[Unicode]
ကျွီ~~~ဒုန်း~~~~~
ပေကျင်းမြို့ရဲ့ လမ်းမထက်၀ယ် ကားတစ်စီးး ဘရိတ်ကျိုးပြတ်ပြီး သစ်ပင်ကို၀င်တိုက်သံက ကျယ်လောင်စွာ....
အတော်အသင့်မိုးချုပ်နေပြီဖြစ်လို့ ကား အသွားအလာနည်းပါးနေပြီး အလုပ်က ပြန်လာတဲ့ ကားတစ်စီးသာ ရှိလေသည်။
"ယွီပင်း ရှေ့မှာကားတစ်စီး ဘာဖြစ်တာလဲ ဆင်းကြည့်စမ်း"
"ဟုတ်ကဲ့ရှောင်းကော"
ယွီပင်းလည်း ကားရပ်ကာ ဆင်းကြည့်ပြီး ကလေးတစ်ယောက်ကို ချီကာ ကားဆီပြန်လာသည်။
"ရှောင်းကော ၀မ်ဥက္ကဋ္ဌတို့ရဲ့ကားပါ သစ်ပင်ကို၀င်တိုက်တဲ့ အရှိန်က အရမ်းပြင်းတော့ ရှေ့ခန်းက ကားမှန်းတွေက ကြေနေပြီ"
"ကလေးကရော ဘာဖြစ်သွားသေးလဲ"
ရှောင်းကျန့်လည်း ယွီပင်းလက်ထဲက ကလေးကို ကြည့်ကာ မေးတော့ ယွီပင်းလည်း သက်ပျင်းချကာ...
"ကလေးက အရုပ်နဲ့ ကွယ်နေတော့ ပြင်ပဒဏ်ရာတော့ မတွေ့ရဘူး။ဆေးရုံပို့လိုက်တာကောင်းမယ်ထင်တယ် ရှောင်းကော"
"အင်းကောင်းပြီ ဆေးရုံကားအရင်ခေါ်လိုက်အုံး။
အဲ့ကလေး ငါ့ကိုပေး""ဟုတ်ကော"
ရှောင်းကျန့်လဲကလေးကိုကြည့်ကာ
'ကလေးလေးရယ် မင်းကံကြမ္မာက ဆိုးလိုက်တာ အခုမှငယ်ငယ်လေးပဲရှိသေးတယ်လေ။ မင်းမိဘတွေကို တတ်နိုင်သလောက်တော့ ငါကယ်ပေးမှာပါ ကျန်တာကတော့ သူတို့ကံကြမ္မာပဲပေါ့'
"ရှောင်းကော ကျွန်တော် ဆေးရုံကားခေါ်ပြီးပြီ အခုဆေးရုံကိုပဲ သွားရမလား"
"အင်း"
At Hospital~~
"ဟုတ်ကဲ့ ဘာများကူညီပေးရမလဲရှင်"
"ကလေးအထူးကု ဘယ်မှာလဲ"
ရှောင်းကျန့်ရဲ့ အမေးကို Nurseက