LOVE ME , DARLING
ZAWGYI
"ကျိုးချန်...!! "
"ဟုတ် boss!"
"အခုချက်ချင်း ဝမ်ရိပေါ်ကို ငါရှေ့ ခေါ်ခဲ့စမ်း!!"
"ဟုတ် boss!"
ရှောင်းကျန့်တစ်ယောက် လက်ထဲက ဓာတ်ပုံအနည်းငယ်ကို ကြည့်ကာ ဒေါသအနည်းငယ် ထွက်လာသည်။ဘယ်နှယ့် ဒီကောင်လေး အသက်ပင်မပြည့်သေး ကျောင်းမတက်ဘဲ သူငယ်ချင်းတွေနဲ့ ဆေးလိပ်ခိုးသောက်နေတယ်တဲ့။
ငယ်ငယ်တုန်းက ဖောင်းဖောင်းလေးက လိမ္မာသလောက်
အရွယ်လေးနည်းနည်းရောက်လာတော့ မကောင်းတဲ့အကျင့်တွေတက်ကာ ဆိုးလာသည်။ရိပေါ် တစ်နှစ်အရွယ်လောက်မှပဲ ရိပေါ်အဖေနဲ့အမေက ကားမတော်တဆဖြစ်မှုကြောင့် နှစ်ယောက်စလုံး ဆုံးပါးသွားခဲ့ကြသည်။အဲ့တုန်းက ရိပေါ်က အိမ်မှာကျန်ခဲ့လို့သာ။
ဆုံးပါးသွားတဲ့ ရိပေါ်အမေက ရှောင်းကျန့်ရဲ့အမ။
အင်း ရိပေါ်နဲ့ ရှောင်းကျန့်ကတော့ တူရီးတော်စပ်ပါသည်။တစ်ဦးတည်းသော တူလေးက ငဆိုးလေးပင် ဖြစ်နေပြီ။ဒါ သူ ပြုစုစောင့်ရှောက်မှု ညံ့နေလို့များလားပေါ့။"boss!! ရိပေါ် ရောက်လာပါပြီ!"
"အင်း ကျိုးချန် အပြင်ခနထွက်နေ"
"ဟုတ် boss!"
ကျိုးချန် အပြင်ထွက်မှ ရှောင်းကျန် လက်ထဲက ဓာတ်ပုံကို ဝမ်ရိပေါ်ရှေ့ ပစ်ချပေးလိုက်သည်။
"ဒါ ဘာလဲ ဝမ်ရိပေါ်!!"
"ဘာလဲ ပုံတွေ မဟုတ်ဘူးလား"
သကောင့်သားက ပါးစပ်ထဲက ပီကေတစ်ချက်ဖောက်ကာ စကားကို ခနဲ့တဲ့တဲ့ ပြန်ပြောသည်။သူ့ ဦးလေး ဖြစ်သူကို တော်တော်ကြောက်ပုံပဲ။
"မင်း ငါ့ကို မရွဲ့ နဲ့ ရိပေါ်!! ဒါတွေကို ဘာလို့ လုပ်နေရတာလဲ! ပြီးတော့ အသက်လည်း မပြည့်သေးဘဲနဲ့!"
"အန်ကယ်လ်လေးက ကျွန်တော့်လွတ်လပ်မှု့ကို ပိတ်ပင်ချင်နေတာလား!"
"မဟုတ်ဘူး။မင်းကို ငါ မကောင်းတာလုပ်လို့ တားမြစ်နေတာ။"
"ကျွန်တော်က ဆက်လုပ်မယ်ဆိုရင်ရော!"