"ကဲ..မောင်ရေထတော့လေ..ကိုကိုလည်းဆိုင်သွားရအုံးမယ်..မောင်လည်း ကုပ္မဏီသွားရအုံးမယ်လေ.."
"ကိုကို...လာပါအုံး မောင့်ဆီကို "
ချစ်ခြင်းလည့်း မနက်စောစောထပြီး မောင်အတွက် မနက်စာလည်းပြင်ထားပြီးပြီး။ ချစ်ခြင်းလည်း ရေချိုးကာ အဝတ်အစားလဲပီးသည့်အထိ အဆိုးလေးက မနိုးသေးပေ..အရင်ကအတိုင်းနိုးရခက်တဲ့အဆိုးလေးပြန်ဖြစ်နေပြန်ပြီလေ.. အခုလည်း ကုတင်ပေါ်မှာ လှဲနေပြီး မျက်စိတောင် မပွင့်သေးဘဲ လက်နှစ်ဖက်ကို ဆန့်တန်းပြီး လာဖို့ခေါ်နေတာကြောင့် ချစ်ခြင်းလည်း ကုတင်ပေါ်မှာထိုင်လိုက်တော့...အတင်းဆွဲဖက်ပြီးရင်ခွင်ထဲ တိုးဝင်လာတဲ့မောင်..
"ကိုကိုရဲ့ ကိုယ်သင်းနံလေးကို မောင်အရမ်းကြိုက်တာဘဲ.ရွှတ်..မွှေးလိုက်တာကွာ.."
စေသာလည်း အိပ်ရာကနိုးလာတော့ ကိုကိုကဘေးနားမှာမရှိပေ..ရေချိုးခန်းထဲက ထွက်လာပြီး အဝတ်အစားလဲနေတဲ့ကိုကို့ကို တိတ်တိတ်လေးကြည့်နေလိုက်သည်။ ခဏလောင်အကြာတော့ ကိုကိုရဲ့အသံချိုချိုလေးနဲ့နိုးလာပြန်သည်။
အခုလည်း ကိုကို့ကိုယ်လုံးလေးကို ဆွဲဖက်ကာ တစ်ကိုယ်လုံးနမ်းပစ်လိုက်သည်။ကြိုက်တယ်..ကိုကိုရဲ့ ကိုယ်သင်းနံလေးကို...
"မောင်...ထတော့လေကွာ..လိမ္မာတယ်.."
"အွန်းး.မောင်က ဒီလိုလေးဖက်ထားချင်သေးတာ.."
"ကဲ..အဆိုးလေးရေ..ကိုကိုစိတ်မဆိုးချင်ဘူးနော်.. ထတော့ကွာ.."
ချစ်ခြင်းစိတ်ဆိုးမှာတော့ ကြောက်သည်ထင်တယ်..ချက်ချင်းကို ငုတ်တုတ်ထထိုင်ကာ..
"ထပြီးနော်..ကိုကို မောင့်ကို အာဘွားလေးပေးပါအုံး..."
"တကယ်မောင်ကတော့လေ..မွ..ရပြီးလား.."
"နဖူးလေးဘဲနမ်းရသေးတယ်လေ.. မျက်နှာတစ်ခုလုံးနမ်းပေးမှ အားပြည့်မှာပေါ့.."
အဆိုးလေးကတော့ သူ့မှုပိုင်အတိုင်းပင်..အနမ်းကို ရအောင်တောင်းနေတော်သည်။
"မွ..မွ..မွ..ပြွတ်.."
"ဟီးးအားပြည့်သွားပြီး..ပြွတ်... မောင့်အသည်းလေး"
ချစ်ခြင်းနှုတ်ခမ်းကို စုပ်နမ်းကာ ရေချိုးခန်းထဲသို့ဝင်သွားတဲ့အဆိုးလေး..
"မောင်..ခေါင်းမလျော်နဲ့နော်.မနေ့ကလည်း လျော်ထားသေးတယ်မလား.."
"ဟုတ်ကဲ့ပါကိိုကိုရဲ့.."
အပြင်ကနေ စိတ်ပူပြီး လှမ်းအော်ပြောနေတဲ့ကိုကိုသည် မိခင်ကြီးအလားပင်..ကိုယ်အတွေးကြောင့် ရယ်မိပြန်သည်။
စေသာလည်း ရေချိုးခန်းထဲက ထွက်လာတော့..
"မောင် ကိုကိုအဝတ်အစားထုတ်ပေးခဲ့တယ်ိနော်..ဝတ်ပြီးရင်အောက်ဆင်းလာခဲ့.မနက်စာစားမယ်.."
"ဟုတ်ကဲ့ပါဗျ.."
"အမယ် လိမ္မာနေလိုက်တာ အဆိုးလေးက.."
"လိမ္မာရင်ဆုချလေ.."
"ခေါင်းထဲမှာအကြံတွေကြီးဘဲနော်.."
"သွားအဝတ်အစားလဲတော့ နေမကောင်းဖြစ်လိမ့်မယ်.."
ချစ်ခြင်းလည်း အောက်ထပ်သို့သာဆင်းလာခဲ့သည်။မဟုတ်ရင် အဆိုးလေးရဲ့အကြံကြီးမှုနဲ့ အခန်းထဲက ထွက်ရမှာမဟုတ်ပေ..
"ကိုကိုရေ..မောင်ကိုအကျီကြယ်သီးတပ်ပေး.."
လူမတွေ့ရသေးဘူး..အသံနဲ့အတူ ချစ်ခြင်းဆီသို့ပြေးလာတဲ့မောင်..ကိုယ်ဘာသာကြယ်သီးတပ်လို့ရပေမဲ့..ချွဲတက်တဲ့မောင်ကတော့ ဘယ်တော့မှကြယ်သီးမတပ်ပေ..
"လာ..ကိုကိုဆီ.."
ချစ်ခြင်းလည်း အနားကိုခေါ်လိုက်တော့ ချက်ချင်းကပ်လာတဲ့ကောင်လေးရဲ့ ကြယ်သီးလေးတွေကို တပ်ပေးလိုက်သည်။
"ပြွတ်..ဆုချတာ..ကြယ်သီတပ်ပေးလို့.."
"ဟွန့်..အတက်လေးမောင်ပါလား.."
"ကိုကိုနဲ့ဆိုရင် မောင်က သင်စရာမလိုလောက်အောင်တက်ပြီးသား.."
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...