Unicode]
[Zawgyi]
နေမင်းရဲ့အလင်းရောင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ထွန်းလင်းပေးနေပြီးပူပြင်းလှတဲ့နေရောင်အောက်တွင်လူတို့ရုန်းကန်လုပ်ရှားကာ ဝမ်းစာရှာကြသည်။ ကျောင်း တတ်အရွယ် ကျောင်းသူကျောင်းသားကလေးများကလည်း အပေါ်အဖြူ လုံချည်အစိမ်းလေးများဖြင့် ကျောင်းသွားရန်ပြင်ဆင်ကြသည်။
ထိုသို့ကျောင်းသို့သွားရာလမ်းတထောင့်တွင့် ကျောင်းသူကလေးတစ်ဦးနှင့်ကျောင်းသားကလေးတစ်ဦးလမ်းလျောက်ရင်း ရယ်မောကာ စနောက်နေကြသည်။သူတို့နှစ်ဦးသည် ငယ်သူငယ်ချင်းများဖစ်ကြပီး မောင်နှမထက်ပင်ပို၍ချစ်ခင်သံယောဇဉ်ရှိကြသူများဖြစ်၏။သူတို့သည် ၈တန်းကျောင်းသားများဖြစ်ကြသည်။'ဟဲ့ . . လရောင် ငါတို့လာမဲ့တနင်္ဂနွေနေ့ကြရင် ရုပ်ရှင်သွားကြည့်ရအောင် '
'နော် .....
နော်..... လို့ 'နူတ်ခမ်းကိုစူကာ လရောင်၏လက်ကိုစွဲရမ်း၍ပူဆာနေသည်မှာ ကလေးတယောက်ပမာ ချစ်စရာကောင်းလွန်းနေသည်။
ထိုမိန်းကလေးသည် 'ချစ်ခွန်းချို' ဟူသောနာမည်နှင်လိုက်ဖက်အောင်ပင် စကားပြောသံမှာတစ်ဖက်နားထောင်သူ၏နားထဲတွင်ပျားရည်ကဲ့သို့ချိုသာအောင်ပြောနိုင်သူတယောက်
ချွဲ့နွဲ့ကာပူဆာတောင်းဆိုနေသော ချစ်ခွန်းချိုအား လရောင် တစ်ချက်လှည့်ကြည့်၍
'ဘာရုပ်ရှင်ပြမှာမို့လို့လဲ'။
ထိုအမေးကြောင့်ချစ်ခွန်းချို ချက်ချင်းဆိုသလိုပင် မျက်လုံးများအရောင်လဲ့ကာ
'Annabella သရဲကားလေ လရောင် ငါအရမ်းကြည့်ချင်နေတာဟ ကြည့်ရအောင်နော် '
လရောင်ချက်ချင်းပင် မျက်မူန်ကုပ်၍
'ဟာ ခွန်းရာ ငါမှသရဲကားမကြည့်ချင်တာ
တခြားကားပြတဲ့နေ့မှသွားကြည့်အောင် '
ငြင်းဆိုလိုက်သောလရောင်ကို ခွန်း မှ ချက်ချင်း တုန့်ပြန်လိုက်ပုံကလမ်းလျောက်နေရာမှရပ်တန့်လိုက်ပြီးလမ်းပေါ်တွင့်ဆောင့်ကြောက်ထိုင်ကာ နူတ်ခမ်းအားစူထားသည်။
"မရဘူး လရောင်
နင်ငါနဲ့သရဲကားလိုက်မကြည့်ရင်ငါဒီနေ့ကျောင်းမသွား ဘဲတနေကုန်ထိုင်နေလိုက်မယ် "
ခွန်း၏ဂျစ်ကန်ကန်နိုင်မူ့ကိုလရောင်ကောင်းကောင်းသိ၏။
ခွန်းသည် ဂျစ်ကန်ကန်လုပ်တတ်သည့်နေရာတွင်မည်သူမျှမယှဉ်နိုင်အောင်ဂျစ်ကန်လွန်းသည့်မိန်းခလေးတယောက်ပင်။လရောင်သာ သရဲကားကြည့်မည့်အစီစဉ်ကို လက်မခံဘဲဆက်၍ငြင်းနေလျှင် ကျောင်းနောက်ကျတော့မည်ကို လရောင်ကောင်းကောင်းနားလည်သည်။
YOU ARE READING
အချစ်ရဲ့အဓိပ္ပါယ်(Meaning of Love❤️)/COMPLETED/
Romanceပြီးခဲ့တဲ့အတိတ်မှာရော အနာဂတ်မှာရော 'မင်း' ကိုဘဲတွေ့ချင်နေခဲ့တာပါ 'မင်း'ကိုမမေ့နိုင်တဲ့ရာစုနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲဆိုတာငါမသိတော့ဘူး 'မင်း'ရဲ့အပြုံးလေးတစ်ချက်က ငါ့ရဲ့ဒဏ်ရာတွေကိုကုသပေးတယ် 'မင်း'ကြောင့်သာငါ့ရင်ထဲက ဖြေရှင်းရအခတ်ဆုံး အချစ်ဆိုတဲ့အရာပေါက...