စျာန်လည်း မနက်ရောက်တော့ ထိုးကိုက်နေတဲ့ခေါင်းကို လက်ဖြင့် ဖိကာနိုးလာခဲ့သည်။ ကိုယ်နဲ့စိမ်းနေတဲ့အခန်းကြောင့် ဘယ်ရောက်နေမှန်းမသိ..မနေ့ညက သောက်လိုက်ကလိုက်နဲ့ တော်တော်လေးမှုးနေတာတော့ သိပါသည်။ အဲ့လိုဖြစ်ရင်လည်း အဆင်ပြေတဲ့နေရာမှာအိပ်လိုက်တာဘဲ..ဒီတစ်ခါကတော့ ဘယ်သူအိမ်မှန်းမသိရောက်နေတာကြောင့် စျာန်တွေးမိတာက မနေ့က ကောင်မတစ်ကောင်များ စျာန်ကိုဆွဲခေါ်လာပြီး ညကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပိုက်ဆံညစ်ရင်လည်း အပိုဘဲ.. စျာန်အတွက်အဲ့အရာတွေကဆန်းတော့တာမှမဟုတ်တာ..
"ဟိတ်.. မွှေးနီကောင် နိုးရင်လည်းထတော့ကြောင်မနေနဲ့..."
"ဟင်..ဂျပု..မင်းက...."
"အေးငါဘဲ..မနေ့က သောက်စားပြီးရင်လည်းအေးဆေးနေလေ..အဲတာဆို ငါလည်း ဒီခေါ်စရာအကြောင်းမရှိဘူး.."
စစ်ခလည်း မနက်အိပ်ရာနိုးပြီးချင်း ကုတင်ပေါ်က အကောင်ကို ကြည့်လိုက်တော့ အိပ်နေလိုက်တာများ သူ့တက်လုပ်သွားရင်တောင်သိမှာမဟုတ်ဘူး.. ဘယ်လောက်ဘဲ အိပ်နေအိပ်နေ ချောမောမှုကတော့ မပျက်သွားတာ မနာလိုဖို်ကောင်းတာ..
ဟူး ငါလည်းဘာတွေတွေးနေမှန်မသိဘူး..
စစ်ခလည်း မြန်မြန်ရေချိုးခန်းကာ ထမင်းစားခန်းသို့ထွက်လာခဲ့သည်။တစ်ယောက်တည်းနေရသူအဖို့ ရုံးတက်ရက်တွေဆို ကြုံရာစားလိုက်တာဘဲလေ.. ဒီနေ့က bossတို့အတွဲ ခရီးထွက်မယ်ဆိုတာကြောင့် စစ်ခလည်း အလုပ်သွားရမည်လေ..ဒါပေမဲ့ bossက နေ့လည်လောက်မှ အရေးကြီးတာလောက်ဘဲလုပ်ဖို့မှာထားခဲ့တာကြောင့် မနက်ပိုင်းလေးတောဟင်းချက်ပြီးစားသောက်လိုက်ပါအုံးမယ်.. စစ်ခက ကိုယ်ဘာသာချက်ပြုတ်စားရတာကိုပိုသဘောကျသည်လေ..
စခလည်း ဟင်းပွဲတွေကို ပြင်ဆင်ကာ ခုံပေါ်သို့တင်ထားလိုက်သည်။ သံပုရာရည်တောင် ပါနေသေးတယ်..
"ငါလည်း မွှေးနီကောင်တွက်ဖျော်ပေးမိပြန်ပြီ "
အခုထိနိုးမလာသေးတာကြောင့် အခန်းတခါးကိုဖွင့်ကာ ကြည့်လိုက်တော့ ငုတ်တုတ်ကြီးထိုင်နေတဲ့ကောင်ကို ဟောက်ပစ်လိုက်သည်။
"သွားတော့.. ရေချိုးခန်းထဲမှာသွားပွတ်တံအပိုရှိတယ်.."
"ဒါနဲ့မနေ့က ဂျပုခေါ်လာတာပေါ့.."
"မင်း ဂျပုလို့ခေါ်ပြန်ပြီလား ငါအရပ်က ငါးပေ ရှစ်ရှိတယ်ကွ..မင်းဟာမင်းမတရားရှည်နေတဲ့အရပ်နဲ့လာမတိုင်းနဲ့ ဒုန်း.."
ပြောချင်ရာပြောကာ ထွက်သွားတဲ့ ဂျပုကောင်.. စွာလိုက်တာလည်းလွန်းရော.. ပုံစံလေးကလည်း ဘယ်လိုလေးမှန်းမသိဘူး.. မနေ့ကတော့ လူကြီးလူကောင်းပုံစံနဲ့ အခူကျတော့ ကလေးလေးကျနေတာဘဲ..
