မနက်ခင်းစောစောတွင်ချွေးပြန်နေတဲ့ကောင်လေးတစ်ယောက် ထမင်းစားခန်းထဲမှာအလုပ်ရှုပ်နေသည်။ထိုကောင်လေးကတစ်ခြားသူမဟုတ်ပါ..စေသာပင်ဖြစ်သည်။
စေသာမနက်အိပ်ရာနိုးတော့ ဘေးကကိုကိုက အိပ်မောကျနေသည်။ ဒီတစ်ခေါက်တော့ စေသာကိုကိုမနိုးခင် အရင်နိုးသည်လေ.. မနေ့ကစေသာကြောင့် ကိုကိုတော်တော် ပင်ပန်းသွားသည်ထင်တယ်.. ဒီမနက်ထိအိပ်ရာမနိုးသေးပါ.. ကိုကိုရဲ့အိပ်နေတဲ့ပုံစံလေးတောင် စေသာကိုရင်ခုန်စေသည်။ ဆံပင်လေးတွေဖုံးအုပ်နေတဲ့ နဖူးပြေပြေလေးကို နှုတ်ခမိးလေးနဲ့ထိကပ်လိုက်သည်။ ပြီးတော့ ဖြေးဖြေးချင်းဆင်းကာ နှာတံလုံးလုံးလေ..ဖောင်းအိအိပါးလေးနှစ်ဖက်ကိုအသာမွှေးကြူလိုက်သည်။နောက်ဆုံးအနေနဲ့ အပေါ်နှုတ်ခမ်းလေးကို တစ်လှည့် အောက်နှုတ်ခမ်းလေးကိုတစ်လှည့်ငုံထားလိုက်သည်။အချိန်တော်တော်ကြာတော့ စေသာလွှတ်ပေးလိုက်သည်။ စေသာငုံထားတဲ့နှုတ်ခမ်းလေးကရဲစိုနေသည်။ ကိုကိုနှုတ်ခမ်းလေးတွေကို အမြဲတမ်းသာပါးစပ်ထဲထည့်ထားချင်တယ်..သကြားလုံးလေးလို အရမ်းချိုသည်။အိအိလေးနဲ့စားချင်စရာလေးဖြစ်နေတာကြောင့် စေသာမှာမုန့်ငတ်တဲ့ကလေးလို စားဘဲစားနေချင်တော့သည်။
စေသာလည်းမျက်နှာသစ်ကာ ကိုကိုအတွက် ပထမဆုံးမနက်စာလေးလုပ်ပေးချင်သည်။ စေသာအမှန်တောကြက်ဉတောင်မကြော်တက်ပါ.. ဘာမှမလုပ်တက်ပေမဲ့ ကိုကိုအတွက် လုပ်ပေးချင်သည်။စေသာလည်း ရေခဲသေတ္တာထဲက တွေ့တဲ့ ကြက်ဉကိုယူလိုက်သည်။ ကိုကိုလုပ်တာတော့ မြင်ဖူးတာကြောင့်ခက်မယ်မထင် ပေါင်မုန့်ကြက်ဉကြော်တော့ လွယ်မယ်ထင်တာဘဲ..
စေသာလည်း ကြက်ဉကိုပေါင်မုန့်ပေါ်သို့လောင်းချလိုက်သည်။ ဆားမထည့်ရသေးတာကြောင့် ပေါင်းမုန့်ပေါ်သို့လောင်းထည့်လိုက်သည်။ အဆင်ပြေမည်ပုံပါ..ပေါင်မုန့်ကို အိူးထဲသို့ပစ်ထည့်လိုက်သည်။ နောက်ဆုံးရလာတဲ့ပုံက မဲတူးနေတဲ့ပေါင်မုန့်ကြော်လေ.. မဲပေမဲ့စားကောင်းလောက်မှာပါ..
ပြီးတော့ကိုကိုအတွက် နွားနို့... ကိုယ်တိုင်ကျိုပြီးသောက်တက်တာကြောင့် စေသာလည်းနွားနိုးအိုးတည်လိုက်သည်။ ဆားထည့်တာကိုမြင်ဖူးတာကြောင့် ဆားတစ်ဆုပ်ကို လက်ဖြင့်နိုက်ကာ ပစ်ထည့်လိုက်သည်။ ခဏအကြာတော့ ရသွားတာကြောင့် အိုးကိုချကာ နွာနို့ခွက်ထဲပြောင်းထည့်လိုက်သည်။ ခုံပေါ်သိုတင်ကာ ပြန်လှည့်ချိန် တစ်စွန်းတစတင်ထားတဲ့နွားနို့အိုးကပြုတ်ကျကာ အရည်များကခြေထောက်ပေါ်ဖိတ်စင်သွားသည်။ တော်သေးတယ်..အရမ်းမထိလို့..
"မောင်...ဘာ..ဖြစ်တာလဲ"
YOU ARE READING
Фэнтезиကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...