘူး..ထွက်သွားပါတော့ ငါ့ရဲ့အေးဆေးနေတဲ့ဘဝထဲကိုလိမ်ညာပြီးဝင်လာခဲ့တဲ့မင်းကို ငါအရမ်းမုန်းတယ်.."
"ကိုကို...မောင့်ကို အဲ့လိုမပြောပါနဲ့နော်...မောင်တောင်းပန်ပါတယ်"
"ဟက်..တောင်းပန်တယ်..လူတစ်ယောက်ကို အရှုးလုပ်ပြီးတော့လား...ဘာလဲ ငါကတုံးအတဲ့လူမလို့ မင်းအလွယ်ရမလားလို့ ချဉ်းကပ်ခဲ့တာလား"
"မဟုတ်ဘူး..မောင်.မင်ကိုတကယ်ချစ်လို့ပါ"
"မကြားချင်ဘူး ရွံတယ်...ထွက်သွားတော့ အခုချက်ချင်း မင်းမထွက်သွားရင် ငါကိုယ့်ငါတစ်ခုခုလုပ်မိလိမ့်မယ်"
ဖန်ကွဲစဖြင့် လည်ပင်ကိုထောက်ထားတဲ့ကိုကိုကြောင့် စေသာအရမ်းစိတ်ပူသွားရသည်။အချွန်က လည်ပင်လေးကို အတင်းဖိထားတာကြောင့် သွေးစလေးတွေတောင်ထွက်နေသည်။

ကိုကိုရဲ့လူဆိုးလေးမောင်  (ကိုကိုရဲ့လူဆိုးလေးမောင်)Where stories live. Discover now