"စျာန်း..မင်းဘာတွေတွေးနေတာလဲ..ဟူး"
စျာန်လည်း မြန်မြန်းသွားတိုက်ကာ အခန်းပြင်သို့ထွက်လာခဲ့သည်။ ဟင်းနံမွှေးမွှေးလေးကြောင့် အလိုက်ကန်းဆိုးမသိ..ဗိုက်ကဆာလာပြန်သည်။
"အဟမ်း... ကျွန်တော်ရောစားလို့ရမလား.."
ဗိုက်ဆာနေတော့ ပြောပုံလေးက ကျွန်တော်တဲလား..စစ်ခခိုးရယ်ကာ...
"အများကြီးပိုနေတာဘဲ မင်းစားချင်စားသွား...ရော့ သံပုရာရည် ခေါင်းကြည့်အောင်လို့.."
ဂျပုက စွာသာစွာတာ.. စေသနာတော့ ကောင်းတယ်ဟုစျာန်တွေးမိသည်။ဖျော်ပေးထားတဲ့ သံပုရာရည်လေးကိုသောက်လိုက်သည်။
"ဒါနဲ့ ဟင်းတွေက ဂျပုချက်ထားတာလား.."
"ကျစ်..ငါကိုဂျပုလို့ မခေါ်နဲ့ မင်းကိုကိုင်ပေါက်လို့တောင်ရတယ်..ပြီးတော့ ဒီဟင်းကိုငါမချက်လို့ ဘယ်သူချက်မှာပါ.."
"ဟုတပါပြီဗျာ..အဲ့တာဆို နံမည်ပြောပြလေ.."
"စစ်ခ.."
"ခလို့ခေါ်မယ်နော်..ကျွန်တော်နံမည်က စျာန်.... မွှေးနီကောင်မဟူတ်ဘူး.."
"အေးပါကွာ..မင်းလည်းစားပြီးရင်ပြန်တော့.."
"နှင်ထုတ်နေလိုက်တာ.."
"ငါအလုပ်သွားရအုံးမယ်ကွ.."
စျာန်သူ့ရှေ့က ဘုကလန့်ပြောနေတဲ့ကောင်လေးကိုကြည့်ပြီး အနည်းငယ်တောင်ပြုံးမိသည်။ နှူတ်ခမ်းပါးပါးလေးက အလိုမကျတဲ့အခါ ရေခရာလွှတ်သလို မနားတမ်းပြောတက်သေးတယ်.
မျက်လုံးကြည်ကြည်တောက်တောက်လေးနဲ့ထိုကောင်လေးက စျာန်မျက်လုံးထဲမှာတော့ ချစ်ဖို့ကောင်းသည်။ ယောက်ကျားလေးတစ်ယောက်လိုလည်းချောပြန်သည်။
"ကဲ စားလို့ပြီးပါပြီဗျ.. "
"အွန်း အဲတာဆို ပြန်တော့. "
"ပြန်ပါမယ်ဗျာ.. စွာစိလန်နေတာဘဲ.."
"ဘာကွ..စွာရအောင် ငါက ယောက်ကျားစစ်စစ်ကွ မိန်းမမဟုတ်ဘူး.."
"စတာပါဗျာ..ပြန်လိုက်အုံးမယ်.."
စျာန်လည်း နှုတ်ဆက်ကာ ပြန်လာခဲ့သည်။ ခ ကိုစနေရတဲ့ အချိန်ဆို အရမ်းပျော်မိနေသည်။ တစ်ခွန်းမကျန်ပြန်ပြောလေ..ကိုယ်ကပိုစချင်လေ..နောက်ကျရင် သေချာပေါက်သွားတွေ့ပြီး စိတ်ဆိုးအောင်စပြစ်အုံးမယ်..
စျာန်လည်းကိုယ့်အတွေ့ကိုယ့် သဘောကျကာ အိမ်သို့ပြန်လာခဲ့သည်။
YOU ARE READING
Fantasyကိုကိုကျွန်တော်က လူဆိုး... ဒါပေမဲ့ကိုကိုရှေ့ရောက်ရင် လူလိမ္မလေးဘဲလုပ်ချင်တယ်..ဒါပေမဲ့ကိုကိုကိုထိခိုက်လာရင်တော့ တစ်လောကလုံးကို စစ်ခင်းနိုင်တယ် ဆက်စေသာမောင် မင်းကအရမ်းဆိုးတာဘဲ ...ဒါပေမဲ့ မင်းဘယ်လောက်ဘဲဆိုးဆိုး ကိုကိုချစ်နေတုန်းဘဲ ချစ်ခြင်းရံ zawgyi ကိ...